အကြီးအကျယ် အချေအ‌တင်ဖြစ်ပွားခဲ့တဲ့ Yang Yang နဲ့ Dilireba တို့ရဲ့ Fandom နှစ်ခု

Posted on

Yang Yang နဲ့ Dilireba တို့ဟာ You are my Glory နဲ့အတူ နှစ်ဖက်ပရိသတ်ပေါင်းများစွာဆီက ကျေနပ်အားပေးမှုများ ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်က Fandom (၂) ခုကြားမှာ အကြီးအကျယ် အချေအတင်ဖြစ်ခဲ့ပြီး အပြန်အလှန်တိုက်ခိုက်ပြောဆိုမှုတွေဖြစ်ပွားခဲ့တာကြောင့် တရားဝင် Fan Club အသီးသီးက ထိန်းချုပ်စာတွေထုတ်ပြန်ခဲ့ရပါတယ်။

ဖြစ်ပုံကတော့ Youth Periplous အစီအစဉ်မှာ Yang Yang ဟာ ပါဝင်ခဲ့ပါတယ်။ ဂိမ်းကစားတဲ့အခါ ပါဝင်ယှဉ်ပြိုင်သူတွေက မတူညီတဲ့နာမည်တွေကို ရွေးချယ်အသုံးပြုခဲ့ရပြီး Fan Cheng Cheng ဟာ Dilireba ဆိုပြီး နာမည်ယူသုံးခဲ့ရပါတယ်။ ဒါကိုပဲ ကင်မရာရိုက်ကူးသူဟာ Yang Yang ပြုံးနေတဲ့ပုံကို လှည့်ပြီးရိုက်ထည့်ခဲ့တာပါ။

ဒီကနေစတင်ပြီး ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။ Shipper တွေအတွက် ဒီလိုပြသမှုဟာ ပျော်စရာဖြစ်ပေမဲ့ သီးသန့်ပရိသတ်တွေကျတော့ ဒါဟာ အသုံးချမှုတစ်ခုဖြစ်ကြောင်း စတင်ပြောဆိုခဲ့ကြတာပါ။ You Are my Glory ဇာတ်လမ်းကလည်း ပြသပြီးဆုံးပြီးဖြစ်လို့ Yang Yang နဲ့တွဲဖက်ပြီး Reba ရဲ့ နာမည်ဖို့ ထည့်သုံးဖို့ကိုမလိုကြောင်း စတင်ငြင်းခုံခဲ့ကြပါတယ်။

ဒီလိုနဲ့ နှစ်ဖက်အနုပညာရှင်တွေကို အပြန်အလှန်တိုက်ခိုက်ပြောဆိုကြရင်း ပွဲက အကြီးကြီးဖြစ်သွားပါတော့တယ်။ ထိန်းမရတဲ့အထိ ကြီးမားသွားခဲ့တာကြောင့် ချိုင်းနားအာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုအရ တချို့အကောင့်တွေဆိုရင် အစိုးရဖက်ကနေ ပိတ်ချရတဲ့အထိကို ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပိုမိုမဆိုးရွားလာခင် Yang Yang နဲ့ Reba တို့ရဲ့ Fan Club တွေက စာထုတ်ပြန်ခဲ့ကာ ဝင်ထိန်းခဲ့ရပါတော့တယ်။

Yang Yang ဖက်က “မလိုလားအပ်တဲ့ ထိခိုက်မှုတွေ၊ ရန်ပွဲတွေကို ဦးတည်နေတဲ့အပြုအမူမှားတွေကို လုံးဝလက်မ‌ခံကြောင်း” ရေးသားခဲ့ပြီး Dilireba ဖက်ကလည်း “စကားလုံးတွေနဲ့ ထိပါးစော်ကားပြောဆိုခြင်း၊ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခြင်းအပါအဝင် မသင့်တော်တဲ့ အပြုအမူများအားလုံးကို ရှုံ့ချကြောင်း” ရေးတင်ခဲ့ပါတော့တယ်။

ဒီလိုမျိုး Fandom (၂) ခုကြားက အချေအတင်ကတော့ Zhao Liying နဲ့ Wang Yibo တို့တုန်းကလည်း အာဏာပိုင်တွေ ပါဝင်ထိန်းချုပ်တဲ့အထိ ဖြစ်ဖူးပါတယ်။။ကိုယ်မြတ်နိုးရတဲ့အနုပညာရှင်တွေကို မထိခိုက်စေဖို့ ပရိသတ်တွေအနေနဲ့လည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်နော်။

Source: Dramapanda
Photos: Studio
Translated by Ivy