အနားယူပြီးနောက်ပိုင်း လွန်စွာမှရင်ထိတ်ခဲ့ရတဲ့အချိန်အား Jeongyeon လေး ရင်ဖွင့်ချခဲ့

Posted on

TWICE’s Jeongyeon ကတော့ ကျန်းမာရေးအခြေအနေကြောင့် အဖွဲ့လိုက်လှုပ်ရှားမှုတွေကနေ ခေတ္တအနားယူခဲ့ရပါတယ်။ “I CAN’T STOP ME” နောက်ပိုင်း သေချာအနားယူခဲ့ရာကနေ “Alcohol-Free” ထွက်လာတဲ့အခါ အဖွဲ့ဝင် (၈) ယောက်နဲ့အတူ ပြန်လည် ပါဝင်လာခဲ့ပါတယ်။ အချိန်အတော်ကြာအနားယူနေရာမှ “အယ်ကိုဟောဖရီး” နဲ့ စင်မြင့်ထက်မှာ ပြန်လည်ဖျော်ဖြေရတဲ့အခါ လွန်စွာမှ စိတ်လှုပ်ရှားပြီး ရင်တွေထိတ်နေခဲ့ကြောင်းကို အင်တာဗျူးလုပ်ရင်း ရင်ဖွင့်ခဲ့ဖူးပါတယ်။

Jeongyeon က ငယ်စဉ်ဘဝအကြောင်းတွေပြောရင်းနဲ့ သူမကြုံတွေ့ခံစားခဲ့ရတာတွေကို ‌မျှဝေခဲ့တာပါ။ “ကျွန်မက “I CAN’T STOP ME” အတွက် အဖွဲ့လိုက်လှုပ်ရှားမှုတွေလုပ်နေရင်း ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့ရတယ်လေ။ ဒီလိုနဲ့ “အယ်ကိုဟောဖရီး” က လပေါင်းများစွာ နားနေခဲ့တဲ့ ကျွန်မအတွက် comeback stage ဖြစ်ခဲ့ပါတယ်။

အချိန်အတော်ကြာ ဝေးကွာသွားတော့ စင်မြင့်ထက်မှာဖျော်ဖြေဖို့ တော်တော်လေးကို ရင်တွေထိတ်ပြီး စိုးရိမ်ပူပန်ခဲ့တယ်။ Debut stage စလုပ်ရသလိုမျိုးကို တုန်လှုပ်ပြီး စိတ်လှုပ်ရှားနေခဲ့တာပါ။ ပွဲဦးထွက်ခါစနဲ့ မတူတာကတော့ အတွေ့အကြုံချင်းကတော့ ကွာသွားခဲ့ပါပြီ။

“အယ်ကိုဟောဖရီး” ကို ဖျော်ဖြေဖို့ ဘယ်လောက်ကြီးရင်တုန်နေပါစေ.. စင်ပေါ်လည်းရောက်ကော သဘာဝကျကျလေးပြန်ဖြစ်သွားရော။  တော်တော်ထူးဆန်းတယ်။ စင်ပေါ်ရောက်တာနဲ့ အတွေ့အကြုံရှိပြီးသား မျက်နှာထားမျိုးက အလိုလိုဖြစ်သွားပြီး အသားကျသွားတာပဲ။ ထူးထူးဆန်းဆန်းခံစားရပြီး အဆင်ပြေသွားပါတယ်” လို့ ရင်ဖွင့်ခဲ့တာဖြစ်ပါတယ်။

အချိန်အတော်ကြာအနားယူပြီးရင် ပုံမှန်အတိုင်း အသားကျဖို့ဆိုတာ အချိန်တစ်ခုတော့လိုအပ်ပါတယ်နော်။ Jeongyeon လေးလည်း စင်မြင့်ထက်မှာ တိုက်ရိုက်သီဆိုဖျော်ဖြေဖို့ ရင်တုန်နေခဲ့မှာပါပဲ။ ဘယ်လိုပဲ‌ဖြစ်စေ သေချာအနားယူခဲ့ပြီးနောက် “အယ်ကိုဟောဖရီး” မှာ အကောင်းဆုံးလုပ်ပြသွားနိုင်လို့ကို ကျေးဇူးတင်လှပါပြီ။

Source: Koreaboo
Photos: Koreaboo
Translated by Ivy