Chinese Celebrity

မင်းသားချော (၄) ယောက်ကို စနောက်ဖို့အတွက် ပရိသတ်တွေ အသုံးများဆုံး “meme ပုံများ”

အချင်းချင်းရင်းနှီးကြသူတွေဆိုရင် တခါ‌တလေ ရုပ်ဆိုးဆိုးပုံတွေကိုသုံးပြီး စနောက်တတ်ကြပါတယ်နော်။ ဒီလိုစနောက်တာမျိုးက ချိုင်းနားမှာဆိုရင်လည်း တွင်ကျယ်လှပါတယ်။ သူတို့ကတော့ အချင်းချင်းတင်မကဘဲ ချစ်ရတဲ့အနုပညာရှင်တွေကိုပါ စနောက်ဖို့ အမိအရသိမ်းထားတဲ့ ပုံတွေလည်း ရှိပါတယ်။ ဒီတခါမှာတော့ မင်းသားချော (၄) ယောက်ကို စဖို့ ပရိသတ်တွေအသုံးဆုံး meme ပုံ (၄) ပုံကို ဖော်ပြပေးပါမယ်။

LiXian
အပြုံးချိုချိုနဲ့ ခန့်ချောကြီးဖြစ်တဲ့ Li Xian ကတော့ ပြည်တွင်းပြည်ပ ပရိသတ်တွေအများကြီးပါပဲ။ ဒါပေမဲ့လည်း Mask တပ်ပြီး စကင်ကဲနေတဲ့ LiXian ရဲ့ပုံကတော့ နေရာအနှံ့မှာ ပြန့်နေပါတော့တယ်။

Xiao Zhan
ထိပ်တန်းမင်းသား Xiao Zhan ကတော့ မိန်းကလေးတွေရဲ့ အိပ်မက်ထဲက ချစ်သူကောင်‌လေးပါပဲ။ လက်ရှိအချိန်ထိ ကျန့်ကောကို စချင်လာတဲ့အခါတိုင်း “The Untamed” ထဲက အာပြဲစိန်နေတဲ့ပုံကို သုံးကြတုန်းပါပဲ။

Wang Yibo
ခပ်ချေချေကောင်ချေလေး Wang Yibo ကတော့ တခါကပြောဖူးပါတယ်။ သူ ပုံတင်တဲ့အခါတိုင်း ပရိသတ်တွေက meme ပုံတွေနဲ့ စလွန်းတယ်ဆိုတဲ့အကြောင်းပါ။ တကယ်လည်း အောက်က ဆံပင်နီနီနဲ့ မီးမှုတ်နေတဲ့ ပုံကတော့ ပရိသတ်တွေရဲ့ လက်သုံးတော် meme ပါပဲ။

Deng Lun
အမြဲတမ်း ရင့်ကျက်တည်ငြိမ်ပြီး ခန့်ညားတဲ့အသွင်ဆောင်တဲ့ Deng Lun ကလည်း ပရိသတ်တွေ လက်ထဲက ပြေးမလွတ်ပါဘူး။ အစွယ်ဖွေးဖွေးနဲ့ မြေခွေးမိစ္ဆာ Deng Lun ရဲ့ ပုံက တကယ့်ကို ဟာသမြောက်စွာ သုံးနေကြစမြဲပါ။

Source: Sohu
Photos: Sohu
Translated by Ivy