Chinese Celebrity

ဖျော်ဖြေရေးနယ်ပယ်မှာ အခြေကျနေသူချင်းထံမှ စွပ်စွဲတိုက်ခိုက်ခံခဲ့ရတဲ့ Zhang Yixing

ဖျော်ဖြေရေးလောကရဲ့ထိပ်တန်းကြယ်ပွင့်များကို နေ့နေ့ညည လိုက်လံတိုက်ခိုက်နေတဲ့ မလိုသူအချို့ ရှိနေတာဟာ မကြာခဏ ဖြစ်ပေါ်နေတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ယခုတစ်ကြိမ်မှာ ဖြစ်ပေါ်ခဲ့တဲ့ Zhang Yixing ရဲ့ တိုက်ခိုက်ခံရမှုကတော့ ဖျော်ဖြေရေး နယ်ပယ်ရဲ့ ထိပ်တန်းပုဂ္ဂိုလ် အချင်းချင်းကြား မကျေနပ်မှု တွေကနေ မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ (၁၉) ရက်နေ့ ညနေပိုင်းက နာမည်ကြီး ဖက်ရှင်ဘလော့ဂါ စတိုင်လစ် တစ်ယောက်ဖြစ်သူ Xu Fengli က Zhang Yixing အဖြစ် ယူဆမိနိုင်စရာ သံသယဖြစ်ဖွယ် အချက်အလက်များနဲ့ အင်တာနက် အသုံးပြုသူများကြား ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့တဲ့ ကိစ္စရပ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ Follower (၈) သန်းကျော်ရှိတဲ့ ဖျော်ဖြေရေး နယ်ပယ်က နာမည်ကြီး တစ်ယောက်ရဲ့ Post ဟာ လူပေါင်းများစွာကို ခဏအတွင်းမှာပဲ လွှမ်းမိုးသွားခဲ့ပြီး အတင်းအဖျင်း ပြောဆိုသူများကြား မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

Xu Fengli ရဲ့ Post မှာ မျိုးရိုးနာမည် Z နဲ့စတဲ့ အနုပညာရှင်တစ်ဦးက အပျော်မယား ရွေးချယ်နေပြီး သူ့ရဲ့ ကိုယ်ပိုင်ဘဝကလည်း အလွန်ဖရိုဖရဲ ဖြစ်နေကြောင်း ဖော်ပြခဲ့ပါတယ်။ ထိုသူဟာ မြင့်မားတဲ့ ထောက်ခံချက်တွေ ရှိသော်လည်း ပြည်ပမှ တရုတ်ဆန့်ကျင်ရေး အမှတ်တံဆိပ်များကို ပံ့ပိုးပေးနေကာ နောက်ပိုင်းမှာ ၎င်းရဲ့ ဓာတ်ပုံများကို ပြင်းထန်စွာ ပြုပြင်မှုများ ပြုလုပ်ဖို့ အဖွဲ့ထဲကို တောင်းဆိုခဲ့တယ် ဆိုတဲ့ မတရား ပြောဆိုမှုများလည်း ဆက်စပ်ပါဝင်လာ ခဲ့ပါတယ်။ Post ကို တင်လိုက်ချိန် ချက်ချင်း ဆိုသလိုပဲ အင်တာနက်မှာ အာရုံစိုက်မှုတွေ များစွာ ပေါ်ပေါက်ခဲ့ပြီး Post မှာ ရည်ညွှန်းဖော်ပြထားတဲ့ အနုပညာရှင် မျိုးရိုးအမည် Zhang ဟာ လက်ရှိမှာ ရေပန်းစားနေတဲ့ အနုပညာရှင် Zhang Yixing အဖြစ် ဦးတည်တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတော့တယ်။

အဲ့ဒီနောက်မှာ Zhang Yixing ရဲ့ စတူရီယိုဘက်က ထိုကိစ္စကို ထိန်းသိမ်းဖို့အတွက် သူတို့ရဲ့ လေးနက်တဲ့ လုပ်ဆောင်မှုကို ဖော်ပြခဲ့ပါတယ်။ Zhang Yixing နဲ့ သူ့ရဲ့ စီမံခန့်ခွဲမှုအဖွဲ့မှ Xu Fengli ဖန်တီးထားတဲ့ သတင်းဟာ အဖြစ်မှန်နဲ့ လုံးဝကွဲလွဲနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထို့အပြင် ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးမှုများကို ပြုပြင်မွမ်းမံပါက Zhang Yixing ဟာ ၎င်းရဲ့ တရားဝင် အခွင့်အရေးများနဲ့ အကျိုးစီးပွားများကို ကာကွယ်ရန် ဥပဒေအတိုင်း လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း ပြတ်သားစွာ ပါရှိခဲ့ပါတယ်။

Xu Fengli ဟာ တစ်ဖက်က ပြင်းထန်တဲ့ တုံ့ပြန်မှုကို မြင်တဲ့အခါ ချက်ချင်း တောင်းပန်စာတင်ခဲ့ပါတယ်။ (၂၀၁၅) ခုနှစ်ဝန်းကျင်က Zhang Yixing ရဲ့ အဖွဲ့ဟောင်းနဲ့ မကျေနပ်ချက် ဟောင်းတွေကို အခြေခံကာ အမှန်မကန် အခြေအနေတွေကို ဖန်တီးပြီး Weibo မှာ တင်ခဲ့မိခြင်းကို Mr. Zhang Yixing အား တောင်းပန်ကြောင်း ဝန်ခံခဲ့ပါတယ်။

အဲ့ဒီနောက်မှာ Zhang Yixing ရဲ့ စတူဒီယိုက Xu Fengli ရဲ့ တောင်းပန်မှုကို “ကျွန်တော်တို့ ဖတ်ပြီးပါပြီ” လို့ လွှမ်းမိုးချုပ်ကိုင်ထားကာ တုံ့ပြန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ယခင်အဖွဲ့နဲ့ ပတ်သက်တဲ့ တိုင်ကြားစာဟောင်းများ မှန်ကန်ပါက အဆုံးထိ စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အသရေဖျက်မှု လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြပါရှိပါတယ်။ ဒီတုံ့ပြန်မှုနှစ်ခုရဲ့ သဘောထားနဲ့ စကားလုံးတွေက Zhang Yixing ရဲ့ သန့်ရှင်းစင်ကြယ်မှုကို သက်သေပြဖို့ လုံလောက်တယ်လို့ ပြောဆိုခဲ့ကြပြီး စတူရီယိုရဲ့ ဖြောင့်မှန်မှုကိုလည်း အသိအမှတ်ပြု ခဲ့ကြပါတယ်။

အားလုံးသိကြတဲ့အတိုင်း ဖျော်ဖြေရေးနယ်ပယ်မှာ Zhang Yixing ရဲ့ ပုံရိပ်ဟာ အစဉ်မပြတ် ကောင်းမွန်နေပြီး အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ အပြည့်ရှိနေပါတယ်။ ချောမောတဲ့ အသွင်အပြင်နဲ့ ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့ စွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိထားသူပါ။ ယခုဖြစ်ပေါ်ခဲ့ရတဲ့ အကြောင်းအရင်းဟာလည်း မကြာသေးမီက စတင်ဖြစ်ပေါ်ခဲ့တဲ့ Wang Leehom ရဲ့ ကွာရှင်းပြတ်စဲခြင်း နောက်ကွယ်က အရှုပ်တော်ပုံကို ဖုံးလွှမ်းသွားစေဖို့ ဖန်တီးခြင်း ဖြစ်နိုင်တယ်လို့ အင်တာနက် သုံးစွဲသူများက သုံးသပ်ခဲ့ကြပါတယ်။

Written : Nair Nair
Source : Weibo
Photos : Weibo