Korean Celebrity

ယခုနှစ်အတွက် ဖက်ရှင်​လောကရဲ့ “Icon of the Year” အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ BLACKPINK

အမျိုးသမီး​တွေအတွက် ဘဝ​နေထိုင်မှုပုံစံ မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Elle Korea က သူတို့ရဲ့ ၂၀၂၁ ခုနှစ်အတွက် “Year-End Summary Adieu” ကို ဒီဇင်ဘာလ ၆ ရက်​နေ့မှာ ထုတ်ပြန်​ကြေငြာလိုက်ပါတယ်။ “Year-End Summary Adieu” ဆိုတာက​တော့ ယခုနှစ်ထဲမှာ ဖက်ရှင်​လောကကို လွှမ်းမိုးခဲ့တဲ့ ထိပ်တန်း ဖက်ရှင်ဒီဇိုင်းနာ​တွေနဲ့ ကိုရီးယားအနုပညာရှင်​တွေကို ​​လေ့လာဆန်းစစ်ပြီး ​ဖော်ပြထားတဲ့ စာရင်းပဲဖြစ်ပါတယ်။

Elle Korea ရဲ့ တရားဝင် website က​နေ ထုတ်ပြန်ထားတဲ့ အဲ့ဒီ​ဆောင်းပါးထဲမှာဆိုရင် ကမ္ဘာ​ကျော် K-Pop မိန်းက​လေးအဖွဲ့ဖြစ်တဲ့ BLACKPINK က ဖက်ရှင်​လောကရဲ့ “Icon of the Year” အဖြစ် ​ရွေးချယ်ခံခဲ့ရပါတယ်။ ဒီမဂ္ဂဇင်းက BLACKPINK အဖွဲ့ကို “Korean Wave ကို ကမ္ဘာအနှံ့ဖြန့်ကျက်​နေတဲ့ လွှမ်းမိုးမှုရှိ​သော ပုဂ္ဂိုလ်များ”လို့ တင်စားသုံးနှုန်းထားပါတယ်။

ဒါ့အပြင် “ဘယ်ကိုပဲသွားသွား လူပင်လယ်ကြီးဖြစ်သွား​စေတဲ့ BLACKPINK ဟာ သူတို့ကြောင့် ဝေးကွာသွားသလို ခံစားခဲ့ရတဲ့ နိုင်ငံရပ်ခြားပွဲတွေကို ညတိုင်း စောင့်မျှော်ရတဲ့ နှစ်တစ်နှစ်ပါ” လို့လည်း ​ရေးသားထားပါတယ်။ BLACKPINK အဖွဲ့ဝင်​တွေဖြစ်ကြတဲ့ Jennie, Jisoo နဲ့ Rosé တို့ဟာ ယခုနှစ် စက်တင်ဘာလက သူတို့ ကိုယ်စားပြုတဲ့ brand အသီးသီးအတွက် Paris Fashion Week ပွဲကို တက်​ရောက်ခဲ့ကြပါတယ်။

Jennie က Chanel, Jisoo က Dior, Rosé က Yves Saint Laurent စသဖြင့်ပါ။ တစ်ဖက်မှာ Lisa ဟာလည်း ဒီဇင်ဘာလ ၃ ရက်​နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ‘Celine Spring 2022’ ပွဲမှာ fashion runway debut ပြုလုပ်ပြီး​ fashion icon တစ်​ဦးအဖြစ် ထပ်မံသက်​သေပြခဲ့ပါတယ်။

BLACKPINK နဲ့အတူ Netflix ရဲ့ နာမည်​ကျော်စီးရီး “Squid Game” ရဲ့ စတား​တွေဖြစ်ကြတဲ့ မင်းသမီး Jung Ho Yeon နဲ့ မင်းသား Lee Jung Jae တို့ဟာလည်း ယခုနှစ်ရဲ့ ဖက်ရှင် icon ​တွေအဖြစ် ​ရွေးချယ်ခံခဲ့ရပါတယ်။ မကြာ​သေးခင်ကပဲ Jung Ho Yeon က Louis Vuitton ရဲ့ ambassador အဖြစ်၊ Lee Jung Jae က Gucci ရဲ့ ambassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

Source : Kpopstarz
Photo : Pinterest
Written : ZL