မွေးနေ့ရက်မြတ်မှာ နှင်းတွေကြားက နှင်းဆီပန်းလိုအလှနဲ့ ပရိတ်သတ်တွေရဲ့ အာရုံကို ဖမ်းစားခဲ့တဲ့ Yu Shuxin

Posted on

Yu Shuxin လို့ခေါ်တဲ့ ကောင်မလေးဟာ IQIYI ရဲ့ Survival Show Youth with You 2 ကနေ ဖြစ်တည်လာတဲ့ TH9 အဖွဲ့မှာ စတင်ဖူးပွင့်ခဲ့တဲ့ အလှပန်းလေး တစ်ပွင့်ပဲ ဖြစ်ပါတယ်။ Find Yourself, Moonlight, Chang Lanjue စသဖြင့် လူသိများတဲ့ ဇာတ်လမ်းတွဲတွေ အပါအဝင် အနုပညာ ဖန်တီးမှု များစွာနဲ့ ပရိတ်သတ် တော်တော်များများကို ဆွဲဆောင်ထားနိုင်သူ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ ဒီဇင်ဘာလ (၁၈) ရက်နေ့မှာတော့ အလှပန်းလေး အသက် (၂၆) နှစ် ပြည့်သွားခဲ့ပါပြီ။ သူမရဲ့ မွေးနေ့ဖြစ်တဲ့ အမှတ်တရနေ့လေးမှာ နှင်းတွေကြားက သူမရဲ့ အလှတွေကလည်း ပရိတ်သတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင် ခဲ့ပါတယ်။ နှင်းတောထဲမှာ Yu Shuxin ဟာ အနီရဲရဲတောက် ဂါဝန်ကို ဝတ်ဆင်ထားပါတယ်။

အနီရောင်ဟာ ပုံမှန်မြင်တွေ့နေကျ အဖြူအမည်း ဝတ်စုံတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် အရောင်ရဲ့စတိုင်က ဓာတ်ပုံရိုက်ဖို့အတွက် အထူးသင့်လျော်ပြီး ဆွဲဆောင်မှု အားကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကို Yu Shuxin ရဲ့ အလှနဲ့ ပေါင်းစပ်လိုက် ချိန်မှာတော့ ဓာတ်ပုံရိုက်ကူးမှုဟာ အထူးတောက်ပပြီး မြင်သူတိုင်းကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။

Yu Shuxin ဝတ်ဆင်ထားတဲ့ အနီရောင်ဝတ်စုံဟာ ခေတ်ဟောင်းရဲ့ အငွေအသက်နဲ့ တောက်ပတဲ့ လေထုကို ဆောင်ကြဉ်းနိုင်ရုံသာမက အသားအရေကို ပိုမိုဖြူစင်စေတာကြောင့် အာရှက အမျိုးသမီး ပရိတ်သတ်များကြား ပိုမိုဆွဲဆောင်နိုင်မှုတွေ ပေးစွမ်းခဲ့ပါတယ်။ Yu Shuxin အနေနဲ့လည်း အရောင်အသွေးပိုပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်နဲ့ အနီရောင်ဝတ်စုံကို တမင်တကာ ရွေးချယ်ခဲ့တယ်လို့ ယူဆမိပါတယ်။

သူမ,ဝတ်ဆင်ထားတဲ့ ဂါဝန်ရဲ့ silhouette ဒီဇိုင်းက ပါးလွှာတာကြောင့် လက်ရာမြောက်ပြီး ခေတ်မီမှုကို ဖော်ဆောင်ထား နိုင်ပါတယ်။ ပိတ်စကို ပုံဖော်ထားတဲ့ အခေါက်လေးတွေနဲ့ အလှဆင်မှုက ပုံသဏ္ဍာန်ရဲ့ စွဲမက်ဖွယ် တန်ဖိုးကို တိုးစေခဲ့တာ ဖြစ်ပါတယ်။ ၎င်းအနီရောင် ၀တ်စုံကို နီညိုရောင် ဆံပင်ရှည်ကောက်ကောက်နဲ့ တွဲဖက်လိုက်ခြင်းကလည်း ပိုမိုကြည့်ကောင်း စေရုံသာမက ဆွဲဆောင်မှု ကျတဲ့ ပတ်ဝန်းကျင်တစ်ခုကိုပါ ဖန်တီးပေးနိုင်ကာ ပြီးပြည့်စုံတဲ့ လှပမှုကို ဖြစ်တည်စေခဲ့ပါတယ်။

Yu Shuxin ရဲ့ ဂါဝန်ဒီဇိုင်းဟာ အလွန်ကို လက်တွေ့ကျပြီး ခါးစည်းဒီဇိုင်းကလည်း သာမန်စကတ်များထက် ပိုမိုမြင့်မားတာကြောင့် အချိုးအစားကို ပိုမိုကောင်းမွန်စေတဲ့အပြင် အထက်တန်းကျတဲ့ ခံစားချက်ကို ခိုင်ခံ့စေရုံသာမက ပင်ကိုယ်စရိုက်ကိုလည်း မြှင့်တင်ပေးနိုင်တာကို တွေ့ရပါတယ်။

ဒီလို အခြေခံကျကျ ဖန်တီးထားတဲ့ ဝတ်စုံမှာ အလှပန်းလေး Yu Shuxin ရဲ့ ချစ်စရာကောင်းမှုတွေ ပေါင်းစပ်လိုက်ချိန်မှာတော့ (၂၆) နှစ်အရွယ် နှင်းဆီပွင့် အသစ်လေးဟာ လှပသေသပ်စွာ ဖူးပွင့်ခဲ့ပါတယ်။ ပရိတ်သတ်တွေကလည်း အလှပန်းလေးရဲ့ (၂၆) နှစ်ပြည့် မွေးနေ့ကနေစပြီး နောက်ထပ် နှစ်ပေါင်းများစွာထိ ပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေနဲ့ အတောက်ပဆုံး ကြယ်ပွင့်လေးအဖြစ် လင်းလက်တောက်ပစေဖို့ ဆန္ဒပြု ဆုတောင်းပေးခဲ့ကြပါတယ်။

Written : Nair Nair
Source : Weibo
Photos : Weibo