Korean Celebrity

ဒုတိယအကြိမ်​မြောက် New Year Family Concert ကြီးကို ခမ်းနားစွာ ကျင်းပပြုလုပ်သွားဦးမယ့် HYBE

​တောင်ကိုရီးယား ​ဖျော်​ဖြေ​ရေးလုပ်ငန်းစုကြီးဖြစ်တဲ့ HYBE ဟာ “2022 Weverse Con [New Era]” ဆိုတဲ့ New Year concert ကြီးကို ကျင်းပပြုလုပ်သွားမှာဖြစ်​ကြောင်း ဒီဇင်ဘာလ ၇ ရက်​နေ့မှာ ကမ္ဘာလုံးဆိုင်ရာ K-Pop commerce platform ဖြစ်တဲ့ Weverse Shop က​နေ ​အသိ​ပေးကြေငြာလိုက်ပါတယ်။

“Weverse Con” ဟာ နှစ်သစ်ကူးအချိန်အခါကို အနုပညာရှင်​တွေနဲ့ ပရိသတ်​တွေအတူတကွ ​ပျော်ရွှင်စွာ ကုန်ဆုံးနိုင်​အောင် စီစဉ်ထားတဲ့ ဂီတပွဲ​တော်ကြီးတစ်ခုဖြစ်ပြီး ယခင်နှစ်က “New Year’s Eve Live” ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာဆိုရင် HYBE label က အနုပညာရှင်​တွေဖြစ်တဲ့ BUMZU, Dvwn, ENHYPEN, fromis_9, Lee Hyun, SEVENTEEN နဲ့ TXT တို့အပြင် ကမ္ဘာ​ကျော် အ​မေရိကန်အဆို​တော် Justin Bieber လည်း ပါဝင်​​ဖျော်​ဖြေသွားမှာဖြစ်ပါတယ်။ Justin Bieber အ​နေနဲ့ concert ​ကျင်းပမယ့်​နေရာမှာ လူကိုယ်တိုင် လာ​​ရောက်​ဖျော်​ဖြေမှာ​တော့မဟုတ်ပဲ ပရိသတ်​တွေကို အွန်လိုင်းက​နေတဆင့် ​ဖျော်​ဖြေသွားမှာဖြစ်ပါတယ်။ SEVENTEEN အဖွဲ့ကတော့ Jun နဲ့ The8 တို့က တရုတ်နိုင်ငံမှာ လှုပ်ရှားမှု​တွေ လုပ်​နေတဲ့အတွက် ဒီပွဲမှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။

BTS နဲ့ NU’EST ကလည်း ယခင်နှစ်က ပါဝင်ခဲ့​ပေမဲ့ ယခုနှစ်မှာ​တော့ BTS က အားလပ်ရက်ရှည်ကို ယူထားပြီး NU’EST ကလည်း အခြား schedule ​တွေရှိတာ​ကြောင့် ပါဝင်​ဖျော်​ဖြေနိုင်ခြင်းမရှိပါဘူး။ ​နောက်ပြီး ဒီနှစ်မှာ GFRIEND အစား Fromis 9 ကပါဝင်လာခဲ့ပါတယ်။ “2022 Weverse Con” ကို​တော့ New Era ဆိုတဲ့ theme နဲ့ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်​နေ့မှာ KINTEX Hall မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ယခင်နှစ်က​တော့ ကိုဗစ်​ရောဂါ​ကြောင့် concert ကို online က​နေသာကျင်းပပြုလုပ်ခဲ့​ပေမဲ့ ယခုနှစ်မှာ​တော့ ကမ္ဘာတစ်လွှားက ပရိသတ်​တွေက offline ​ရော online ပါ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အဓိကအားဖြင့် multi-stage ၅ ခုပါဝင်မှာဖြစ်သလို live band ​တွေရဲ့ တီးခတ်မှုနဲ့အတူ အထူး​ဖျော်​ဖြေမှု​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။

Source : Soompi
Photo : Weverse
Written : ZL