2021 ခုနှစ်ရဲ့ အကျော်ကြားဆုံး အာရှအနုပညာရှင် ဖက်ရှင်အိုင်ကွန်များ (The Hottest Asian Celebrity Fashion Icons of 2021)

Posted on

2021 ခုနှစ်ရဲ့ အကောင်းဆုံး အချိန်များကို ဖော်ဆောင်ဖို့ Squid Game ရဲ့ နာမည်ကြီးမော်ဒယ်ကနေ စပြီး တရုတ်နိုင်ငံရဲ့ ထိပ်တန်းကြယ်ပွင့်များ အပါအဝင် ကိုရီယား အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲများအထိ CNA Lifestyle ဟာ အာရှရဲ့ အမိုက်စား အစုံကို စုစည်းထားတာကို တွေ့ရပါတယ်။

JUNG HO-YEON

Squid Game Player 067 မှသည် Louis Vuitton’s ရဲ့ တရားဝင် ကြေညာထားခြင်း မရှိတဲ့ နံပါတ် (၁) Player အဖြစ်သို့… အသက် (၂၇) နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်-မော်ဒယ် ကတော့ သွေးစွန်းနေတဲ့ အစိမ်းရောင် ဝတ်စုံကနေ တလက်လက် တောက်ပနေတဲ့ ဝတ်စုံကို ပြောင်းလဲဝတ်ဆင် လိုက်ပါပြီ။

ဒီ အိပ်မက်ဆန်လှတဲ့ ဝတ်စုံရဲ့ ဒီဇိုင်နာကတော့ Alicia Vikander ၊ Nicole Kidman နဲ့ Emma Stone တို့ကဲ့သို့ နာမည်ကျော်တွေအတွက် ဝတ်စုံများ စီစဉ်ပေးခဲ့တဲ့ နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာ Nicolas Ghesquiere ပဲ ဖြစ်ပါတယ်။ Nicolas ဟာ အောက်တိုဘာလက နာမည်ကျော် ပြင်သစ်ဘရန်းရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်ခံထားရတာပဲ ဖြစ်ပါတယ်။

EXO’S KAI

Netflix စီးရီးအသစ် New World ရဲ့ ကြယ်ပွင့် Kai ဟာ GQ UK ရဲ့ (၂၀၂၀) ခုနှစ်အတွက် Best Dressed Men အယောက် (၅၀) အတွက် ပုံဖော်ပေးထားသူဖြစ်ပြီး အစဉ်အမြဲ ပြောင်းလဲနေတဲ့ သူ့ရဲ့ ဆံပင်အရောင်များနဲ့ ခေတ်ပေါ်စတိုင်များဖြင့် ဖက်ရှင်လောကကို ခြေလှမ်းစတင် သူများအား အားပြုပံ့ပိုး ပေးနိုင်ခြင်းကြောင့် လူသိများလှပါတယ်။

ဖက်ရှင်သမိုင်းမှာ Gucci ရဲ့ ပထမဆုံး ကိုရီးယား အမျိုးသား သံတမန်အဖြစ် ရပ်တည် အခြေကျနေသူဖြစ်ပြီး Italian marque ဟာ ယခုနှစ် အစောပိုင်းက capsule collection ဖြစ်တဲ့ Kai x Gucci ကိုလည်း စတင်ဖြန့်ဖြူး ခဲ့ပါတယ်။ မကြာသေးမီက Gucci ရဲ့ Aria Campaign မှာလည်း ပါဝင်ထားသူ ဖြစ်ပါတယ်။

BLACKPINK

Lisa ကို ရှေ့တန်းတင်ထားတဲ့ Celine၊ Chanel နဲ့ ဒွန်တွဲနေတဲ့ Jennie၊ Saint Laurent နဲ့ ဆက်စပ်ထားတဲ့ Rose၊ Dior နဲ့ ချိတ်ဆက်နေတဲ့ Jisoo တို့ရဲ့ ဖက်ရှင်ပေါင်းစပ်မှု အင်အားဟာ Blackpink ရဲ့ အကောင်းဆုံး ပုံရိပ်များပဲ ဖြစ်ပါတယ်။ Best-Dressed K-pop Girl Group ကို ခန့်မှန်းရတဲ့ ဆုသာရှိခဲ့ရင် Blackpink အတွက်သာ ဖြစ်လာမှာပါ။

JACKSON WANG

အသက် (၂၇) နှစ်အရွယ် တရုတ်အခြေစိုက် အဆိုတော် တေးသံရှင် Jackson Wang ဟာ အသွေးထဲ အသားထဲကနေ ဖြစ်တည်လာတဲ့ Style တွေနဲ့ Star တစ်ယောက် ဖြစ်ပါတယ်။ Cartier, Fendi နဲ့ Armani တို့လို ထိပ်တန်းဇိမ်ခံ အမှတ်တံဆိပ်များနဲ့ ရင်နှီးကျွမ်းဝင်သူ Wang ဟာ သူတည်ထောင်ခဲ့တဲ့ Streetwear တံဆိပ်၊ Team Wang Design ရဲ့ Creative Director လည်း ဖြစ်ပါတယ်။

သူ့ရဲ့ Collection တိုင်းဟာ သူ့ရဲ့ အကြိုက်ဆုံး အရောင်ဖြစ်တဲ့ အနက်ရောင်ကနေ ဖြစ်တည်လာပါတယ်။ Wang ဟာ နိုဝင်ဘာလက GQ China’s Men Of The Year ပွဲမှာ ရဲရဲတောက်နေတဲ့ Red Suit နဲ့ ရှိုးကို လွှမ်းမိုးခဲ့ပါတယ်။

SAMMI CHENG

(၂၀၂၁) ဟာ Cheng အတွက် ကြီးမားတဲ့နှစ် ဖြစ်ခဲ့ပါတယ်။ သူမဟာ သီချင်းအယ်လ်ဘမ်အသစ် ထွက်ရှိထားပြီး Lancome ရဲ့ Ambassador ဖြစ်လာခဲ့ကာ ဟောင်ကောင် မင်းသား-ဒါရိုက်တာ Stephen Fung ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးမှာ ပါဝင်ဖို့လည်း အခွင့်အရေး ရခဲ့ပါတယ်။

ကြယ်ပွင့်တစ်ဦးရဲ့ career နဲ့ ရင်ဘောင်တန်း နေတဲ့အပြင် Instagram မှာလည်း Follower 836,000 ကျော်နဲ့အတူ ထူးခြားဆန်းကြယ်ပြီး အံ့သြဖွယ်ကောင်းတဲ့ ဖက်ရှင်လောကရဲ့ နောက်ဆုံးရသတင်းများကို ပုံမှန် update လုပ်ပေး နေပါတယ်။

G-DRAGON

ကိုရီးယားရဲ့ Best-Dressed OG အနုပညာရှင် G-Dragon ဟာ Givenchy, Balmain တို့လို ထိပ်တန်း ဖက်ရှင်ဟောက်စ်များကို အခိုင်အမာ နှစ်သက်သူဖြစ်ပြီး (၂၀၁၇) ခုနှစ်ကတည်းက Chanel ပြင်သစ်ဖက်ရှင်ဟောက်စ်ရဲ့ Ambassador ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဖက်ရှင်တံဆိပ် PEACEMINUSONE ကို ပိုင်ဆိုင်တဲ့ အသက် (၃၃) နှစ်အရွယ် သူဟာ Nike နဲ့ Collab လုပ်ထားတဲ့ Sold-out Sneaker များစွာနဲ့ စတိုင်လ်ဂယက် ရိုက်ခတ်မှုများကို ဖန်တီးနိုင်သူ ဖြစ်ပါတယ်။

Air Force 1 Para-Noise နဲ့ Para-Noise 2.0 တို့နဲ့လည်း ဂယက်ရိုက်ခဲ့ပါတယ်။ ဒီဇင်ဘာလ (၃) ရက်နေ့က နောက်ဆက်တွဲ ထွက်ရှိခဲ့တဲ့ PEACEMINUSONE x Nike Kwondo 1 Shoe ကလည်း မျက်စိတစ်မှိတ် အတွင်းမှာ ရောင်းထွက်သွားဖွယ် ရှိနေပါတယ်။

NAOMI WATANABE

ဂျပန်လူမျိုး ဘီယွန်းစေးလို့ လူသိများတဲ့ အသက် (၃၄) နှစ်အရွယ်ရှိ Watanabe ဟာ ပေါ့ပ်ဘုရင်မ အယောင်ဆောင်ကာ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ သူမဟာ Japanese S မှ 6XL အထိ အရွယ်အစားများကို သိုလှောင်ရရှိနိုင်တဲ့ အမျိုးသမီး ဖက်ရှင်တံဆိပ် Punyus ကို စတင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဟာသသရုပ်ဆောင် သူမဟာ ဂျပန်နာမည်ကျော် မဟုတ်သော်လည်း လူတိုင်းလက်ခံထားတဲ့ ခန္တာကိုယ် ယေဘုယျ ပုံသေပုံစံများနဲ့အံဝင်ခွင်ကျ ဖြစ်အောင် ကြိုးစားမယ့်အစား Watanabe ဟာ ဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့ သူမရဲ့ အသွင်အပြင်တိုင်းအတွက် ကိုးနှစ်အထိ နာကျင်မှုကို ခံယူကာ ခန္ဓာကိုယ် အကောင်းမြင်ခြင်းကို တက်ကြွစွာ ရပ်တည် အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။

XIAO ZHAN

တရုတ်နိုင်ငံရဲ့ အတောက်ပဆုံး ကြယ်ပွင့်များထဲက တစ်ဦးဖြစ်တဲ့ အဆိုတော် သရုပ်ဆောင် Xiao Zhan ကတော့ လူကြိုက်အများဆုံး အနုပညာရှင်များထဲမှ တစ်ဦးဖြစ်ပြီး Weibo မှာ Follower 29.7 သန်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အသက် (၃၀) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကြယ်ပွင့်ရဲ့ ထောက်ခံမှုအားလုံးကို မက်မောကြတဲ့ ပရိသတ်များနဲ့အတူ ဟုန်းဟုန်းတောက် ဝယ်ယူမှုတွေအတွက် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။

The Untamed မင်းသားဟာ မေလမှာ Tod’s ရဲ့ Brand Ambassador အဖြစ် လက်မှတ် ရေးထိုးခဲ့ပြီး ဒီသတင်းကို ကြေညာပြီးတဲ့ နောက်မှာ သူထောက်ခံထားတဲ့ ပစ္စည်းများရဲ့ ရောင်းချမှုဟာ ပြတ်တောက်လုနီးပါး ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ဇူလိုင်လမှာ ဆွစ်ဇာလန် နာရီ Brand ဖြစ်တဲ့ Zenith နဲ့ အောက်တိုဘာလမှာ Gucci တို့နဲ့ လက်မှတ်ရေးထိုး ခဲ့စဉ်မှာလည်း အလားတူ ဖြစ်ခဲ့ပါတယ်။

JUN JI HYUN

Jun Jihyun ကတော့ နာမည်ကျော် K-drama စီးရီး My Love From The Star မှာ Cheon Song-yi အဖြစ် သရုပ်ဆောင်ခဲ့ ပြီးချိန်တည်းက ကျော့မော့မှု အရှိဆုံး အဝတ်အစားများနဲ့ A-List မင်းသမီး တစ်ဦးအဖြစ် လူသိများ ကျော်ကြားခဲ့ပြီး အသက် (၄၀) အရွယ် သူမဟာ တောင်ကိုရီးယားရဲ့ စတိုင်အကျဆုံး မင်းသမီးတွေထဲက တစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြု ခံရသူ ဖြစ်ပါတယ်။ Jun ကို ဗြိတိန် ဇိမ်ခံတံဆိပ် Alexander McQueen မှ ယခုနှစ် အစောပိုင်းမှာ ၎င်းတို့ရဲ့ ပထမဆုံး ကိုရီးယား Ambassador အဖြစ် ရွေးချယ်ခဲ့ပါတယ်။

SIMU LIU

Simi Liu လို ခန္ဓာကိုယ်နဲ့ ဆိုရင်တော့ အဝတ်အစား ဝတ်ရတဲ့အခါ မှားယွင်းဖို့ ခက်ခဲမှာပါ။ ကနေဒါ-တရုတ် မင်းသားကြီးဟာ ခန္တာကိုယ်နဲ့ ကွက်တိကျတဲ့ Suit တွေ၊ သက်တောင့်သက်သာရှိတဲ့ ရှပ်အင်္ကျီတွေနဲ့ ပေါ့ပေါ့​ပါးပါး ဆွယ်တာတွေလိုမျိုး ယောက်ျားပီသ ချောမောတဲ့ ဂန္တဝင်ဖက်ရှင်များကို စွဲစွဲမြဲမြဲ ဝတ်ဆင်သူ ဖြစ်ပြီး ၎င်းအရာများ အားလုံးဟာ အရပ် (၆) ပေမြင့်တဲ့ သူ့ရဲ့ ခန္တာကိုယ် တည်ဆောက်ပုံကို ပြသဖို့အတွက် ပိုကောင်းတဲ့ အရာများပဲ ဖြစ်ပါတယ်။

DILRABA DILMURAT

Red-carpet Queen ဖြစ်တဲ့ အလှဘုရင်မ Dilireba ဟာ မကြာသေးမီက Elle China ရဲ့ နှစ်ပတ်လည်ပွဲမှာ သူမရဲ့ ပြောင်မြောက်တဲ့ စတိုင်နဲ့ ခမ်းနားထည်ဝါ စေခဲ့သူ ဖြစ်ပါတယ်။ သူမဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းဖက်ရှင်ဒီဇိုင်နာ Guo Pei ဖန်တီးထားတဲ့ Haute Couture ဂါဝန်ကို ဝတ်ဆင်ပြသခဲ့ပါတယ်။

ကြီးကြီးမားမား အလှဆင်ထားတဲ့ ၀တ်စုံဟာ အလွန်လေးလံပြီး တင်းကျပ်လွန်းတာကြောင့် You Are My Glory ကြယ်ပွင့်အား ကော်ဇောနီပေါ်မှာ လျှောက်လှမ်းနိုင်ရန် အကူအညီ အနည်းငယ် ပေးခဲ့ရပါတယ်။ သူမရဲ့ နှေးကွေးတဲ့ လျှောက်လှမ်းမှု အတွက်လည်း မီဒီယာများကို ချစ်စဖွယ် တောင်းပန်စကား ပြောကြားခဲ့ပါသေးတယ်။

သူမဟာ Photo Wall ဆီကို ဖြည်းညှင်းစွာလျှောက်လာနေစဉ် အနီးနားမှာရှိတဲ့ ဧည့်ကြိုနှစ်ဦးရဲ့ အကြည့်တွေက သူမရဲ့ အလှဆီက မခွာနိုင်ပဲ လျှောက်လမ်းတလျောက် လိုက်ပါကြည့်ရှုနေတာကို မီဒီယာများက သတိပြုမိခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ထိုဗီဒီယိုဖိုင်ဟာ ပျံ့နှံ့သွားခဲ့ပြီး သူမရဲ့ ညှို့ယူဖမ်းစားနိုင်မှုတွေ ပိုမိုအရာထင်ခဲ့ပါတယ်။

BTS

အဖွဲ့ဝင် (၇) ယောက်နဲ့ ဒီ K-pop Boy Band ကိုတော့ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အနုပညာရှင် များအဖြစ် အသိအမှတ်ပြုနိုင်မှာ သေချာပါတယ်။ နာမည်ကြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်း TikTok မှာ အချိန် (၃) နာရီကျော်လေးအတွင်း Follower တစ်သန်းကျော် စုဆောင်းနိုင်ခဲ့ပါတယ်။

BTS အဖွဲ့ရဲ့ စွယ်စုံရစတိုင်ဟာ မကြာသေးမီကမှ ကွယ်လွန်ခဲ့တဲ့ ဒီဇိုင်နာ Virgil Abloh ကို မျက်စိကျစေခဲ့ပြီး Abloh ရဲ့ တမူထူးခြားပြီး မြင့်မားတဲ့ Streestyle ကို ပြသဖို့အတွက် Louis Vuitton ရဲ့ Brand Ambassador များအဖြစ် အထူးတလှယ် ရွေးချယ်ခံခဲ့ရသူများ ဖြစ်ပါတယ်။

AISYAH AZIZ

သူမရဲ့ ပျော့ပျောင်းတဲ့ အသံချိုချိုလေးတွေကြောင့် လူသိများတဲ့ အဆိုတော် တေးရေး Aisyah ဟာ ဖက်ရှင်အိုင်ကွန်အဖြစ်လည်း အသိအမှတ်ပြုခံထားရသူပါ။ Valentino, Gucci, Balenciaga, Loewe, Calvin Klein, Timberland နဲ့ Onitsuka Tiger တို့ကဲ့သို့သော တံဆိပ်များနဲ့လည်း ဆက်စပ်နေကာ ၎င်းရဲ့ ကိုယ်ပိုင်ဖက်ရှင် အမိုက်စားကို တက်လှမ်းဖို့ ဆန္ဒရှိနေသူ ဖြစ်ပါတယ်။ သိသိသာသာ ကွဲထွက်နေတဲ့ ထူးထူးခြားခြား Cool Girl အသွင်အပြင်ကို ကြိုးစားပုံဖော်ထားနိုင်သူ ဖြစ်ပါတယ်။

Written : Nair Nair
Source : CNA
Photos : IG/Gucci/LV