Chinese Celebrity

Xiao Zhan ရဲ့ ပြဇာတ်အတွက် ပန်းခြင်းနဲ့အတူ ကိုယ်တိုင်တက်ရောက် အားပေးခဲ့တဲ့ Yang Zi

ပရိတ်သတ်များရဲ့ အချစ်တော် မင်းသားချော Xiao Zhan ရဲ့ ပြည့်ဝတဲ့ အရည်အချင်းတွေနဲ့ ကြိုးစားမှုတွေ ဖြစ်တဲ့ “A Dream Like a Dream” ပြဇာတ်ကို ပေကျင်းမြို့မှာ ဖျော်ဖြေလျက်ရှိပြီး အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရတဲ့ ပရိသတ်များကို သဘာဝအတိုင်း ရင်ခုန်မှုတွေ များစွာ ပေးစွမ်းနိုင်ခဲ့ပါတယ်။

ခရစ္စမတ်နေ့မှာတော့ မီဒီယာအချို့က ပီကင်းပိုလီကဇာတ်ရုံမှာ Yang Zi ပေါ်လာတဲ့ ဓာတ်ပုံများကို ဖော်ပြခဲ့ကြပြီး Xiao Zhan ရဲ့ ဖျော်ဖြေပွဲကို ချောမွေ့စေရန်အတွက် ဆုတောင်းစကားနဲ့ ပန်းခြင်းတစ်ခုလည်း ပေးခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုဟာ အံဩဖို့ ကောင်းတယ်လို့ ပြောလို့ရပါတယ်။

Xiao Zhan ဟာ “A Dream Like A Dream” ပြဇာတ်ကို အကြိမ်များစွာ ဖျော်ဖြေခဲ့ရပြီး Patient No.5 နဲ့ ပရိတ်သတ်များကြားမှာ ချီးကျူးခံခဲ့ရသူ ဖြစ်ပါတယ်။ Xiao Zhan ဟာ ပရော်ဖက်ရှင်နယ် နောက်ခံ ကန့်သတ်ချက်များ မရှိဘဲ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းဟာ ထူးခြားတဲ့ စွမ်းအားကို ထုတ်လွှတ်နေတယ်လို့တောင် ထင်ရပါတယ်။

ယခုအချိန်မှာ Xiao Zhan ရဲ့ စွမ်းဆောင်မှုတွေက ပိုမိုပြည့်လျှံလာပြီး ဇာတ်ကောင်တွေအတွက် သူ့ခံစားချက်တွေက ပိုပိုပြီး များပြားလာနေပါတယ်။ ဒီပြဇာတ်ကလည်း သရုပ်ဆောင်လောကရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေတဲ့ သူ့ရဲ့ စိတ်နေစိတ်ထားကို ညှို့ယူပေးနိုင်ခဲ့ပါတယ်။

Yang Zi အနေနဲ့ကတော့ လွန်ခဲ့တဲ့ နှစ်ရက်က အင်တာဗျူးတစ်ခုမှာ Xiao Zhan ရဲ့ “A Dream Like a Dream” ပြဇာတ်ဟာ အလွန်ရေပန်းစားကြောင်း ပြောခဲ့ပါသေးတယ်။ သူမရဲ့ သူငယ်ချင်း အသိုင်းအဝိုင်းထဲမှာတောင် သူငယ်ချင်းတော်တော်များများက Xiao Zhan ကို ပြဇာတ်လက်မှတ် အနည်းငယ် ပို့ပေးရန် ပြောပေးဖို့အတွက် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာ Yang Zi က Xiao Zhan ဟာ သူ့ရဲ့ “A Dream Like A Dream” ပြဇာတ်ကို အချိန်ပေးပြီး လာရောက်ကြည့်ရှုဖို့ သူမကို ဖိတ်ခေါ်ခဲ့ရာမှာ သူမက ချက်ချင်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲလို့ မေးတဲ့အခါ Yang Zi ရဲ့ အဖြေက Xiao Zhan ဟာ အစားအသောက်များရဲ့ ကျသင့်ငွေများကို အမြဲရှင်းပေးတတ်ပြီး သရေစာမုန့်တွေကိုပါ စီစဉ်ပေးလေ့ ရှိတာကြောင့် ဘေးအိမ်က ရင်းနှီးတဲ့ အကိုကြီးလိုပဲ ဖက်ထုပ်အတူစားဖို့ အချိန်မရှိပေမယ့် ပန်းခြင်းလက်ဆောင်ကို ပို့ပေးရမှာ​ပေါ့လို့ ရယ်ပြုံးရင်း ပြောဆိုခဲ့ပါတယ်။

ပရိတ်သတ် အချို့ကတော့ ယခုလို လာရောက် ကြည့်ရှုမှုဟာ Xiao Zhan နဲ့ Yang Zi တို့ရဲ့ ပူပေါင်းမှု အသစ်ဖြစ်တဲ့ The Oath of Love ဇာတ်လမ်းတွဲနဲ့ ပတ်သက်နေနိုင်ကြောင်း ထင်ကြေးပေး ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ပရိတ်သတ်တွေ အချိန်အတော်ကြာ စောင့်ဆိုင်း နေခဲ့ရတာ ဖြစ်ပြီး ထုတ်လွှင့်ပြသမှု ရွှေ့ဆိုင်းခဲ့ချိန်မှာလည်း စိတ်ရှည်စွာ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြရပါတယ်။ ယခုတစ်ကြိမ်မှာရော ပရိတ်သတ်တွေ မျှော်လင့်ထားသလို ဇာတ်လမ်းတွဲနဲ့ သက်ဆိုင်မှု ရှိမရှိဆိုတာကိုတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Written : Nair Nair
Source : Sohu
Photos : Weibo