Korean Celebrity

Pet Lover ဖြစ်ပေမဲ့ တစ်ကောင်မှမမွေးဖြစ်သေး‌တဲ့ အကြောင်းအရင်းရှိနေပြန်တဲ့ Jimin

BTS အဖွဲ့ရဲ့ Jimin လေးကတော့ နွေးထွေးနူးညံ့တဲ့နှလုံးသားပိုင်ရှင်လေးဖြစ်တာကြောင့် တိရိစ္ဆာန်လေးတွေကိုလည်း တော်တော်လေးချစ်တတ်ပြန်ပါတယ်။ ဒါပေမဲ့လည်း သူကိုယ်တိုင် အိမ်မွေးတိရိစ္ဆာန်မမွေးဖြစ်တဲ့အကြောင်းအရင်းလေးကလည်း ရှိနေပြန်ပါတယ်။ နောက်ကွယ်ကအကြောင်းအရင်းလေးကိုတော့ Vlive လွှင့်ရင်း ပြောပြခဲ့တာဖြစ်ပြီး အကောင်လေးတွေပေါ်ကိုတောင် တွေးပေးတတ်လွန်းနေပြန်ပါတယ်။

Live လွှင့်နေတုန်း ပရိသတ်တစ်‌ဦးကနေပြီး အိမ်မွေးတိရိစ္ဆာန်မွေးဖို့ စိတ်ကူးဖူးလားဆိုပြီး မေးခဲ့ပါတယ်။ ဒါကိုမြင်တော့ Jimin က “ကျွန်တော်လေ အချစ်တော်လေးတွေ မွေးကြည့်ဖို့ တကယ်တွေးဖူးတယ်။ ကျွန်တော်က တိရိစ္ဆာန်လေးတွေကို ချစ်တတ်တော့ မွေးကြည့်ချင်တယ်ပေါ့နော်။ မင်းတို့လည်း သိမှာပါ.. ကျွန်တော်က ကြောင်လေးတွေ၊ ခွေးလေးတွေဆိုရင် တအားကို ချစ်တာ။

ဒါပေမဲ့ ကြောင်လေးတွေမွေးဖို့ကျတော့ ကျွန်တော့မှာ အလက်ဂျစ်ရှိတယ်။ ကြောင်မွှေးနဲ့မတည့်တဲ့ တော်တော်ပြင်းထန်တဲ့ အလက်ဂျစ်ရှိတော့ ကြောင်လေးတွေမွေးဖို့တော့ မဖြစ်နိုင်ပါဘူး။ ခွေးလေးတွေကိုလည်း သိပ်ချစ်တာပဲ။ ဒါပေမဲ့ အခုလောလောဆယ် ခွေးလေးတွေမွေးရင် သေချာဂရုစိုက်ပြီး တာဝန်ယူပေးနိုင်မှာမဟုတ်သေးဘူး။ ကျွန်တော်က အလုပ်တွေသိပ်များတော့ ခွေးလေးသာမွေးလိုက်ရင် သူတစ်ကောင်တည်း အထီးကျန်နေရှာမှာ။

ကျွန်တော်မရှိတဲ့အချိန် ခွေးလေးတွေကို စောင့်ရှောက်ပေးဖို့ လူကလည်းမရှိဘူး။ ဘူဆန်က မိဘတွေဆီပို့ထားပြီး စောင့်ရှောက်ခိုင်းရင်လည်း မဟုတ်သေးပြန်ဘူး။ မွေးတုန်းကမွေးထားပြီး သူတို့လေးတွေကို မပျော်မှာ၊ အထီးကျန်မှာကို စိုးရိမ်တယ်။ ဒီတော့ သေချာဂရုစိုက်နိုင်ပေးနိုင်မယ့် အသက် ၄၀/ ၅၀ လောက်ဆိုရင်တော့ ခွေးလေးတစ်ကောင်လောက် မွေးနိုင်လောက်ပါတယ်” ဆိုပြီး ဖြေသွားခဲ့ပါတယ်။

Jimin လေးကတော့ သေချာဂရုစိုက်နိုင်တဲ့အချိန်မှသာ ခွေးလေးတစ်ကောင်လောက် မွေးဖြစ်မယ်ထင်ပါတယ်နော်။ အခုလောလောဆယ်တော့ အဖွဲ့ဝင်တွေရဲ့ အချစ်တော်လေးတွေကိုပဲ Jimin တစ်ယောက် သဘော‌တွေကျပြီး ပုံချစ်နေပါတော့တယ်။

Source: SBSstar
Photos: Pinterest
Translated by Ivy