တစ်နေ့တစ်မျိိုး မရိုးရအောင် နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ခံနေရတဲ့ Lu Han နဲ့ Guan Xiaotong တို့စုံတွဲ

Posted on

တရုတ်ဖျော်ဖြေရေး လောကရဲ့ ဒိတ်ဒိတ်ကြဲ စုံတွဲဖြစ်တဲ့ Lu Han နဲ့ Guan Xiaotong တို့ရဲ့ အချစ်ရေး ဆက်ဆံရေးကို အစပိုင်းမှာ လက်မခံနိုင်မှုများ ရှိခဲ့သော်လည်း ယခုအခါ လူအများစုဟာ ၎င်းတို့အား ကောင်းချီးပေး နေကြပြီး ၎င်းတို့နှစ်ဦးအတွက် အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းများနဲ့ သာယာတဲ့ အချစ်ရေးတစ်ခုဟာ ခိုင်မြဲတည်တံ့နေပါတယ်။

သို့ပေမယ့် သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလဟာလတွေနဲ့ မကြာခဏ တိုက်ခိုက်ခံရတုန်းပါပဲ။ မကြာသေးမီက အင်တာနက်သုံးစွဲသူ တစ်ဦးက မိန်းကလေးတစ်ဦးရဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး ထိုကောင်မလေးဟာ Lu Han အလယ်တန်း ကျောင်းတက်တုန်းက လိုက်ခဲ့တဲ့ မိန်းကလေးပဲလို့ ပြောခဲ့ပါတယ်။

အဲ့ဒီနောက် ကောလဟာလ တစ်ခုကို ချဲ့ကားချင်သူတွေရဲ့ ထုံးစံအတိုင်း ဒီကောင်မလေးက Guan Xiaotong နဲ့ ခပ်ဆင်ဆင် တူတယ်လို့ စတင်ဝေဖန်ခဲ့ ပြီးနောက်မှာ သံယောင်လိုက် ထောက်ခံသူ တော်တော်များများလည်း ရှိလာခဲ့ပါတယ်။

ထို့အပြင် Guan Xiaotong ဟာ Lu Han ရဲ့ အစားထိုးချစ်သူ ဖြစ်နေပြီလို့ ထင်ကြေးပေး ပြောဆိုလာကြပြီး အင်တာနက် အသုံးပြုသူများကြားမှာ ဆွေးနွေးမှုများ အရှိန်အဟုန် မြင့်တက်လာ ခဲ့ပါတယ်။ Lu Han ဟာ Beijing မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး တောင်ကိုရီးယားမှာ EXO အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ပြီးတဲ့ နောက်မှာတော့ သူလိုက်ခဲ့ဖူးတဲ့ မိန်းကလေးဆီက အကြိမ်ကြိမ် ငြင်းပယ်ခံရဖူးတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

ထိုအချိန်က Lu Han ဟာ ပရိသတ်များစွာရဲ့ နှလုံးသားထဲမှာ စွဲမက်ဖွယ်ကောင်းတဲ့ Idol တစ်ဦးဖြစ်နေပြီဖြစ်ပြီး ငြင်းဆိုထားတဲ့ ဝန်ခံချက်ကို ကြားသိရချိန်မှာ မိန်းကလေး တော်တော်များများက ထိုမိန်းကလေး အကြောင်းကို သိချင်ခဲ့ကြပါတယ်။

သဲလွန်စအချို့ ကနေတစ်ဆင့် ဒီမိန်းကလေးဟာ Lu Han ရဲ့ အထက်တန်းကျောင်း သူငယ်ချင်း Wei Qianya လို့ အမည်တွင်ကြောင်း အင်တာနက် အသုံးပြုသူတွေက တွေ့ရှိခဲ့တယ်လို့ ပြောဆိုလာကြပါတယ်။ ဖော်ထုတ်ထားတဲ့ ဓာတ်ပုံထဲမှာ Wei Qianya ဟာ ရေခွက်တစ်ခွက်ကို ကိုင်ပြီး အခြားတစ်ယောက်နဲ့ စကားပြောနေတာကို တွေ့ရပါတယ်။

သူမရဲ့ ဓါတ်ပုံဟာ အရမ်းကြီးတော့ ရှင်းရှင်းလင်းလင်း မရှိပေမယ့်လည်း လှပသူတစ်ဦး ဖြစ်နေတာကို မြင်တွေ့ရပါတယ်။ Wei Qianya ရဲ့ မျက်နှာကို အာရုံစိုက်ပြီးနောက် သူမနဲ့ Guan Xiaotong တို့ရဲ့ မျက်နှာသွင်ပြင်ဟာ ဆင်တူကြောင်း ဇာတ်လမ်းစ ချဲ့ကားပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုးဆုံးကတော့ Guan Xiaotong ဟာ Lu Han ရဲ့ အစားထိုးချစ်သူ ဖြစ်နေတာလား ဒါမှမဟုတ် Lu Han က ဒီလိုမိန်းကလေး ပုံစံမျိုးကို သဘောကျတာကြောင့် Guan Xiaotong ဟာ ​​အစားထိုးချစ်သူ ဖြစ်လာတာလား ဆိုပြီး ဆိုးဆိုးဝါးဝါး ချဲ့ကားပြောဆို လိုက်တာပါပဲ။

ဒီကိစ္စကို Guan Xiaotong ရဲ့ ပရိတ်သတ်များဘက်က မကျေနပ်မှုတွေ ရှိခဲ့ပြီး Wei Qianya ဟာ သာမာန်လူတစ်ယောက်ဖြစ်ကာ ယခုအချိန်မှာ သူမရဲ့ ကိုယ်ပိုင်ဘဝကို ပိုင်ဆိုင်နေပြီဆိုတာ သေချာကြောင်း ရှင်းလင်းကာကွယ် ခဲ့ကြပါတယ်။

မလိုသူတွေ ဘယ်လိုပဲ တိုက်ခိုက်ကြပါစေ Lu Han နဲ့ Guan Xiaotong တို့ကတော့ အလွန်ကောင်းမွန်တည်တံ့တဲ့ ဆက်ဆံရေးရှိကြပြီး လက်ထပ်တော့မယ်လို့တောင် ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အရေးကြီးတာကတော့ အတိတ်မှာ ဘယ်လို အကြောင်းအရာမျိုးတွေ ရှိခဲ့ပါစေ လူတိုင်းဟာ အနာဂတ်ဆီကို ရှေ့ဆက်နေကြပြီ ဖြစ်တာကြောင့် ယခုလို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းမျိုးဟာ တကယ်ကို မပြုလုပ်သင့်တဲ့ အရာဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu