Chinese Celebrity

ကြယ်ပွင့်တစ်ဦးဖြစ်ရတာ မွန်းကြပ်ကြောင်း ပရိသတ်များထံ ရင်ဖွင့်ပြောဆိုဖူးတဲ့ Zitao

Huang Zitao ကတော့ အနုပညာလမ်းမထက်မှာ တကိုယ်တော် တောက်ပစွာနဲ့ရှေ့ဆက်နိုင်သလို ကုမ္ပဏီကအနုပညာရှင်တွေကိုလည်း‌ ရှေ့ဆောင်နိုင်ပါတယ်။ တခါတရံမှာတော့ ကြယ်ပွင့်တစ်ဦးဖြစ်ရတာကြောင့် ပင်ပန်းတဲ့ဒဏ်တွေကိုလည်း Tao တစ်ယောက် ခံစားမိမှာပါ။ ဒီလိုအချိန်တွေဆိုရင် သူ မြတ်နိုးရတဲ့ပရိသတ်များထံ ရင်ဖွင့်ပြောဆိုလေ့ရှိပါတယ်။

တခါကတော့ သူ့ရဲ့ ပင်ပန်းလှတဲ့နေ့ရက်တွေကို Weibo မှာ ပြောပြခဲ့ဖူးပါသေးတယ်။ Tao က “ကျွန်တော် ပင်ပန်းပြီးတော့ စိတ်တွေရှုပ်ထွေးတတ်ပါတယ်။ တခါတလေ အသက်ရှူလို့တောင် မဝသလိုပါပဲ။ ရိုက်ကူးရေးတွေ ဆက်တိုက်လုပ်ရပေမဲ့လည်း အနားယူချင်ကြောင်း မပြောရက်ခဲ့ပါဘူး။ အဖွဲ့သားတွေက ကျွန်တော့်ကို စောင့်ရင်း အလုပ်အကိုင်မပျက်စေချင်ပါဘူးလေ။

အကတွေ ဆက်တိုက်လေ့ကျင့်ရင်း ကောင်းကောင်းမလုပ်နိုင်မှာကိုလည်း စိုးရိမ်ပူပန်မိတယ်။ ကျွန်တော်ဟာ နေ့စဉ်ရက်ဆက် အလုပ်တွေလုပ်ရပေမဲ့ အမှန်အတိုင်း ရိုးရိုးသားသားပြောရရင် ဘာမှကို လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ အနားယူပစ်လိုက်ချင်တယ်။ ကြယ်ပွင့်တစ်ဦးဖြစ်နေရတဲ့ဘဝက ငြီးငွေ့ဖို့ကြောင်းပါတယ်။ အိမ်ကိုလည်း မပြန်နိုင်သလို အားလပ်ရက်ဆိုတာမျိုးလည်း မရှိပါဘူး။

ဘယ်နေ့ရောက်လို့ရောက်နေမှန်းမသိအောင်ကို မအားလွန်းတော့ ဖိအားတွေသိပ်များပြီး အသက်ရှူမဝသလိုပါပဲ။ ပရိသတ်တွေကိုလည်း ကျွန်တော့်ရဲ့ ပင်ပန်းမှုတွေအကြောင်း မပြောပြချင်ပေမဲ့လည်း တခါတရံတော့လည်း ခဏလောက်တော့ ပျောက်သွားချင်မိတယ်။ စိတ်လိုလက်ရနဲ့ဘာမှမလုပ်ဘဲ နားပစ်လိုက်ချင်တာမျိုးပေါ့။ ကျွန်တော်က ဒါမျိုးတွေ ပြောတဲ့အခါ လူတချို့က ‘မင်းက အနုပညာရှင်ပဲလေ.. ဒီလောက်တော့ သည်းခံရမှာပေါ့’ လို့ ပြောကြမှာပဲ။

ကျွန်တော်သိပါတယ်။ ကျွန်တော် နေ့တိုင်းလည်းသည်းခံရင်း ရှေ့ဆက်နေပါတယ်။ ဒီတိုင်းလေးပဲ ထွက်ပေါက်ရချင်မိရုံပါ။ စိတ်မွန်းကြပ်မှုတွေကို ဖြေဖျောက်နိုင်ချင်းမရှိတဲ့ခံစားချက်က နည်းနည်းတော့ နာကျင်ရသားပဲနော်။ ကျွန်တော့်ရဲ့ ဘဝကြီးကို ပြန်ကြည့်တဲ့အခါ ငရဲမှာ နေနေရတာနဲ့ ဘာမှမခြားသလိုပဲ။ ပရိသတ်ကြီးတို့ထင်နေသလောက်ကို ပျော်ရွှင်ခြင်းမရှိတဲ့ လူတစ်ယောက်ဖြစ်နေပါတယ်။ ဒီလိုတွေပြောလို့ ကျွန်တော်က ပျော့ညံ့တဲ့သူတော့ မဟုတ်ပါဘူး။

စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာလေးကြောင့်ပါပဲ။ အားလုံးကို စိတ်ပူစေမိလို့တောင်းပန်သလို ကျွန်တော့်အတွက်လည်း ပိုပြီး စိတ်မကောင်းဖြစ်မိပါတယ်” လို့ ရင်ဖွင့်ခဲ့ဖူးရှာပါတယ်။ EXO အဖွဲ့ကနေ ၂၀၁၅ တုန်းက ထွက်ခွာခဲ့ပြီးနောက် တရုတ်မှာပဲ တကိုယ်တော်အနုပညာရှင်ဖြစ်လာသူ Tao ဟာ အရာရာတိုင်းကို ကိုယ်တိုင်ဦးစီးနေရတာကြောင့် ပင်ပန်းမိရှာမှာပါပဲ။ ပြောရရင် အနုပညာရှင်အဖြစ် ပွဲဦးထွက်ခဲ့တာ ၁၀ နှစ်ပြည့်ပြီးခဲ့ပါပြီ။ ရှေ့လျောက် ပင်ပန်းမှုတွေရှိခဲ့ရင်တောင် မျိုသိပ်မထားဘဲ ပရိသတ်တွေထံ ပွင့်ပွင့်လင်းလင်း မျှဝေပြီး ရင်ဖွင့်နိုင်ဖို့ မျှော်လင့်ပါတယ်‌နော်။

Source: StarsNews
Photos: Studio
Translated by NayChi