Chinese Celebrity

မိန်းကလေးတွေ များစွာ မနာလိုဖြစ်ခဲ့ရတဲ့ Zhang Yixing ရဲ့ အသားအရေလှပမှု

တရုတ်ဖျော်ဖြေရေး ပလက်ဖောင်းတွေရဲ့ အောင်မြင်တဲ့ Reality Show တွေများစွာ ရှိတဲ့ထဲက Back To Field ကို (၂၀၁၇) ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး အခုဆိုရင် Season (5) အထိ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ Hunan TV ရဲ့ လူကြိုက်များတဲ့ အစီအစဉ် တစ်ခုဖြစ်ပြီး နာမည်ကြီး အနုပညာရှင် များစွာကလည်း စိတ်ဝင်တစားနဲ့ ဝင်ရောက် ပါဝင်လေ့ ရှိပါတယ်။

ဒီအစီအစဉ်မှာတော့ ရှုပ်ထွေးကျဉ်းကျပ်လှတဲ့ မြို့ပြရဲ့ အဝေးမှာ ရိုးရှင်းတဲ့ ဘဝနေထိုင်မှု ပုံစံတစ်ခုနဲ့ ဖြတ်သန်းနေကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ် အစစ်အမှန်တွေကို ပရိတ်သတ်တွေ မြင်တွေ့ခွင့် ရနိုင်ပါတယ်။ လတ်တလောမှာ ဒီအစီအစဉ်ရဲ့ ပုံရိပ်တစ်ခုကနေ အင်တာနက် သုံးစွဲသူများကြား နှီးနှောဖလှယ်စရာ အကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ကိစ္စကတော့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း အရေးပါသူဖြစ်တဲ့ Zhang Yixing နဲ့ ပတ်သတ်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။

အစီအစဉ်မှာ တစ်ညလုံး နှစ်ခြိုက်စွာ အိပ်ပြီး မနက်နိုးလာတဲ့ Zhang Yixing ကို မြင်တွေ့ခဲ့ကြရပါတယ်။ အိပ်ရာက ထလာတဲ့ Zhang Yixing ကို မြင်လိုက်ရချိန်မှာ ပရိတ်သတ်တွေကြား အချစ်တွေ ပိုခဲ့ကြပါတယ်။ မနက်ခင်း အိပ်ရာထချိန်ဟာ လူတစ်ယောက်ရဲ့ အစစ်မှန်ဆုံး အချိန်ပဲဆိုတဲ့ လူတိုင်းပြောနေကျ စကားလိုပဲ Zhang Yixing ရဲ့ မနက်ခင်းအလှဟာ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Zhang Yixing ရဲ့ အသားအရေဟာ အလွန်ဖြူစင်ပြီး စိုစွတ်နေတာကတော့ တကယ်ကို အံ့သြစရာကောင်းတဲ့ အချက် ဖြစ်ပါတယ်။ မနက်အိပ်ရာထချိန် ဖြစ်တာကြောင့် မျက်နှာက မို့အစ်ပြည့်မောက်နေတယ် ထင်ရပေမယ့် သူ့ရဲ့ တကယ့် အသားအရည် အခြေအနေကြောင့် လူတိုင်းကို စွဲဆောင်နေတုန်းပါပဲ။ အသားအရေဟာ အပြစ်အနာအဆာများ လုံးဝမတွေ့ရဘဲ အထူးသဖြင့် Camera မှာ ဘာ Effect ဘာ Filters မှ မပါတာကြောင့် သူ့ရဲ့ အသွင်အပြင်နဲ့ အသားအရေ လှပမှုဟာ ပိုမိုမြင်သာ နေခဲ့ပါတယ်။

အမျိုးသမီးတချို့က စောစောအိပ်ယာထတိုင်း ရိုးစင်းတဲ့ မျက်နှာအနေအထားကို ရောက်ရှိနိုင်ဖို့ အသားအရေ ထိန်းသိမ်းမှုတွေ လုပ်နေရပေမယ့် Zhang Yixing ကတော့ ပြင်ဆင်မှုမရှိဘဲ ဖြူစင်နူးညံ့တဲ့ အသွင်ကို ပြသနိုင်ခဲ့တာကြောင့် မိန်းကလေးများစွာရဲ့ မနာလိုတဲ့ စကားသံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အရည်အချင်းတွေ သာမက အသွင်အပြင် ပိုင်းမှာပါ အရာအားလုံး ပြီးပြည့်စုံနေတဲ့ Idol တစ်ယောက်ရဲ့ အစစ်အမှန် ပုံရိပ်တစ်ခု ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu