Wang Yibo မပါဝင်တော့တဲ့ Day Day Up အစီအစဉ်အတွက် Fan များရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်

Posted on

Day Day Up လို့ ပြောလိုက်တာနဲ့ Wang Yibo ရဲ့ ပရိတ်သတ်တွေအတွက် တနင်္ဂနွေနေ့တိုင်းမှာ ချစ်စရာ အသွင်အပြင်လေးနဲ့ Wang Yibo ကို မြင်တွေ့ရဖို့ စိတ်အား ထက်သန်ခဲ့ကြတဲ့ နေ့ရက်တွေကို ပြန်လည် မြင်ယောင်စေမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ လူစိတ်ဝင်စား ခံရမှုတွေထဲမှာ Wang Han, Da Zhangwei နဲ့ Wang Yibo တို့ သုံးယောက်ရဲ့ စွမ်းဆောင်နိုင်မှု တွေလည်း ပါဝင်နေပါတယ်။

အားသာချက်တွေ အနေနဲ့ကတော့ Da Zhangwei ဟာ ပရိသတ်တွေရဲ့ အငွေ့အသက်ကို လွှမ်းခြုံလမ်းပြ ပေးနိုင်သူ ဖြစ်ပါတယ်။ Wang Yibo ကတော့ ပရိတ်သတ်တွေရဲ့ အာရုံကို အစဉ်အမြဲ ဖမ်းစားနိုင်ပြီး ပရိတ်သတ် အရေအတွက် တိုးပွားလာမှုကလည်း သူ့ရဲ့ အရှိန်အဝါတစ်ခု ဖြစ်နေပါတယ်။ အဲ့ဒီနောက်မှာ Wang Han က ပရိသတ်ကို စွဲကိုင်ထားနိုင်တာကြောင့် ဒီပေါင်းစပ်မှုက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောလို့ရပါတယ်။

သို့သော်လည်း Wang Yibo နဲ့ Da Zhangwei တို့ထွက်ခွာသွားတဲ့ အခါမှာ အရှိန်အဟုန်နဲ့ သွားနေတဲ့ အာရုံစိုက်ခံရမှု အများအပြားဟာ လျော့ရဲသွားခဲ့ရတာကို တွေ့ရပါတယ်။ အကြောင်းကတော့ Day Day Up အစီအစဉ်ကို ကြည့်ရှုသူများထဲမှာ အများစုဟာ Wang Yibo နဲ့ Da Zhangwei တို့ရဲ့ ပရိသတ်တွေ ဖြစ်နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်တော့ သူတို့ရဲ့ အဆင့် သတ်မှတ်ချက်နဲ့ လူကြိုက်များမှုက တကယ်ကို မြင့်မားတာကြောင့် ဒီပရိသတ်တွေရဲ့ စွမ်းအားကို လျှော့တွက်လို့ မဖြစ်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ Wang Yibo ဟာ Day Day Up အစီအစဉ်မှာ ငါးနှစ်ကြာ သံယောဇဉ်တွေနဲ့အတူ သူ့ရဲ့ ရင့်ကျက်လာမှုတွေကို ပရိသတ်များ မြင်တွေ့ခွင့် ရခဲ့ကြပါတယ်။ ဒီအစီအစဉ်ကနေ ထွက်ခွာဖို့ သူရွေးချယ်လိုက်တဲ့ အခါမှာလည်း ပရိသတ်များက သူ့ရဲ့ ရွေးချယ်မှုကို လေးစားခဲ့ကြပါတယ်။

Wang Yibo အနေနဲ့ ဒီအစီအစဉ်ကနေ ထွက်ခွာသွားတာဟာ သရုပ်ဆောင် အလုပ်ဘက်ကို ပိုမိုအချိန်ပေးနိုင်ဖို့ ရွေးချယ်မှု တစ်ခုလည်း ဖြစ်နိုင်ပြီး mtjj များကလည်း သူ့ရဲ့ ဆုံးဖြတ်ချက် နောက်ကိုသာ လိုက်ခဲ့ကြပါတယ်။ Wang Yibo ဟာ ချောမောတဲ့ မျက်နှာ၊ အရပ်ရှည်ပြီး ခန့်ညားတဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသလို သူ့ရဲ့ အသွင်အပြင်ကို မြင်ရုံနဲ့ သူ့ရဲ့ ကျက်သရေရှိမှုနဲ့ ကြိုးစား အားထုတ်မှုကတော့ ငြင်းလို့မရတဲ့အရာပဲ ဖြစ်ပါတယ်။

လက်ရှိ Day Day Up အစီအစဉ်ကလည်း ယခင်ကထက် အလွန်ကောင်းမွန် နေသေးပေမယ့်လည်း အင်တာနက်ပေါ်က ဆွေးနွေးမှုတွေမှာတော့ Wang Yibo ရဲ့ ပရိတ်သတ်များဟာ Wang Yibo မပါဝင်တော့တာကြောင့် ဒီအစီအစဉ်ကို ဆက်ကြည့်တော့မှာ မဟုတ်ကြောင်း တစ်ညီတစ်ညွတ်တည်း ပြတ်သားစွာ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu