Chinese Celebrity

နာမည်ကြီး ကြယ်ပွင့်များရဲ့ သူတို့ကိုယ်သူတို့ သုံးသပ်ထားတဲ့ ရုပ်ရည်အဆင့် သတ်မှတ်ချက်များ

ဖျော်ဖြေရေးနယ်ပယ်ရဲ့ နာမည်ကြီး တော်တော်များများကို အင်တာဗျူးတဲ့အခါ ထူးထူးခြားခြား မေးခွန်းတွေ မကြာခဏ မေးလေ့ရှိပါတယ်။ အဲ့ဒီထဲကမှ နာမည်ကြီး အနုပညာရှင်တိုင်းနီးပါး ကြုံတွေ့ခဲ့ရတဲ့ မေးခွန်းတစ်ခု ရှိနေပါတယ်။ အဲ့တာကတော့ မိမိတို့ရဲ့ အသွင်အပြင်ကို ကိုယ်တိုင် အမှတ်ပေး အဆင့်သတ်မှတ် ရခြင်းပါပဲ။

ဒီမေးခွန်းကို ပြန်ဖြေဖို့ဆိုတာ လွယ်ကူတယ်လို့ ထင်ကောင်းထင်ရနိုင်ပေမယ့် တကယ့်လက်တွေ့မှာတော့ တကယ်ကို ခက်ခဲပြီး ချိန်ဆရခက်တယ်လို့ ဆိုပါတယ်။ ဒါဆို ကြယ်ပွင့်တွေကရော သူတို့ကိုယ်သူတို့ ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ် ဖော်ပြကြလဲ ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Zhu Yilong

Zhu Yilong ကို အသွင်အပြင်နဲ့ ပတ်သက်ပြီး မေးမြန်းထားရာမှာ Zhu Yilong က သူ့အသွင်အပြင်ဟာ သာမန်ပဲလို့ အမြဲခံစားရတယ်လို့ ပြောခဲ့ပါတယ်။ သူ့အမေရဲ့ စကားမှာတော့ သူဟာ ရိုးရိုးရှင်းရှင်းနဲ့ ရုပ်ချောသူလို့ ဆိုပါတယ်။ ဒါပေမယ့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ ခန့်ခန့်ချောချော အကိုကြီးဆိုတာကတော့ သေချာပါတယ်။

Wang Yuan

ညီငယ်လေး Wang Yuan ကတော့ ရမှတ် (၆.၅) နဲ့ အတော်လေး အန္တရာယ်ကင်းတဲ့ ရမှတ်ကို ရွေးချယ်ခဲ့ပါတယ်။ နိမ့်လွန်းတာကို ကျိုးနွံတယ်လို့ မှတ်ယူနိုင်သလို မြင့်လွန်းတာကိုလည်း မိမိကိုယ်ကို ယုံကြည်မှုရှိတယ်လို့ မှတ်ယူကြပါတယ်။ Wang Yuan ရဲ့အဖြေကတော့ အလယ်အလတ်ကျပြီး အကောင်းဆုံး အဖြေပါပဲ။

Hu Yitian

Hu Yitian ကတော့ သူ့ကိုယ်သူ (၅.၅) လို့သတ်မှတ်ခဲ့ပါတယ်။ အလှအပရဲ့တန်ဖိုးကို ဆွေးနွေးနေကြတာ ဖြစ်တာကြောင့် ပင်ကိုယ်စရိုက်နဲ့ မသက်ဆိုင်တဲ့ ကိစ္စဖြစ်ပြီး သူဟာ အပြုံးချိုချိုနဲ့ ဖော်ရွေသူဖြစ်ကာ ရုပ်ရည်အရလည်း တကယ်ကို ချောမောပြီး ဆွဲဆောင်မှုရှိသူ ဖြစ်ပါတယ်။

Guan Xiaotong

Guan Xiaotong ကတော့ သူ့ရဲ့ရုပ်ရည်အတွက် (၇.၅) ကို သတ်မှတ်ခဲ့ပါတယ်။ ဒါဟာ အတော်လေးမြင့်မားတဲ့ ရမှတ်ဖြစ်ပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့ ပုံစံကို မြင်ရတာဟာ တကယ်ကို ကောင်းမွန်တဲ့ အရာပါပဲ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ့်ကိုကိုယ် (၉) မှတ်ပေးတယ်လို့ သိရပါတယ်။ ငယ်စဉ်တည်းက အနုပညာမှာ ပါရမီရှိခဲ့သူ ဖြစ်ပြီး သရုပ်ဆောင်အရည်အချင်းကလည်း တကယ်ကိုပြည့်ဝသူပါ။

Dilireba

မင်းသမီးချော Dilireba ကတော့ သူ့ကိုယ်သူ ရမှတ် (၁၀၀) အပြည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ နံပါတ် (၃) ကို နှစ်သက်တာကြောင့် (၃) ပိုင်းခွဲပြီး သတ်မှတ်ပေးတယ်လို့ သိရပါတယ်။ Reba အနေနဲ့ ဒီမေးခွန်းကို ပျော်ရွှင်စေဖို့ သက်သက်သာ ဖြေကြားပေးခဲ့ပေမယ့် ပရိတ်သတ်တွေရဲ့ ရင်ထဲက သတ်မှတ်ချက်နဲ့ ကိုက်ညီနေမှာ သေချာပါတယ်။

Wang Yibo

ပျိုမေတို့ အသည်းစွဲ မင်းသားချော Wang Yibo အနေနဲ့ သူ့ရုပ်ရည်ကို အဆင့်သတ်မှတ် ကြည့်ဖို့ မေးမြန်းတဲ့အခါ သူ့ကိုယ်သူ (၁) မှတ်ပဲ ပေးတယ်လို့ သိရပါတယ်။ ဒါက တကယ်ကို ကျိုးနွံနှိမ့်ချလွန်းတယ်လို့ ဆိုလို့ရပါတယ်။ သူ့ရဲ့ ချောမောမှုကို ပုံဖော်ပြရမယ် ဆိုရင်တော့ လူတိုင်းနဲ့ လိုက်ဖက်ဖို့ ခဲယဉ်းတဲ့ အဖြူရောင်ဆံပင် ပုံစံနဲ့တောင် Wang Yibo က အံ့ဩစရာ ကောင်းလောက်အောင် ကြည့်ကောင်းသူပါ။

Xiao Zhan

ဆက်လက်ပြီး လက်ရှိမှာ ဒိတ်ဒိတ်ကြဲ ဖြစ်နေတဲ့ Xiao Zhan ရဲ့ နှိမ့်ချမှုတွေကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်။ The Untamed ရဲ့ ညီအစ်ကိုတွေက အရမ်းကို နှိမ့်ချတတ်သူတွေပါ။ Xiao Zhan ကလည်း သူ့ကိုယ်သူ ရုပ်ချောတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလို့ ပြောဆိုခဲ့ဖူးတာကြောင့် လူတိုင်းက သူ့ကို ပိုမိုအချစ်ပို အမွှမ်းတင်ခဲ့ကြပါတယ်။ သူကိုယ့်သူ သတ်မှတ်ခဲ့တဲ့ (၂) မှတ်က အရမ်းနည်းနေတာကြောင့် (၇) မှတ်ထိ ထိုက်တန်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Written : Nair Nair
Source : Sohu
Photos : Twt