Korean Celebrity

(၂၉) နှစ်ပြည့် မွေးနေ့မှာ သီချင်းသစ်နဲ့အတူ Dance Challenge လုပ်ခဲ့တဲ့ BTS’s Jin

December (4) ရက်နေ့ကတော့ BTS ရဲ့ အကြီးဆုံးအဖွဲ့ဝင် Jin ရဲ့ ၂၉ နှစ်ပြည့်မွေးနေ့ဖြစ်ပြီး ကမ္ဘာတဝှမ်းက ပရိသတ်အများအပြားဟာ မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။ Jin ကလည်း အထူးအနေနဲ့ Trot သီချင်းသစ် “Super Tuna” ကို ထွက်ရှိပေးခဲ့ပါတယ်။ လူကြီးကြိုက်သီချင်းအမျိုးအစားဖြစ်တဲ့ Trot အမျိုးအစားနဲ့ BTS’s Jin က surprise တိုက်ချလိုက်တာဖြစ်ပါတယ်။

V Live လုပ်ရင်း Jin က သီချင်းလေးအကြောင်းပြောပြခဲ့ပါသေးတယ်။ Pledis Entertainment ရဲ့ producer တစ်ဦးဖြစ်သူ Bumzu နဲ့တွဲဖက်ဖန်တီးခဲ့တာဖြစ်ပြီး “Abyss” သီချင်းကတည်းကတိုင် လက်တွဲလုပ်ဖူးတဲ့ ထုတ်လုပ်သူလည်းဖြစ်ပါတယ်။ “Super Tuna” ကတော့ September လတုန်းက Jin ဟာ ငါးမြှားခရီးထွက်ခဲ့ပြီး အဲ့တုန်းက အမှတ်တရတွေကို ပြောပြထားတာဖြစ်ပါတယ်။

Trot သီချင်းဆိုတဲ့အတိုင်း “Super Tuna” သီချင်းထဲမှာ Jin ရဲ့ လှပထူးခြားတဲ့ အသံကာလာအပြင် Trot သီချင်းကို ဆန်းသစ်သီဆိုနိုင်စွမ်းရှိတဲ့ Jin ရဲ့ အရည်အချင်းကို နားဆင်ရမှာဖြစ်ပါတယ်။ Kpop Idol တစ်ဦးအနေနဲ့ Trot သီချင်းကို သီဆိုနိုင်တာဟာ စိန်ခေါ်မှုတစ်ခုလို့တောင် တင်စားလို့ရနိုင်ပါတယ်။

“Super Tuna” အတွက် “album photo” ကလည်းလည်းပဲ တောက်တောက်ပပ နေရာရှုခင်းမှာ Jin တစ်ယောက် ငါးမြှားနေတဲ့ပုံလေးပါ, ပါ‌ဝင်ပါတယ်။ ငါးမြှားခြင်းက Jin အနှစ်သက်ဆုံးဝါသနာတစ်ခုဖြစ်တာကြောင့် သီချင်းလေးက လိုက်ဖက်မှုတွေဖြာထွက်နေတာပါ။ “Super Tuna” အတွက် ရီစရာကောင်းတဲ့ ကကွက် Viedo လည်းထုတ်ပေးထားတာဖြစ်လို့ လိုက်ကကြည့်ရင်း အပန်းဖြေနိုင်ကြပါစေနော်။

Source: Soompi
Photos: BigHit
Translated by Ivy

Recent Posts