Korean Celebrity

Jisoo, Jennie, Rosé တို့ဟာ သူမဘဝအတွက် ဘယ်လောက်အရေးပါသလဲဆိုတာ ပြောပြခဲ့တဲ့ Lisa

BLACKPINK အဖွဲ့ဟာ ခုချိန်မှာ Korea မှာတင်မကဘဲ ကမ္ဘာနဲ့ချီမသိသူမရှိကျော်ကြားနေတဲ့ girl group ဖြစ်ပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေက မသေးလှပါဘူး။ Korea ရဲ့ ဒိတ်ဒတ်ကြဲ အေဂျင်စီ YG မှ မွေးထုတ်ပေးလိုက်တာကြောင့် အပြစ်ပြောစရာမရှိအောင် တော်နေတာဖြစ်ပါတယ်။

သူများတွေလို ခဏလေးနဲ့ လေ့ကျင့်ရေးဆင်းခဲ့တာမဟုတ်ဘဲ နှစ်နဲ့ချီ အတူတကွ အခက်အခဲတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါကြောင့် Jisoo, Jennie, Rosé, Lisa တို့ကြားက သံယောဇဉ်က အရမ်းခိုင်မာပါတယ်။ အငယ်ဆုံးလေး Lisa ကလည်း သူမဘဝမှာ Blackpink အဖွဲ့ဝင်တွေဟာ ဘယ်လောက် အရေးပါကြောင်း Radio show အစီအစဉ်တစ်ခုမှာ ခုလို ထုတ်ပြောဖူးပါတယ်။

သူမရဲ့ solo album “MV” ရိုက်တုန်းကဆို member တွေအကုန်လုံးက ကိုယ်ပိုင် schedule တွေပြည့်နေတဲ့ကြားက ရိုက်ကွင်းကိုလာလည်ပြီး သူမကို အားပေးပါတယ်တဲ့။ Rosé ဆိုရင် တညလုံးမအိပ်ဘဲ စောင့်ကြည့်ပေးခဲ့ဖူးပါတယ် လို့သိရပါတယ်။ နောက်ပြီး Jennie ဆီက MV မှာ ဝတ်ရမဲ့ outfit တွေအတွက် Fashion idea တွေရခဲ့ပါတယ်တဲ့။

Jisoo ဆိုရင်လည်း ရိုက်ကွင်းကို ခဏခဏလာလည်ပြီး သူမ stress တွေ ပြေအောင် ဟာသတွေလုပ်ပြကြောင်းဆိုပါတယ်။ဒါကြောင့် သူ့အတွက် unnie (3) ယောက်လုံးဟာ လုပ်ဖော်ကိုင်ဖက်၊ Team member သဘောမျိုးထက် မိသားစုလိုမျိုး ခံစားရကြောင်း၊ တကယ့်ညီအမအရင်းတွေလိုမျိုး ချစ်ကြောင်း ပြောပြခဲ့ပါတယ်။

BLACKPINK အဖွဲ့ဝင်တွေဟာ အရမ်းအောင်မြင်ပေမဲ့ မာနမကြီးဘဲ ခုလိုချစ်ချစ်ခင်ခင်ရှိကြတာ ကြည်နူးစရာပါဘဲနော်။ Solo activities တွေလုပ်နေရပေမဲ့ တစ်ဦးကို တစ်ဦး support ပေးကြတာလည်း တကယ်ချစ်စရာပါ။

Source: Koreaboo
Photo Credit: Koreaboo
Written: Violet