အချစ်ကို ရှာဖွေခြင်းနဲ့ ပတ်သက်ပြီး မျှော်လင့်နေကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ Yang Mi

Posted on

တရုတ်ဖျော်ဖြေရေး နယ်ပယ်ရဲ့ ထိပ်တန်းဝါရင့် မင်းသမီးချော တစ်ယောက်ဖြစ်တဲ့ Yang Mi ဟာ အချစ်နဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေမှာလည်း လူသိများသူ ဖြစ်ပါတယ်။ Hawick Lau နဲ့ လွန်ခဲ့တဲ့ (၃) နှစ်လောက်က သူမရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ပေမယ့် Yang Mi ကတော့ အချစ်ကို လုံးဝ လက်မလွှတ်သေးပုံ ရပါတယ်။

The Novoland: Pearl Eclipse ရဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ သူမဟာ “အချစ်ကို ရှာဖွေဖို့ အမြဲ မျှော်လင့်ထားတယ်” လို့ မကြာသေးမီက အင်တာဗျူး တစ်ခုမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ သို့သော်လည်း သူမအနေနဲ့ အချစ်က ထင်သလောက် အရေးမကြီးဘူးလို့လည်း ယုံကြည်ထားပြီး တကယ်တော့ ဒါဟာ ဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အရာများစွာထဲက တစ်ခုပါပဲလို့လည်း ပြောဆိုခဲ့ပါတယ်။

နှလုံးသားရေးရာ ကိစ္စများနဲ့ ပတ်သက်လာရင်တော့ Yang Mi ဟာ အချစ်ကို ရှာဖွေရာမှာ အလွန်လှပ အေးစက်တဲ့ သဘောထားရှိကြောင်း ဝန်ခံထားပါတယ်။ “အရမ်းကြီးတော့ အားထုတ်မနေသင့်ပါဘူး။ ဒါဆို ဒါအကုန်လုံး အလကား ဖြစ်သွားနိုင်လား။ ကျွန်မ အမြဲခံစားမိနေရတာကတော့ တမင်လုပ်ယူ ဖန်တီးလိုက်ပြီး သဘာဝအတိုင်း ဖြစ်တည်လာတာ မဟုတ်ရင် အချစ်က အရသာ ပြောင်းသွားလိမ့်မယ်” ဆိုတဲ့ Pearl Eclipse ထဲမှာ Hai Shi အနေနဲ့ သူမပြောခဲ့တဲ့ စကားတွေဟာ လတ်ဆတ်တဲ့ လေကို ရှုရှိုက်မိသွား သလိုပါပဲ။

တဇွတ်ထိုး လုပ်တတ်တဲ့ အနေအထားကို လက်တွေ့ဘဝမှာလည်း အတုယူ ကြိုးစားဖို့ မျှော်လင့်နေပုံ ရပါတယ်။ “အရင်က ရိုက်ကူးရေး အခန်းတွေမှာပဲ ဖြစ်ဖြစ်၊ လက်တွေ့ဘဝမှာပဲ ဖြစ်ဖြစ်၊ ကျွန်မဟာ အတော်လေးကို ရူးသွပ်တဲ့သူ တစ်ယောက်ပါ။ လူတစ်ယောက်ကို လိုက်ဖို့ ခြေလှမ်းစတာမျိုး မလုပ်ပါဘူး။ အထူးသဖြင့် ကျွန်မဘဝမှာ မဖြစ်နိုင်လောက်ဘူးလို့ ခံစားရတဲ့ ကိစ္စမျိုးမှာ ဆိုရင်ပေါ့။

အမှန်တကယ်တော့ ဒီဇာတ်ကောင်က ကျွန်မကို ​အသစ်အသစ်တွေကို စမ်းကြည့်ဖို့၊ တက်ကြွစွာ လိုက်ဖို့နဲ့ ဘယ်လိုမျိုး လေးနက်စွာ ချစ်ရမလဲ ဆိုတာကိုပါ မြင်နိုင်စေဖို့ ကိစ္စရပ်တွေကို အမြင်သစ်တွေနဲ့ မြင်နိုင်အောင် ဖန်တီးပေးခဲ့ပါတယ်။” လို့ သူမရဲ့ ခံစားချက်ကိုလည်း ရင်ဖွင့်ခဲ့ပါတယ်။

Written : Nair Nair
Source : Dpanda
Photos : Cinfo