Chinese Celebrity

ဓနအင်အားအတောင့်ဆုံး မိသားစုနောက်ခံပိုင်ဆိုင်ထားကြတဲ့ ချိုင်းနားသရုပ်ဆောင် (၄) ဦး

အနုပညာရှင်တွေအဖြစ် လုပ်ဆောင်နေကြပေမဲ့လည်း မိသားစုနောက်ခံအင်အားက လိုလေသေးမရှိအောင် ပြည့်စုံနေပြီးသား ကြယ်ပွင့်တွေရှိကြပါတယ်။ သရုပ်ဆောင်တွေထဲမှာဆိုရင် ပြည်မကြီးရဲ့ ဓနအင်အားအတောင့်ဆုံးမိသားစုကို ပိုင်ဆိုင်ထားကြတာ ၄ ဦးပဲရှိကြပါတယ်။

Wu Xuanyi

Xiao Zhan နဲ့အတူ Douluo Continent ထဲမှာသရုပ်ဆောင်ပြီးနောက် ပြည်မကြီးရဲ့ သရုပ်ဆောင်လောကထဲမှာ တဖြည်းဖြည်း နာမည်ရကျော်ကြားလာတဲ့ မင်းသမီး Wu Xuanyi ဟာ ကုဋေကြွယ်သူဌေးအဖြစ် နာမည်ကြီးသလို သူမရဲ့ မိသားစုဟာ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ မိဘနှစ်ပါးစလုံးက အချမ်းသာဆုံးစာရင်းဝင်ဖြစ်ပြီး ကုမ္ပဏီပေါင်းများစွာပေါ်မှာ အာဏာလွှမ်းမိုးနိုင်တဲ့ ဒုတိယမျိုးဆက် ဓန‌ရှင်တွေပဲဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ Wu Xuanyi အနေနဲ့ မင်းသမီးမဖြစ်လာရင်တောင် တသက်စာထိုင်စာလို့ မကုန်တဲ့ မိသားစုအမွေကို ဆက်ခံရရှိမှာဖြစ်ပါတယ်။

Qiao Xin

မင်းသမီး Qiao Xin ကလည်း လူချမ်းသာမျိုးဆက်ဖြစ်ပါတယ်။ သူမ, စံမြန်းနေထိုင်ရာ ခြံဝန်းကျယ်ကြီးမှာဆိုရင် ကိုယ်ပိုင်ဂျက်လေယာဉ်ကွင်းတောင် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း မင်းသမီးက သူမရဲ့မိသားစုနောက်ခံအကြောင်းတွေနဲ့ပတ်သက်လို့ ငြင်းဆိုဖုံးကွယ်ထားပေမဲ့ သူမရဲ့ ကြွယ်ဝမှုကိုတော့ ဖုံးဖိလို့မရဘဲ ကုဋေကြွယ်မိဘနှစ်ပါးကို ပိုင်ဆိုင်ထားသူအဖြစ် ပရိသတ်တွေ သိထားကြပါတယ်။

Huang Zitao

အဆိုတော်၊ သရုပ်ဆောင် Tao ရဲ့ ချမ်းသာမှုကတော့ အားလုံးမျက်မြင်ပါပဲ။ အဖိုးထိုက်တန်တဲ့ ကားများ၊ နာရီများအပြင် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ မိဘအမွေအဖြစ် အပန်းဖြေခြံဝန်းကျယ်ကြီးတွေကို ရရှိထားပါတယ်။ ဖခင်ဆုံးပါးသွားပြီးနောက် ကုမ္ပဏီကိုလည်း CEO အဖြစ် ဦးစီးခဲ့တာကြောင့် အချမ်းသာဆုံးသော ဒုတိယမျိုးဆက်တစ်ဦးအဖြစ် နာမည်ကြီးပါတယ်။

Wei Daxun

ထိပ်တန်းမင်းသမီးချော Yang Mi နဲ့ Dating သတင်းထွက်ရှိထားတဲ့ Wei Daxun ကတော့ မိဘချမ်းသာမှုက ကျိကျိတက်ပါပဲ။ ဖခင်ဖြစ်သူဟာ လူသိများတဲ့ ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ပြီး မိသားစုပိုင် ကုမ္ပဏီပေါင်း ၁၈ ခု တိတိ ပိုင်ဆိုင်ထားတာကြောင့် အကယ်၍များ အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်ရင်တောင် Wei Daxun ဟာ မိဘအမွေကိုဆက်ခံပြီး အဆင်သင့်ရှေ့ဆက်ခွင့်ရှိနေတဲ့ အချမ်းသာဆုံးဒုတိယမျိုးဆက်အဖြစ်လည်း လူသိများပါတယ်။

Source: Sohu
Photos: Studio
Translated by Ivy