Chinese Celebrity

ဇာတ်ကောင်ရွေးချယ်မှုတွေကြောင့် ဘဝတဆစ်ချိုးပြောင်းလဲနိုင်ခဲ့တဲ့ ထိပ်တန်းမင်းသား (၅) ဦး

ချိုင်းနားအနုပညာလောကထဲမှာ သရုပ်ဆောင်သစ်တွေတိုးများလာတာနဲ့အမျှ နေရာတစ်နေရာမှာ အခိုင်အမာရပ်တည်နိုင်ဖို့ ပိုပြီးကြိုးစားရပါတယ်။ အနုပညာလမ်းမှာလျှောက်လှမ်းရင်း ဇာတ်လမ်းရွေးချယ်မှု မှန်ကန်သွားတာကြောင့် ဘဝတဆစ်ချိုးပြောင်းလဲခဲ့ပြီး တချက်တည်း အောင်မြင်ကျော်ကြားခဲ့တဲ့ ထိပ်တန်းမင်းသား (၅) ဦးကလည်း ရှိနေပါတယ်။

Luo Yunxi

ပရိသတ်ကြားမှာ နာမည်ရကျော်ကြားနေတဲ့ လူကြိုက်များတဲ့ မင်းသားချော Luo Yunxi ဟာ ၂၀၁၀ ကတည်းက အနုပညာလောကထဲရောက်ရှိခဲ့သူပါ။ Idol အဖြစ် ပွဲဦးထွက်ခဲ့ပေမဲ့လည်း ကံမပါလာတာကြောင့် အဆင်မပြေခဲ့ပါဘူး။ သရုပ်ဆောင်ပိုင်းကို ကူးပြောင်းလာပြီးနောက် တဖြည်းဖြည်းချင်း နာမည်ရလာခဲ့ပြီး ၂၀၁၈ “Ashes of Love” ဇာတ်လမ်းနဲ့ အချီကြီးအောင်မြင်ခဲ့ပါတယ်။

Luo Yunxi သရုပ်ဆောင်ခဲ့တဲ့ Runyu ဇာတ်ကောင်ကို ကြည့်ရှုသူတိုင်း အကြင်နာပိုခဲ့ရပြီး အားလုံးက Yunxi ကို အသိအမှတ်ပြုအားပေးခဲ့ကြပါတော့တယ်။ Yunxi ဟာ ချိုင်းနားသရုပ်ဆောင်လောကရဲ့ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်နေခဲ့ပါပြီ။

LiXian

Li Xian ကို အသည်းစွဲပရိတ်သတ်ကြီးတို့ကတော့ မင်းသားရဲ့ ဇာတ်လမ်းတွေအားလုံးကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ ၂၀၁၁ မှာ ဇာတ်ကားတစ်ခုရိုက်ကူးပြီး မင်းသားအဖြစ် ပွဲဦးထွက်ခဲ့ပြီး တော်တော်လေးလည်း အလုပ်ကြိုးစားခဲ့ပါတယ်။ ဇာတ်လမ်းပေါင်းများစွာမှာ ပါဝင်ရင်း အတွေ့အကြုံတွေယူရင်း Li Xian ဟာ အခွင့်ကြုံမယ့်အချိန်ကို စောင့်နေခဲ့ပါတယ်။

၂၀၁၉ မှာတော့ e-sports ဇာတ်‌လမ်းဖြစ်တဲ့ “Go Go Squid” မှာပဲ Han Shangyan ဇာတ်ကောင်ဟာ ပြည်တွင်းပြည်ပ ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ နေရာယူခဲ့ပါတယ်။ လက်ရှိအချိန်ထိ အောင်မြင်ကျော်ကြားနေဆဲဖြစ်ပြီး Li Xian ရဲ့ ဇာတ်လမ်းသစ်တွေကို မျှော်နေပါတယ်။

Xiao Zhan

မင်းသားချော Xiao Zhan ဟာ အဆိုတော်အဖြစ်ကနေ သရုပ်ဆောင်ပိုင်းကို ကူးပြောင်းလာခဲ့သူပါ။ နာမည်ကြီးတဲ့ဇာတ်လမ်းတွေထဲမှာ Second Lead အဖြစ် သရုပ်ဆောင်ရင်း အသိအမှတ်ပြုခံခဲ့ရတဲ့ Xiao Zhan ဟာ ၂၀၁၉ တုန်းကထွက်ခဲ့တဲ့ “The Untamed” ကြောင့် Xiao Zhan ရဲ့ သရုပ်ဆောင်ပိုင်းဟာ တဆင့်မြင့်ခဲ့ပါတယ်။

Wei Wuxian ဇာတ်ကောင်ဟာ ကမ္ဘာ့ပရိသတ်ကြီးကို လွှမ်းမိုးနိုင်ခဲ့ပြီး ဒီဇာတ်ကောင်ကြောင့်ပဲ Xiao Zhan ကလည်း ချိုင်းနား‌အနုပညာလောကရဲ့ ထိပ်ဆုံးကဦးဆောင်နေတဲ့မင်းသားတစ်လက်အဖြစ် အောင်မြင်ခဲ့ပါပြီ။

Wang Yibo

တောင်ကိုရီးယားမှာ အဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့သူ Wang Yibo ဟာ ချိုင်းနားမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသားဖြစ်နေပါပြီ။ အဖက်ဖက်က အောင်မြင်ကျော်ကြားဖို့ ကံပါလာခဲ့သူ Yibo ဟာ ၂၀၁၉ မှာတော့ “The Untamed” ထဲက Lan Zhan ဇာတ်ကောင်ကို သရုပ်ဆောင်ဖို့ဖြစ်လာခဲ့ပြီး နိုင်ငံတကာအထိ နာမည်ကြီးဖို့ အခွင့်ရခဲ့ပါတယ်။ ကြည့်ရှုသူတွေရဲ့ နှလုံးသားထဲမှာ နေရာယူခဲ့နိုင်ခဲ့တဲ့ Yibo ကတော့ အခုချိန်ထိ ‌ဇာတ်လမ်းသစ်တွေနဲ့ ဖမ်းစားထားဆဲဖြစ်ပါတယ်။

Song Weilong

အသက် ၂၂ ပဲ ရှိသေးတဲ့ Song WeiLong ကတော့ အနုပညာကံစပ်သူတဦးပါ။ ၂၀၁၆ မှာ ပထမဆုံးဇာတ်လမ်းတွဲရိုက်ကူးပြီးနောက် မြောက်မြားစွာသော ဇာတ်လမ်းတွေနဲ့ ပရိသတ်အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။

၂၀၂၀ မှာ In a Class of Her Own, Find Yourself စတဲ့ ဇာတ်လမ်းတွေနဲ့ အသိအမှတ်ပြုခံနေရချိန် တနှစ်တည်းထွက်ရှိခဲ့တဲ့ Go Ahead ထဲက Ling Xiao ဇာတ်ကောင်ဟာ Song Weilong ကို အနုပညာလောကထဲမှာ အခိုင်အမာရပ်တည်နိုင်စေခဲ့တဲ့အထိ အောင်မြင်ကျော်ကြားစေခဲ့ပါတယ်။ Jing Boran နဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဇာတ်လမ်းသစ် A League of Nobleman ကတော့ ၂၀၂၂ ထဲမှာ ထွက်လာဖို့ မျှော်လင့်နေကြတယ်။

Source: Sohu
Photos: Sohu
Translated by Ivy

Recent Posts