2022 ခုနှစ်မှ အသက် 18 နှစ်ပြည့်မဲ့ အရည်အချင်းရှိ Kpop Idol ငယ်ငယ်ချောချောလေး (11) ယောက်

Posted on

ဒီနေ့ခေတ်မှာ Kpop idol ဖြစ်ဖို့ အသက် ငယ်ငယ်လေးထဲက ကြိုးစားနေကြပါပြီ။ တချို့ဆို အသက် ၁၆၊ ၁၇ လေးနဲ့ ပွဲဦးထွက်ပြီး Stage စင်မြင့်ထက်မှာ ဖျော်ဖြေနိုင်တဲ့ အရည်အချင်းရှိ idol တွေ လုပ်နေကြပါတယ်။ ခုဖော်ပြမဲ့ idol တွေကတော့ နောက်နှစ် 2022 ခုနှစ်ဆို အသက် (၁၈) ပြည့်မဲ့ကောင်မလေးတွေပါ။ ဒီစာရင်းထဲက တချို့သူတွေဆို အနုပညာသက်တမ်း ၃၊၄ နှစ်လောက်ရှိပါပြီ။ တချို့ကတော့ ခုမှ ပွဲဦးထွက်စ idol လေးတွေ ဖြစ်ပါတယ်။

(1)Rei (IVE)

Debut ထားတာမကြာသေးတဲ့ IVE အဖွဲ့ဝင် Rei ဟာ အဖွဲ့ထဲမှာ rapper , vocalist position ယူထားပါတယ်။ သူမဟာ February 3, 2004 born ပါ။ ဇာတာခွင်က Aquarius ဖြစ်ပါတယ်။

(2)Hikaru (Kep1er)

Girls Planet 999 မှာ အဆင့် ၇ နဲ့ pass ဖြစ်ခဲ့သူ Japan မလေး hikrau က မကြာခင်မှာ Kep1er အဖွဲ့ဝင် အဖြစ် debut တော့မှာပါ။ သူမရဲ့ မွေးနေ့ကတော့ March 12, 2004 ဖြစ်ပါတယ်။

(3)Juhyeon (LIGHTSUM)

LIGHTSUM, အဖွဲ့ရဲ့ leader, main dancer, and lead vocalist ဖြစ်သူ Juhyeon ဟာ 2004 born ဖြစ်ပြီး april လ ၈ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။

(4)Yoon (STAYC)

လတ်တလော Hit ဖြစ်နေတဲ့ Stay C အဖွဲ့ဝင် Yoon လေးဟာ အဖွဲ့ထဲမှာ lead vocalist ဖြစ်ပါတယ်။ သူမဟာ April 14, 2004 မှာ မွေးဖွားခဲ့ပါတယ်။

(5) Jihan (Weeekly)

Weekly အဖွဲ့ဝင် Jihan ဟာ အဖွဲ့ထဲမှာ lead vocalist ဖြစ်ပြီး visual ပါ။ သူမရဲ့ မွေးနေ့ကတော့ July 12, 2004 ဖြစ်ပါတယ်။

(6) Bahiyyih (Kep1er)

Girls Planet 999 မှာ အဆင့် ၂ နဲ့ Pass ခဲ့သူ Bahiyyih လေးကတော့ July 27, 2004 မှာ မွေးခဲ့ပါတယ်။ သူမဟာ အိမ်မှာတော့ အငယ်ဆုံးလေးဖြစ်ပါတယ်။

(7) Wonyoung (IVE)

Wonyoung ရဲ့ အနုပညာသက်တမ်းက တော်တော် အတွေ့အကြုံရှိနေပါပြီ။ I(z)one အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး ခု တစ်ခါ IVE အဖွဲ့ရဲ့ vocalist အဖြစ် ထပ် debut ခဲ့ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ all-rounder ဖြစ်တဲ့သူမဟာ သူမသာလုပ်ချင်စိတ်ရှိရင် မင်းသမီး အဖြစ် ထပ်ပွဲဦးထွက်မယ်လို့ ထင်ရပါတယ်။ သူမဟာခုမှ 17 နှစ်ဘဲရှိပါသေးတယ်။ နောက်နှစ် August 31 မှ ၁၈ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

(8) May (Cherry Bullet)

Cherry Bullet အဖွဲ့ဝင် May ဟာ အဖွဲ့ထဲမှာ lead dancer, vocalist, visual ဖြစ်ပြီး အငယ်ဆုံးအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။သူမရဲ့ မွေးနေ့ကတော့ November 16, 2004 ပါ။ ဒါကြောင့် ၁၈ ပြည့်ဖို့ အဝေးကြီးလိုပါသေရတယ်။

(9)Liz (IVE)

IVE အဖွဲ့ရဲ့ vocalist ဖြစ်သူ Liz ဟာ 2004 born ဖြစ်ပြီး November 21 မှ ၁၈ နှစ်ပြည့်မှာပါ။

(10)J (STAYC)

Stay C အဖွဲ့ဝင် vocalist, rapper ဖြစ်သူ J ဟာ အဖွဲ့ထဲမှာ အငယ်ဆုံးလေးပါ။ သူမကတော့ December 9, 2004 မှာ ဖွားမြင်ခဲ့ပါတယ်။

(11)Youngeun (Kep1er)

Girls Planet 999 ပြိုင်ပွဲမှာ Rank 5 ချိတ်ခဲ့သူ Youngeun လေးကတော့ 2004 born ဖြစ်ပြီး December 27 ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အထူးသဖြင့် Kick it နဲ့ နာမည်ကြီးခဲ့တဲ့ သူမဟာ Kep1er အဖွဲ့ထဲမှာ ဘယ်လိုအရည်အချင်းတွေ ထုတ်ပြမလဲဆိုတာ စိတ်ဝင်စားစရာပါဘဲနော်။

Source: Koreaboo
Photo credit: Koreaboo
Written: Violet