Korean Celebrity

NCT အဖွဲ့ဝင် Jaehyun ပါတဲ့ BL Remake ကား အကြောင်းကိစ္စတစုံတရာပေါ်လာလို့ ရိုက်ကူးရေးရပ်တန့်

လွန်ခဲ့တဲ့ လတွေတုန်းက “Bungee Jumping Of Their Own” ဆိုတဲ့ K drama ကို NCT အဖွဲ့ဝင် Jaehyun နဲ့ remake ပြန်ရိုက်ကူးသွားမယ်လို့ သတင်းအတည်ပြုချက်တွေ ထွက်လာခဲ့ပါတယ်။ ဒီ Drama ဟာ မင်းသားကြီး Lee Byung Hun နဲ့ Lee Eun Ju တို့ရဲ့ တခေတ်တစ်ခါက အောင်မြင်မှုရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဇာတ်ကြောင်းကတော့ In Woo နဲ့ Tae Hee တို့ရဲ့ ကြေကွဲစရာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ကောလိပ်ကျောင်းသားလေးတွေဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ မြင်မြင်ချင်းအချစ်ကို မယုံကြပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ နောက်ပိုင်း ချစ်မိသွားကြပါတယ်။ နောက်ဘဝမှာလည်း မပြောင်းမလဲချစ်သွားကြမယ်လို့ကတိတွေပေးခဲ့ကြပါတယ်။ ဒါပေမဲ့ Tae Hee ဟာ ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။

ဒီကားကို ပြန်ရိုက်ဖို့ Kakao Entertainment က မူပိုင်ခွင့်တွေကအစ စီစဉ်နေတာကြာပါပြီ။ Remake ဖြစ်တဲ့အတွက် ဇာတ်ညွှန်းကို သေချာပြန်ပြင်ဆင်ရပါတယ်။ သို့သော်လည်း ဇာတ်ကားရဲ့ မူရင်းစာရေးဆရာနဲ့ သဘောထားမတိုက်ဆိုင်ကြတဲ့ပုံပါဘဲ။ အချိန်အကြာကြီးယူပြီး ညှိနှိုင်းခဲ့ကြပေမဲ့ နောက်ဆုံးမှာ စာရေးသူကို လေးစားတဲ့အနေနဲ့ သူတို့ဟာ ထုတ်လုပ်ရေးကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါကြောင့် ဒီနေ့ December 9 ရက်နေ့မှာ ဒီဇာတ်ကားရိုက်ဖို့ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်းတရားဝင်ကြေငြာခဲ့ပါတယ်။ Company ဘက်က ဇာတ်ကားရိုက်ကူးဖို့ ဆွေးနွေးထားတဲ့ မင်းသား Lee Hyun Wook ,Lim Hyun Bin နဲ့ NCT အဖွဲ့ဝင် Jaehyun တို့ကို ခုလို အခက်အခဲတွေရှိတဲ့အတွက် နားလည်ပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

Source: Koreaboo
Photo Credit: Koreaboo
Written: Violet