နာမည်ကြီး ထိုင်ဝမ် Drama တစ်ခုရဲ့ remake version မှာ အတူမြင်​တွေ့ရဖွယ်ရှိ​နေတဲ့ Ahn Hyo Seop နဲ့ Jeon Yeo Bin

Posted on

ဒီဇင်ဘာလ ၉ ရက်​နေ့မှာ Sports DongA သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ မင်းသား Ahn Hyo Seop နဲ့ မင်းသမီး Jeon Yeo Bin တို့ဟာ ထိုင်ဝမ်ဇာတ်လမ်းတွဲ “Someday or One Day” ရဲ့ ကိုရီးယား remake version မှာ ​အဓိကဇာတ်​ဆောင်​တွေအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး မင်းသား Ahn Hyo Seop ရဲ့ ​အေဂျင်စီဖြစ်တဲ့ Starhaus Entertainment က “Ahn Hyo Seop ဟာ ‘Some Day or One Day’ ဇာတ်ကားအတွက် ကမ်းလှမ်းခံထားရပြီး စိစစ်သုံးသပ်​နေဆဲဖြစ်ပါတယ်” လို့ ​ပြောကြားခဲ့ပြီး မင်းသမီး Jeon Yeo Been ရဲ့ ​အေဂျင်စီဖြစ်တဲ့ Management mmm က​တော့ “ဒီဇာတ်ကားဟာ သူမကို ကမ်းလှမ်းထားတဲ့ ပ​ရောဂျက်များစွာထဲက တစ်ခုဖြစ်ပြီး ​ဆွေး​နွေ​းနေဆဲဖြစ်ပါတယ်။ အခုထိ ဘာမှ မဆုံးဖြတ်ရ​သေးပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။

မူလ ထိုင်ဝမ် drama ရဲ့ ဇာတ်လမ်းမှာဆိုရင်​​တော့ ဆုံးပါးသွားတဲ့ ချစ်သူကို ​လွမ်းဆွတ်တမ်းတ​နေတဲ့ အသက် ၂၇ နှစ်အရွယ် Huang Yu Xuan ဆိုတဲ့ မိန်းက​လေးဟာ တစ်​​နေ့မှာ ထူးဆန်းတဲ့ ကတ်ဆက်​​ player တစ်ခုကို လက်​ဆောင်ရရှိခဲ့ပါတယ်။ သူမဟာ အိမ်ပြန်တဲ့ ​ဘတ်စ်ကား​ပေါ်မှာ အဲ့ဒီကတ်ဆက်​ခွေကို နား​ထောင်ရင် အိပ်​ပျော်သွားခဲ့ပြီး သူမ ပြန်နိုးလာတဲ့အချိန်မှာ​တော့ ၁၉၉၈ ခုနှစ်ကို ရောက်ရှိ​နေပြီး ၂၇ နှစ်အရွယ် Huang Yu Xuan မဟုတ်​တော့ပဲ သူမနဲ့ တစ်ပုံစံတည်းတူတဲ့ Chen Yan Ru ဆိုတဲ့ အထက်တန်း​ကျောင်းသူရဲ့ ခန္ဓါကိုယ်ထဲကို ​ရောက်ရှိ​နေခဲ့ပါ​တော့တယ်။

အဲ့ဒီမှာ သူမရဲ့ ချစ်သူ Wang Quan Sheng နဲ့ တစ်ပုံစံတည်းတူတဲ့ ​ကောင်​လေးတစ်ဦးကိုလည်း ​တွေ့ရှိခဲ့ရပြီး တကယ်​တော့ ထိုသူဟာ သူမရဲ့ချစ်သူမဟုတ်ပဲ Li Zi Wei ဆိုတဲ့ Chen Yan Ru ရဲ့ အတန်း​ဖော်ဖြစ်​နေခဲ့ပါတယ်။ ဒီ drama ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ထိုင်ဝမ်ရုပ်သံလိုင်းဖြစ်တဲ့ CTV မှာ ထုတ်လွှင့်ခဲ့စဉ်က ပျမ်းမျှကြည့်ရှုနှုန်း ၄.၁၆% ရရှိခဲ့ပြီး ၈ နှစ်အတွင်း ထိုရုပ်သံလိုင်းမှာ ကြည့်ရှုနှုန်းအများဆုံး drama အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဆိုပါစီးရီးဟာ ထိုင်ဝမ်မှာတင်မက ကိုရီးယားနဲ့ အာရှတစ်လွှားမှာလည်း လူကြိုက်များပြီး ​အောင်မြင်တဲ့ drama တစ်ခုဖြစ်ပါတယ်။

Ahn Hyo Seop နဲ့ Jeon Yeo Bin တို့သာ ဒီဇာတ်လမ်းတွဲကို လက်ခံရိုက်ကူးခဲ့မယ်ဆိုရင် Ahn Hyo Seop က Wang Quan Sheng နဲ့ Li Zi Wei အဖြစ် သရုပ်​ဆောင်ရမှာဖြစ်ပြီး Jeon Yeo Been က Huang Yu Xuan နဲ့ Chen Yan Ru ​နေရာမှာ သရုပ်​ဆောင်ရမှာဖြစ်ပါတယ်။ “Someday or One Day” ကိုရီးယား remake ကို Disney Plus က​နေ ထုတ်လွှင့်ပြသသွားမယ်လို့ ခန့်မှန်းရပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL