Korean Celebrity

ပထမဆုံးရင်သွေးလေးကို လောကကြီးထဲ ကြိုဆိုခဲ့ပြီဖြစ်တဲ့ BIGBANG’s Taeyang နဲ့ Min Hyo Rin

ကိုရီးယားအနုပညာလောကထဲက နာမည်ကြီးစုံတွဲဖြစ်တဲ့ Big Bang’s Taeyang နဲ့ Min Hyo Rin တို့ဟာ ၂၀၁၈ ခုနှစ်တုန်းက ရွှေလက်တွဲကာ လက်ထပ်ပွဲကြီး ဆင်မြန်းခဲ့ကြပါတယ်။ အိမ်ထောင်သက်တမ်း ၄ နှစ်နီးပါး ကြာမြင့်ခါနီးမှာပဲ ပြီးခဲ့တဲ့ September လတုန်းကမှ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်တွေထံ သတင်းကောင်း ပါးခဲ့ကြတာပါ။

December 6 ရက်နေ့မှာတော့ အနုပညာသတင်းဌာနဖြစ်တဲ့ Hankook Ilbo ဖက်ကနေ Taeyang နဲ့ Hyo Rin တို့ဟာ ပထမဆုံးရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားသန့်စင်နိုင်ခဲ့ပြီဖြစ်ပြီး သားဦးလေးဖြစ်ကြောင်းကို သတင်းကောင်းထုတ်ပြန်ခဲ့ပါတယ်။

Taeyang ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ကလည်း “Taeyang ရဲ့ ဇနီးဖြစ်သူ မင်းသမီး Min Hyo Rin ဟာ မကြာသေးခင်တုန်းကပဲ ကျန်းမာသန်စွမ်းတဲ့ သားဦးရတနာလေးကို မွေးဖွားသန့်စင်ခဲ့ပြီဖြစ်ပါတယ်” ဆိုပြီး အတည်ပြုရင်း ဂုဏ်ပြုပေးခဲ့ပါတယ်။ BIGBANG အဖွဲ့ဝင် Taeyang နဲ့ Min Hyo Rin တို့က 2014 ခုနှစ်တုန်းက Taeyang ရဲ့ သီချင်း “1AM” ရိုက်ကူးရေးမှာ ပထမဆုံး တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၈ ဖေဖော်ဝါရီလမှာ လက်ထပ်ခဲ့ကြပါတယ်။

တကယ်ကို ချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးအတွက် အိမ်ထောင်သက် အတော်ကြာခါမှ ပထမဆုံး သားဦးလေးကို မွေးဖွားနိုင်ခဲ့ပြီဖြစ်လို့ ပျော်နေကြမယ်ထင်ပါတယ်။ ဖေဖေနဲ့မေမေ အဖြစ် ရာထူးတက်သွားတဲ့ Taeyang နဲ့ Min Hyo Rin တို့ကို ဂုဏ်ပြုလိုက်ပါတယ်နော်။

Source: Soompi
Photos: Soompi
Translated by Ivy