သူ့ရဲ့ ပရိသတ် ၂ ဦးကို တစ်သက်လုံး မ​မေ့နိုင်​လောက်​စရာ surprise အကြီးကြီးတိုက်ခဲ့တဲ့ G-Dragon

Posted on

K-Pop ​​လောကမှာ မသိသူမရှိပဲ K-Pop ဘုရင်လို့ တင်စား​ခေါ်​ဝေါ်ကြရတဲ့ BIGBANG အဖွဲ့ဝင် G-Dragon ဟာ သီချင်းအသစ်မထွက်တာကြာပြီဖြစ်သလို လူမြင်ကွင်း​တွေ၊ ရုပ်သံ​အစီအစဉ်တွေက​နေ ​ပျောက်​နေတာလည်း ကြာပြီဖြစ်ပါတယ်။

ဒါ​ပေမဲ့ မကြာ​သေးခင်က G-Dragon ဟာ သူ့ရဲ့ဖက်ရှင် brand PEACEMINUSONE နဲ့ Nike တို့ ပူး​ပေါင်းထုတ်လုပ်ထားတဲ့ Kwondo 1 ဖိနပ် စတင်မိတ်ဆက်ပွဲကို တက်​ရောက်ခဲ့ပါတယ်​။ ယခုအခါမှာလည်း သူဟာ Vogue Korea ရဲ့ YouTube video မှာ surprise အ​နေနဲ့ ပါဝင်လာခဲ့ပါတယ်။

သူဟာ Kwondo 1 ဖိနပ်သစ်ကို ​ကြော်ငြာဖို့နဲ့ သူ့ရဲ့ ပရိသတ်​တွေကို “hidden camera” prank လုပ်ဖို့အတွက် Vogue Kore ရဲ့ စတူဒီယိုကို ခဏဝင်လာခဲ့တာပါ။ Vogue Korea က VIP (BIGBANG ပရိသတ်) ၂ ဦးကို ဖိတ်​ခေါ်ပြီး Kwondo 1 ဖိနပ် မိတ်ဆက်ပွဲလုပ်တဲ့​နေ့မှာ G-Dragon ကို ဂုဏ်ပြု video message ​ပေးပို့ဖို့ အကူအညီ​တောင်းခဲ့ပါတယ်။

ဒါ​ကြောင့် ပရိသတ်​တစ်​ယောက်စီဟာ ခမ်းနားတဲ့ visual screen ​တွေ​ရှေ့မှာ သူတို့ ပြင်ဆင်လာတဲ့ ရင်တွင်းခံစားချက်​တွေကို ထုတ်​ဖော်​ပြောခဲ့ကြပြီး G-Dragon က သူတို့ကို ပုန်းပြီး ကြည့်​နေလိမ့်မယ်ဆိုတာကိုတော့ ထင်မထားခဲ့ကြပါဘူး။

မိန်းက​လေးပရိသတ်တစ်ဦးဆိုရင် ပုံဆွဲစာအုပ်မှာ ​သူမ​ပြောချင်တဲ့ အ​ကြောင်းအရာ​လေး​တွေကို ကင်မရာကို ​ပြသရင်း G-Dragon အတွက် သူမရဲ့ ချစ်ခြင်း​​မေတ္တာကို ​ဖော်ပြခဲ့ပြီး သူ့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ချီးကျူး​ပြောဆိုခဲ့ပါတယ်။ ဒီလို ​ပြော​နေတုန်းမှာပဲ GD ဟာ သူမ​ရှေ့ကို ​လူလုံးထွက်ပြပြီး surprise လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ​ကြောင့် ထိုမိန်းက​​လေးလည်း အရမ်းကို အံ့အားသင့်သွားပြီး မတ်တပ်ရပ်​နေရာက​နေ​တောင် လဲကျသွားခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ကိုယ့်မျက်လုံးကို မယုံနိုင်ဖြစ်သွားခဲ့ရသလို အရမ်းလည်း ​ပျော်ရွှင်သွားခဲ့ရပါတယ်။ အဲ့ဒီ​နောက် GD ဟာ သူမရဲ့ ပုံဆွဲစာအုပ်ကို အမှတ်တရလက်​ဆောင်အဖြစ် ယူသွားခဲ့ပါတယ်။

​နောက်ထပ် ​ယောကျ်ား​လေးပရိသတ်တစ်ဦးက​တော့ G-Dragon ဟာ သူ့ဘဝရဲ့ အနုပညာရှင်ဖြစ်​ကြောင်း ရှင်းပြခဲ့ပါတယ်။ ရိုက်ကူး​ရေးလုပ်ပြီးတဲ့ အချိန်မှာ​တော့ G-Dragon က အဲ့ဒီပရိသတ်ရှိ​နေတဲ့ အခန်းထဲကို ဝင်​ရောက်လာပြီး ထိုသူရဲ့ဘဝမှာ အကြီးမားဆုံး surprise ဖြစ်​အောင် ပြုလုပ်ခဲ့ပါတယ်။

G-Dragon ကို​တွေ့လိုက်ရတဲ့အချိန်မှာ အဲ့ဒီပရိသတ်ဟာလည်း အကြီးအကျယ် ​ရှော့ခ်ရသွားပြီး GD ကိုနှုတ်ဆက်ဖို့​တောင်မှ အထစ်ထစ်အ​ငေါ့​​ငေါ့ဖြစ်ခဲ့ရပါတယ်။ GD ဟာ ဒီ VIP ၂ ဦးရဲ့ reaction ​တွေကို သူ့ရဲ့ ဖုန်းနဲ့ မှတ်တမ်းတင်ရိုက်ကူးထားခဲ့ပါ​သေးတယ်။

G-Dragon ဟာ ထိုပရိသတ် ၂ ဦးကို တစ်သက်တာအတွက် surprise ဖြစ်​စေခဲ့ရုံမက သူတို့နဲ့ စကားစမြည်​ပြောပြီး ဓါတ်ပုံအတူတွဲရိုက်ကာ fan service အပြည့်​ပေးခဲ့ပါ​သေးတယ်။ ဒီကံ​ကောင်းတဲ့ VIP ၂ ဦးနဲ့ GD အတွက်​တော့ ထိုအခိုက်အတန့်လေးဟာ သူတို့ဘဝတစ်​လျှောက်လုံး ​အမှတ်ရစရာအဖြစ်အပျက်​လေးအဖြစ် ကျန်ရှိ​နေ​တော့မှာပါ။

Vogue Korea ရဲ့ ဒီဗီဒီယိုကို ကြည့်ရှုပြီး​နောက်မှာ​တော့ တခြားပရိသတ်​တွေကလည်း ခုလို G-Dragon တစ်​ယောက် ပရိသတ်​တွေနဲ့ အချိန်အကြာကြီး ကိုယ်တိုင်​တွေ့ဆုံခဲ့တဲ့အ​ပေါ် ဝမ်းသာပီတိဖြစ်ခဲ့ကြပြီး GD ကို​ရော VIP ​တွေကိုပါ ​ပျော်ရွှင်​အောင်လုပ်​ပေးခဲ့တဲ့ ဒီ​နွေး​ထွေးတဲ့ ဗီဒီယို​လေးအတွက် ​ကျေးဇူးတင်စကားဆိုခဲ့ကြပါတယ်။

Source : Koreaboo
Photo : Vogue Korea
Written : ZL