Chinese Celebrity

ကလေးမွေးထားကြောင်း စွပ်စွဲချက်တွေနဲ့ ထပ်မံတိုက်ခိုက်ခံရတဲ့ Fan BingBing

ချိုင်းနားရဲ့ထိပ်တန်းစာရင်းဝင်မင်းသမီး Fan BingBing ဟာ အနုပညာလောကထဲကို ပြန်လည်အခြေချဖို့အတွက် တော်တော်လေး ခက်ခဲတဲ့အနေအထားဖြစ်နေပါတယ်။ ပြည်မကြီးရဲ့ လူတကာဟာ Fan BingBing ကို မျက်စိဒေါက်ထောက်ကြည့်နေကြတဲ့အပြင် မဟုတ်တမ်းတရားသတင်းတွေနဲ့လည်း ဝေဖန်တိုက်ခိုက်နေကြပြန်ပါသေးတယ်။

ဒီဇင်ဘာလကုန်ခါနီးကတည်းက BingBing ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်း သွားပုပ်လေလွင့်စကားတွေ ဆက်တိုက်ထွက်လာခဲ့ပါတယ်။ ဒါကတော့ “လင်ကောင်မပေါ်ဘဲ ကလေးတစ်‌ယောက် မွေးခဲ့တယ်” ဆိုပြီး ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းကစပြီး ချိုင်းနားရဲ့ လူမှုကွန်ယက်ပေါင်းများစွာမှာ “Fan BingBing ဟာ Nanjing မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနမှာ လင်ကောင်မပေါ်ဘဲ သားတစ်ယောက်မွေးဖွားခဲ့ပြီ” ဆိုပြီး စတင်သတင်းပြန့်လာခဲ့ပါတယ်။

အတိတ်ကအခွန်ရှောင်တဲ့ကိစ္စကြောင့် အနုပညာလောကထဲက ခေတ္တပျောက်ကွယ်ခဲ့ဖူးသူ BingBing အတွက် ဒီသတင်းမှားဟာ လွန်စွာနာမည်ပျက်လှပါတယ်။ ဒါကြောင့်မို့လို့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာပဲ Fan BingBing ရဲ့ စတူဒီယိုဖက်ကနေ သတိပေးစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

“ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး Weibo, Douban, Xiaohongshu အပါအဝင် ပြည်တွင်းသုံး Social Media platform တိုင်းမှာ BingBing နဲ့ပတ်သက်လို့ “သားတစ်ယောက်မွေးထားပြီ” ဆိုပြီး သတင်းမှားတွေ တောက်လျှောက်ပြန့်နေတယ်။  ဒီလိုမျိုး အခြေအမြစ်မရှိတဲ့သတင်းမှားတွေကို စတင်ဖြန့်ဝေသူတွေကို ပြင်းပြင်းထန်ထန်ရှုချပါတယ်” လို့ စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Fan BingBing အတွက် အခုလို ကလေးမွေးတဲ့သတင်းမှားဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

သိပ်မကြာသေးခင်ကလည်း နိုင်ငံပိုင် ဒီဂျစ်တယ်သတင်းမီဒီယာတိုက်ဟာ “Nanjing မှာ Fan BingBing ဟာ သားတစ်‌ယောက်ကို တိတ်တိတ်ပုန်းမွေးဖွား” ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ကို နာမည်ဖျက်ခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းကလည်း Studio ဖက်က အလျှင်အမြန်ဖြေရှင်းနိုင်တာကြောင့် ကိစ္စတွေပြီးသွားခဲ့ပေမဲ့လည်း အခုတခါ အလုံးအရင်းနဲ့ကို စွပ်စွဲတိုက်ခိုက်နေကြပါတော့တယ်။

Source: Weibo Studio
Photos: Weibo Studio
Translated by Ivy