Korean Celebrity

Acc စစဖွင့်ချင်း အလင်းထက်မြန်တဲ့နှုန်းနဲ့ Follower တွေ တက်ခဲ့တဲ့ BTS အဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင် IG acc များ

ကမ္ဘာကျော် Boy Band တစ်ခုဖြစ်တဲ့ BTS အဖွဲ့ဟာ social media တွေနဲ့ ပက်သက်လို့ Company က ဖွင့်ထားတဲ့ official acc တွေသာ ရှိပါတယ်။ Instagram မှာဆို @bts.bighitofficial ဆိုတဲ့ acc သာရှိပြီး follower က 53.5 M ရှိပါတယ်။

သေချာပြောရရင်တော့ အဖွဲ့ဝင်တွေမှာ ကိုယ်ပိုင် acc ဆိုတာမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေ့ December 6 ရက်နေ့ နေ့လည်မှာ အဖွဲ့ဝင် ခုနှစ်ယောက်လုံးရဲ့ ကိုယ်ပိုင် Instagram acc တွေပေါ်လာခဲ့ပါတယ်။ Blue mark ပါ ရရှိထားတဲ့အတွက် acc အစစ်ဆိုတာ သေချာသွားပြီး ကမ္ဘာတဝှမ်းက ပရိတ်သတ်တွေဟာ အလုအယက် follow လုပ်နေကြပါတယ်။

ဒါကြောင့် Follower တက်နှုန်းက တကယ် ကြောက်စရာပါ။ နာရီပိုင်းနဲ့တင် 3.5 million follower ရှိနေပါပြီ။ ဒါဟာ သာမာန် Celebrity တစ်ယောက် နှစ်တွေအကြာကြီး ဖွင့်ထားတဲ့ account ရဲ့ follower အရေအတွက်နဲ့ ညီမျှပါတယ်။ Asia Cele Bar ပရိတ်သတ်ကြီးလည်း follow လို့ ရအောင် BTS အဖွဲ့ဝင်တွေရဲ့ acc တွေကို ဖော်ပြပေးလိုက်ပါတယ်။ လောလောဆယ်တော့ သူတို့က ပုံတစ်ပုံစီ တင်ထားကြပါတယ်။

  • (1) RM

  • (2)Jin

  • (3) Suga

  • (4)J-Hope

  • (5)Jimin

  • (6)V

  • (7)Jungkook

Source: Instagram
Written:Bora