နွေးထွေးတဲ့ နှလုံးသားတစ်စုံနဲ့ မမေ့နိုင်စရာ အမှတ်တရများစွာကို ဖန်တီးပေးတတ်သူ မင်းသားချော Xiao Zhan

Posted on

လက်ရှိမှာ နေ့စဉ်နဲ့အမျှ အောင်မြင်မှုတွေ တိုးပွားလာနေတဲ့ မင်းသားချော Xiao Zhan ဟာ များပြားလှတဲ့ အလုပ်ချိန်တွေနဲ့ ပြည့်နက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တခြား တိုးလာတဲ့ စီပွားရေးကြော်ငြာ ထောက်ခံမှုတွေ နဲ့အတူ အဖွဲ့သားတွေနဲ့ ရိုက်ကူးရေးတွေအပြင် ဒရမ်မာဇာ တ်လမ်းတွဲ တွေကိုလည်း ဆက်တိုက် ပုံဖော်ဖန်တီးနေသူ ဖြစ်နေပါတယ်။ သူ့ရဲ့ နောက်ဆုံးရ သတင်းတွေကို အင်တာနက်မှာ နေ့စဉ်မြင်တွေ့နေ ရတာကလည်း ပရိတ်သတ်တွေအတွက် ကျေနပ်မှု တစ်မျိုးပါပဲ။

တကယ်တော့ Xiao Zhan ဟာ အလုပ်တိုင်းကို အရမ်းအလေးထားပါတယ်။ အရည်အချင်းရှိတဲ့ သူ့အတွက် ဖျော်ဖြေရေး အဝန်းအဝိုင်းထဲကို မဝင်ရသေးဘူး ဆိုရင်တောင် ဘယ်လိုနယ်ပယ် မျိုးမှာမဆို နေလို၊လလို ထွန်းလင်းတောက်ပနေမှာ သေချာပါတယ်။ သူ့ရဲ့ စွမ်းဆောင်မှုက အရမ်းထိမိ နေတုန်းပါပဲ။ အားလုံးစိတ်တိုင်းကျခဲ့ကြတဲ့ “A Dream Like A Dream” ပြဇာတ်မှာ သူ့ခံစားချက်တွေ အပြောင်းအလဲနဲ့အတူ လူတော်တော်များများကို မျက်ရည်ကျအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ စွမ်းဆောင်မှုတွေအပေါ် သက်ကြီးရွယ်အိုတွေရဲ့ ကောင်းမွန်တဲ့ မှတ်ချက်ပေးမှုတွေလည်း ရှိခဲ့ပြီး အံ့ဩဖွယ် အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်မှု စွမ်းရည်တွေအပြင် သူ့ရဲ့ ရည်မွန်လှတဲ့ အတွင်းစိတ်ကလည်း သံသယဖြစ်စရာ မရှိပါဘူး။ လက်တွဲပြီး အလုပ်လုပ်ဖူးတဲ့ ဝန်ထမ်းတွေနဲ့ စီနီယာတွေဆီကလည်း အမြဲချီးကျူးခံရသူပါ။ သူဟာ သူ့ရဲ့ ကျော်ကြားမှု တိုးလာတဲ့အတွက် မောက်မာလာခြင်း မရှိရုံသာမက မိမိကိုယ်ကို နှိမ့်ချတတ်တဲ့ ချစ်စဖွယ်ကောင်လေးဖြစ်နေဆဲ ဖြစ်ပါတယ်။

သူ့ရဲ့ နူးညံ့မှုတွေဟာ ယခုနှစ်လယ်လောက်က အင်တာနက်ပေါ်မှာ မြင်တွေ့ခဲ့ရတဲ့ Xiao Zhan နဲ့ ကလေးငယ် ကောင်မလေးတို့ရဲ့ ဓာတ်ပုံများက သက်သေဖြစ်ခဲ့ပါတယ်။ ထိုအချိန်က အခိုက်အတန့်များကို ယခုအချိန်အထိ အမှတ်တရ ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။ ထို့နေ့က Xiao Zhan ဟာ စင်ပေါ်မှာ အစမ်းလေ့ကျင့်ဖို့ ရောက်ရှိလာစဉ် ကလေးငယ် ကောင်မလေး တစ်ယောက်က ဓာတ်ပုံရိုက်ဖို့ သူ့ဆီကို ချဉ်းကပ်ခဲ့ပါတယ်။

အစပိုင်းမှာတော့ ကလေးမလေးက Xiao Zhan နဲ့အတူ ဓာတ်ပုံရိုက်ဖို့ မျှော်လင့်ထားပေမယ့် ဒီတောင်းဆိုချက်ကို Xiao Zhan က ငြင်းဆန်ခဲ့ပြီး အစမ်းလေ့ကျင့်မှုမှာ မအားလပ်တာကြောင့် တစ်ယောက်ကို တစ်ယောက် လျစ်လျူရှုခဲ့ပါတယ်။ သိုပေမယ့် အစမ်းလေ့ကျင့်မှု ပြီးဆုံးချိန်မှာ Xiao Zhan ဘက်ကနေ ကလေးမလေးကို အစပြုကာ အလွန်နွေးထွေးစွာ ချဉ်းကပ်ခဲ့ပြီး အတူတူ ဓာတ်ပုံရိုက်ကူး ပေးခဲ့ပါတယ်။

ဒီကိစ္စမှာ Xiao Zhan ရဲ့ နွေးထွေးမှုကို တွေ့မြင်ခဲ့ရသလို ပရိတ်သတ် တော်တော်များများရဲ့ အားကျသံတွေလည်း ဆူညံခဲ့ပါတယ်။ သတင်းတွေအရ Xiao Zhan ဟာ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ တစ်စုံတစ်ယောက်က ဓာတ်ပုံရိုက်ချင်နေ သရွေ့တော့ သူကျေနပ်အောင် အစွမ်းကုန် ကြိုးစားပြ သွားခဲ့ပါတယ်။ အလွန်ကို ကြည်နူးဖွယ် မြင်ကွင်းလေး ဖြစ်ခဲ့ပြီး ဓာတ်ပုံရိုက်ပြီးနောက်မှာ Xiao Zhan ဟာ Mask ကို ပြန်တပ်ကာ ကလေးမလေးအား နှုတ်ဆက်ပြီး ခေါင်းငုံ့ထွက်ခွာ သွားခဲ့ပါတယ်။

မိန်းကလေးငယ် တစ်ဦးသာ ဖြစ်သော်လည်း ယဉ်ကျေးသိမ်မွေ့မှုကို ပြုဆဲဖြစ်ပြီး Xiao Zhan ရဲ့ ကြင်နာတတ်တဲ့ စိတ်နဲ့ ယဉ်ကျေးတဲ့ စရိုက်လက္ခဏာ အသေးစိတ်ကို ဖော်ပြနေခဲ့ပါတယ်။ ဒီဓာတ်ပုံက အနည်းငယ် ကြာနေပြီဆိုပေမယ့် ဒီဓာတ်ပုံ ထွက်လာပြီးတဲ့ နောက်မှာတော့ Xiao Zhan ရဲ့ နွေးထွေးမှုက လူတိုင်းကို တုန်လှုပ်စေခဲ့ပါတယ်။ ချစ်စရာ အမှတ်တရလေး ဖြစ်တာကြောင့် ဒီပုံလေးတွေကို ကြည့်ပြီး Xiao Zhan ရဲ့ နွေးထွေးမှုလေးတွေကို ပြန်လည်မြင်ယောင် ခံစားမိစေမယ်လို့ ယုံကြည်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu