မွေးရပ်မြေ ကိုယ်စားပြု Ambassador အဖြစ် ချီးမြှင့်ခန့်အပ်ခံရသူ Wang Yibo

Posted on

“Wind from Luoyang” ဇာတ်လမ်းတွဲဟာ လက်ရှိ လူကြိုက်များကျော်ကြားနေတာ‌ဖြစ်ပြီး Luoyang မြို့ကလည်း ပြည်တွင်းပြည်ပ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်လာနေပါတယ်။ ဇာတ်လမ်းတွဲကြောင့် နာမည်ကြီးလာခဲ့တဲ့ Luoyang မြို့ဟာ Wang Yibo ရဲ့ ဇာတိချက်ခြွေ မွေးရပ်မြေပါပဲ။

ဒီလိုမျိုး ကိုယ့်ရဲ့ဒေသကို ဇာတ်လမ်းကနေတဆင့် နာမည်ကြီးအောင် ဖန်တီးနိုင်ခဲ့တဲ့ Yibo ကို မြို့ကိုယ်စားပြု Ambassador အဖြစ် ခန့်အပ်ချီးမြှင့်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့တုန်းကပဲ “ယဉ်ကျေးမှု၊ အ‌နုပညာနှင့် နိုင်ငံခြားခရီးသွားလာရေးဌာနချုပ်” ဟာ Yibo ကို “Luoyang မြို့ ယဉ်ကျေးမှုကိုယ်စားပြု Ambassador” အဖြစ် ခန့်အပ်ချီးမြှင့်ခဲ့တာပါ။

Wang Yibo ရဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်မှုအင်္ဂါရပ်တွေဖြစ်တဲ့ ငယ်ရွယ်မှု၊ တောက်ပတဲ့အရှိန်အဝါနဲ့ ပရိသတ်လွှမ်းမိုးနိုင်မှုတို့ဟာ မြို့တော် Luoyang နဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းကို ပိုမိုမြှင့်တင်နိုင်မှာဖြစ်တာကြောင့် ကြီးမားတဲ့ရည်ရွယ်ချက်နဲ့ အခုလိုမျိုး သံတမန်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

“Luoyang မြို့နယ် ကိုယ်စားပြုသံတမန်” ဖြစ်လာတာကြောင့် နောင်ဆိုရင် Yibo ဟာ ဒေသတွင်းယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနဲ့ ရှေးခေတ်သမိုင်းကြောင်းတို့အား လူအများ ပိုမိုကျယ်ပြန့်စွာသိရှိဖို့ စွမ်းဆောင်ချက်တွေမှာ တရားဝင်ပါ‌ဝင်လာတော့မှာဖြစ်ပါတယ်။ Luoyang မြို့ကိုယ်စားပြုသံတမန်ကြီး Wang Yibo ရဲ့ စွမ်းဆောင်ချက်နဲ့ နိုင်ငံခြားသားခရီးသည်တွေကို ဆွဲဆောင်မှုအရှိဆုံး မြို့တစ်ခုဖြစ်လာဦးတော့မှာ သေချာပါတယ်။

Source: Sohu
Photos: Weibo
Translated by Ivy