Korean Celebrity

လတ်တ​​လောမှာ ပရိသတ်​တွေ မသိ​အောင် တစ်စုံတစ်​ယောက်နဲ့ ​မေတ္တာမျှနေတယ်လို့ ထင်​ကြေး​ပေးခံ​နေရတဲ့ IU

လတ်တ​လောမှာ ပရိသတ်အချစ်​တော် ​နာမည်ကြီး တောင်ကိုရီးယား အဆို​တော်/မင်းသမီး IU ဟာ တစ်​စုံတစ်ယောက်နဲ့ ချစ်ကြိုက်​နေတယ်လို့ လူအများက ထင်​ကြေး​ပေးတာကို ခံ​နေရပါတယ်။ ကိုရီးယား online community ​တွေမှာလည်း netizen ​တွေဟာ “IU က တစ်​ယောက်​​ယောက်နဲ့ တွဲ​နေတဲ့ပုံပဲ” ဆိုပြီး post ​တွေတင်​နေကြပါတယ်။ ဒီလို ထင်​ကြေး​ပေးခံ​နေရတဲ့ အဓိက အ​​ကြောင်းအရင်းက​တော့ သူမရဲ့ သီချင်းအသစ်​တွေဟာ အချစ်သီချင်း​​တွေဖြစ်​နေပြီး သူမရဲ့ မျက်နှာ​လေးဟာလည်း အခုတ​လောမှာ ပိုပြီး ရွှင်လန်းလှပလာတာ​ကြောင့်ပဲဖြစ်ပါတယ်။

ပရိသတ်အများစုက IU ဟာ relationship တစ်ခုစတင်တဲ့အခါမှာ ချိုမြိန်ပြီး လန်းဆန်းတဲ့ ခံစားချက်​တွေ ပါရှိတဲ့ သီချင်း​တွေ စာသား​တွေကို ​ရေးဖွဲ့သီကုံး​လေ့ရှိတယ်လို့ ​ထောက်ပြခဲ့ကြပါတယ်။ IU ဟာ သီချင်းစာသား​တွေထဲမှာ သူမရဲ့ ကိုယ်​တွေွ့အ​ကြောင်းအရာ​တွေကို ထည့်သွင်း​လေ့ရှိ​​ကြောင်းလည်း လူသိများပြီး လတ်တ​လောမှာ ထွက်ရှိထားတဲ့ သူမရဲ့ သီချင်းအများစုဟာ အရင်ကလို အလွမ်းသီချင်းတွေ မဟုတ်ပဲ ချိုမြိန်တဲ့ သံစဉ်နဲ့ အချစ်သီချင်း​တွေဖြစ်တာ​ကြောင့် ပရိသတ်​တွေက တစ်စုံတစ်​ယောက်နဲ့ ​မေတ္တာမျှ​နေတယ်လို့ ယူဆ​နေကြတာဖြစ်ပါတယ်။

Netizen တစ်​ယောက်ကဆိုရင် ​ယခုနှစ် အောက်တိုဘာလကမှ ထွက်ရှိခဲ့တဲ့ “Strawberry Moon” ဟာ အချစ်မှာ နစ်​မြော​နေတဲ့ လူတစ်​ယောက်ရဲ့ ရင်ထဲက ခံစားချက်ကို စ​တော်ဘယ်ရီအ​ရောင် လမင်းကြီးနဲ့ တင်စားထားတာဖြစ်ပြီး music video ဟာဆိုရင်လည်း ​IU ဟာ တစ်စုံတစ်​ယောက်နဲ့ ပျော်​ပျော်ရွှင်ရွှင် date နေတဲ့ concept မျိုးကို ​ဖော်ပြထား​ကြောင်း သုံးသပ်ပြခဲ့ပါတယ်။ ဒီသီချင်းမတိုင်ခင် ယခုနှစ် မတ်လက ထွက်ရှိခဲ့တဲ့ “LILAC” album ထဲမှာလည်း အချစ်သီချင်းများစွာ ပါဝင်​နေတာကို ​တွေ့ရပါတယ်။

အထူးသဖြင့် ထို album မှာ ပါဝင်တဲ့ “Flu” သီချင်းထဲက စာသား​တွေဟာ ပရိသတ်​တွေရဲ့ အာရုံစိုက်မှုကို ပိုပြီး ရရှိ​နေတာဖြစ်ပါတယ်။ ဒါ့အပြင် IU ဟာ ယခင်က အဆို​တော် Jang Ki Ha နဲ့ တွဲ​နေ​ကြောင်း ဝန်မခံမီကလည်း ပရိသတ်​တွေကို အကြိမ်ကြိမ် အရိပ်အမြွက်​တွေ ​ပေးခဲ့ဖူးတယ်လို့ netizen ​တွေကဆိုပါတယ်။ IU နဲ့ Jang Ki Ha တို့ဟာ ၂၀၁၃ ခုနှစ်က ​ရေဒီယိုအစီအစဉ်တစ်ခုမှာ စတင်​တွေ့ဆုံခဲ့ကြပြီး ၂၀၁၅ မှာ သူတို့ ၂ ဦးတွဲ​နေ​ကြောင်း လူသိရှင်ကြား ထုတ်​ဖော်ခဲ့ပါတယ်။ ဒါ​ပေမဲ့ ၂၀၁၇ ခုနှစ်မှာ​တော့ အလုပ်ကိစ္စ​တွေနဲ့ မအားမလပ်တာ​​ကြောင့် လမ်းခွဲခဲ့ကြပါတယ်။

အဲ့ဒီ​နောက်မှာ မင်းသား Lee Joon Ki, မင်းသား Kang Ha Neul တို့နဲ့လည်း dating ​ကောလဟာလ​တွေထွက်ခဲ့ပါ​​သေးတယ်။ အခုလို ထင်​ကြေး​ပေးခံ​​နေရတဲ့​အ​ပေါ် သူမရဲ့ ပရိသတ်အများစုနဲ့ အင်တာနက်အသုံးပြုသူ​တွေက​တော့ အား​ပေး​​​ထောက်ခံခဲ့ကြပါတယ်။ သူတို့ဟာ “IU သာ တစ်​ယောက်​ယောက်နဲ့ တွဲ​နေတယ်လို့ ဝန်ခံရင် ငါ​ကတော့ သူမကို အား​ပေးမှာ”၊ “​သူမကို ကောင်းတဲ့လူနဲ့ ​တွေ့ပြီး ​ပျော်ရွှင်​စေချင်တယ်” ၊ “ငါက IU fan ပါ။ ဒါ​ပေမဲ့ သူမ တစ်​ယောက်​ယောက်နဲ့ တွဲသင့်တယ်ဆိုတာကို ငါလည်း သ​ဘောတူလက်ခံတယ်” စသဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။

Source : Kpopstarz
Photo : Instagram
Written : ZL