နုပျိုကျစ်လျစ်လှပတဲ့ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးကို ကြိုးစားထိန်းသိမ်း ထားနိုင်တဲ့ Zhao Liying

Posted on

မပြောင်းလဲတဲ့ နုပျိုမှုတွေနဲ့ အလှဘုရင်မ Zhao Liying ရဲ့ ချစ်စရာကောင်းတဲ့ ဆွဲဆောင်မှုကတော့ မြင်သူတိုင်းကို အေးချမ်းစေတဲ့ ပါရမီကနေ ဖြစ်တည်လာတယ်လို့တောင် ပြောလို့ရပါတယ်။ အပြုံးလေးတွေနဲ့ ဖမ်းစားတတ်သလို သရုပ်ဆောင် အရည်အချင်းနဲ့လည်း ဆွဲဆောင်ထားနိုင်သူပါ။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ “Who is the Murderer” ဒရာမာဇာတ်လမ်းတွဲ အသစ်ကတော့ မကြာသေးမီကပဲ ထွက်ရှိခဲ့ပါတယ်။

မြင်နေကျ ပုံစံဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်မှုတွေနဲ့ နူးညံ့တဲ့ Zhao Liying ဟာ ​​ယခုဇာတ်လမ်းတွဲမှာတော့ မတူညီတဲ့ အခန်းကဏ္ဍကို စိန်ခေါ်ခဲ့ပါတယ်။ သူမရဲ့ ကွဲပြားတဲ့ လုပ်ဆောင်မှုတွေကို ပရိသတ်များက အသိအမှတ် ပြုခဲ့ကြပြီး Yingbao ရဲ့ ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေကို စောင့်မျှော်နေကြပါပြီ။ သူမဟာ ယခုနှစ် မတိုင်ခင်မှာ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းအပြင် စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရတဲ့ နေ့ရက်တွေ ရှိခဲ့ပေမယ့်လည်း Zhao Liying ရဲ့ နုပျိုလှပတဲ့ အသွင်ကိုတော့ ကောင်းမွန်စွာ ထိန်းသိမ်းထား နိုင်တာကို တွေ့မြင်နိုင်ပါတယ်။

သူမရဲ့ သွယ်လျတဲ့ ခြေလက်တွေနဲ့ ပုရွက်ဆိတ်လို ခါးကို ကြည့်လိုက်ရင် ကိုယ်ဝန်ကြောင့် (၇၂) ကီလိုထိ ပိုဝလာတယ် ဆိုတာကို ယုံကြည်ဖို့တောင် ခက်ခဲနေပါတယ်။ ဒီလိုသွယ်လျတဲ့ ခန္တာကိုယ်ကို ထိန်းသိမ်းဖို့အတွက် Zhao Liying ဟာ အစာမစားမီ စွပ်ပြုတ်သောက်တယ်လို့ သိရပါတယ်။ အစားမစားမီ ဟင်းရည် ပန်းကန်လုံးကြီး တစ်လုံးသောက်တာဟာ အစာစားချင်စိတ်ကို လျော့ကျစေရုံ သာမက အစာချေဖျက်မှုနဲ့ စုပ်ယူမှုတို့ကို မြှင့်တင်ဖို့အတွက် အူလမ်းကြောင်းအတွင်း လှုံ့ဆော်ရန် ကူညီပေးတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အစာစားချင်စိတ်ကို ပြေပျောက်စေရုံတင်မက အာဟာရပိုမို မျှတစေရန်အတွက် အစားစားတဲ့ အခါမှာလည်း အာဟာရ နည်းနည်းကိုသာ စားသုံးတဲ့ နည်းလမ်းကို ကျင့်သုံးပါတယ်။ စားတဲ့အခါမှာလည်း ကြော်ချက်ထားတဲ့ ဟင်းတွေထက် ပြုတ်ထားတဲ့ ခပ်ပေါ့ပေါ့ အစားအစားများကိုသာ စားသုံးတယ်လို့ အသေးစိတ် ပါရှိပါတယ်။

အဲ့ဒီနောက် သူမဟာ ကိုယ်အလေးချိန် လျှော့ချမှုကို ပံ့ပိုးနိုင်ဖို့အတွက် အပြေးလေ့ကျင့်ခန်း လုပ်ပြီး Black Coffee တစ်ခွက် သောက်လေ့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ခန္ဓာကိုယ်က ပိုနေတဲ့ ရေတွေကို ဖယ်ရှားပေးရုံသာမက အဆီတွေကိုလည်း ထိရောက်စွာ ချေဖျက်ပေးနိုင်ပြီး ပိန်တာကို ပိုမြန်စေပါတယ်။ ဒီလိုနည်းလမ်းတကျ ထိန်းသိမ်းထားတဲ့ အလှနဲ့ ပင်ကိုယ်အလှတို့ကို ပေါင်းစပ်ထားတဲ့ သူမရဲ့ အသွင်အပြင်​က ပြည့်စုံတယ် ဆိုတာထက်တောင် ပိုနေပါသေးတယ်။

Written : Nair Nair
Source : Sohu
Photos : Luju