Chinese Celebrity

မူလတန်းတုန်းက အင်္ဂလိပ်နာမည်‌ကို ပြောပြခဲ့ပြီးနောက် ချစ်စနိုးနဲ့ စခံနေရတဲ့ Yang Yang

မင်းသားချော Yang Yang ကတော့ ငယ်စဉ်ကတည်းက ခန့်ညားပြီးချောမောတဲ့သူပါ။ ကြည့်ကောင်းခဲ့တာကြောင့် ကျောင်းတက်စဉ်ကတည်း က သဘောကျတဲ့ကောင်မလေးတွေ အများကြီး ရှိလောက်ပါတယ်။ Yang Yang ရဲ့ ငယ်ဘဝနဲ့ပတ်သက်လို့ အားလုံးက သိချင်ကြတာဖြစ်ပြီး အခုချိန်မှာလည်း မူလတန်းကျောင်းတုန်းကသုံးခဲ့တဲ့ သူ့ရဲ့ အင်္ဂလိပ်နာမည်လေးကို ထပ်သိခွင့်ရခဲ့ပါပြီ။

မကြာသေးခင်ကမှပြသခဲ့တဲ့ “Youth Periplous 3″ ရဲ့ အပိုင်းသစ်မှာတော့ အစီအစဉ်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့အင်္ဂလိပ်နာမည်တွေကိုပြောပြခဲ့ပါတယ်။ အားလုံးကလည်း Yang Yang ရဲ့အင်္ဂလိပ်နာမည်ကို “Yang” လို့ပဲ ထင်ခဲ့ကြပေမဲ့ တကယ်တော့ တခြားနာမည်တစ်ခုဖြစ်ခဲ့ပါတယ်။

Yang Yang က “ကျွန်တော် ငယ်ငယ်ကအခေါ်ခံရတဲ့ အင်္ဂလိပ်နာမည်လေးရှိတယ်။ “Ben” လို့ ‌ခေါ်ကြပါတယ်။ ငယ်ငယ်‌တုန်းက ကျောင်းတက်တော့ ကျွန်တော့်ရဲ့မူလတန်းဆရာမက ပေးခဲ့တာပါ” ဆိုပြီး Yang Yang က ရှက်ရှက်နဲ့ပြောပြခဲ့ရှာပါတယ်။

ဒီနာမည်လည်းကြားကော Yang Di က “မင်းရဲ့ ဆရာမက တကယ်ပဲ အဲ့လိုခေါ်တာလား? ဒါမှမဟုတ် အရူးလေး (bèn) လို့ ခေါ်တာမျိုးကော မဖြစ်နိုင်ဘူးလား?” ဆိုပြီး စနေခဲ့ပါတော့တယ်။ “Ben” ဆိုတဲ့ အင်္ဂလိပ်စာလုံးဟာ တရုတ်စာလုံး “bèn” (အရူးလေး) ဆိုတဲ့ စာလုံးနဲ့ အသံထွက်တူနေတာကို သုံးပြီး Yang Yang ကို စနေခဲ့ကြတာပါ။

ခုလက်ရှိသုံးနေတဲ့ အင်္ဂလိပ်နာမည်ကတော့ “Yang” နဲ့ ဆင်တယ်လို့ ပြောခဲ့ပေမဲ့ အားလုံးက Yang Yang ရဲ့ ငယ်ငယ်ကအင်္ဂလိပ်နာမည်ကို ချစ်စနိုးနဲ့စနောက်ရင်း ပိုကြိုက်နေကြပါတော့တယ်။ ငယ်ငယ်က “Ben” လို့ခေါ်တာကိုတော့ Yang Yang ရဲ့ ပရိသတ်တွေ မှတ်စရာတစ်ခုတိုးသွားပါပြီနော်။

Source: YouthPeriplous3
Photos: Studio
Translated by Ivy