Korean Celebrity

အကအတော်ဆုံး 4th Generation အဖွဲ့ဝင်တွေရဲ့ ပေါင်းစည်းမှုကိုပြသသွားမယ့် 2021 MAMA

MAMA ဆုပေးပွဲအခမ်းအနားကြီးကတော့ နှစ်တိုင်းလိုလို ခမ်းနားတဲ့ဖျော်ဖြေမှုတွေကို တင်ဆက်ပေးစမြဲပါ။ ၂၀၂၁ အတွက်လည်း အထူးပြင်ဆင်မှုတွေနဲ့ အံ့ဩစရာပေါင်းစည်းမှုတွေကို ချပြဖို့ စီစဉ်နေပုံပါပဲ။ 4th Generation ရဲ့ နာမည်ကြီးအဖွဲ့တွေထဲက အကအတော်ဆုံး Member တွေကို ပေါင်းစည်းစေပြီး စင်မြင့်ထက်မှာ အတူတကွဖျော်ဖြေဖို့ MAMA ကတော့ ထွင်ခဲ့ပြန်ပါတယ်။

လာမယ့် ဒီဇင်ဘာ (၁၁) ရက်နေ့မှာ ပြုလုပ်ကျင်းပသွားမယ့် ဆုပေးပွဲကြီးမှာ Stray Kids, ATEEZ, TXT, ITZY, aespa နဲ့ ENHYPEN အဖွဲ့တွေရဲ့ တွဲ‌ဖက်ဖျော်ဖြေမှုကို ကြည့်ရှုနိုင်မှာဖြစ်ကြောင်း 2021 Mnet Asian Music Awards (MAMA) ဟာ December 10 ရက်နေ့မှာပဲ ကြေညာခဲ့ပါတယ်။ အဖွဲ့ဖျော်ဖြေမှုအဖြစ် fourth-generation အဖွဲ့တွေထဲက အဖွဲ့ဝင် (၆) ဦးနဲ့အတူ အမိုက်စားပေါင်းစည်းမှုကို ပြသသွားမယ်လို့ဆိုပါတယ်။

ပါဝင်လာမယ့် Idol တွေကတော့ မျိုးဆက်သစ် idol တွေထဲက အကအတော်ဆုံးတွေအဖြစ် သတ်မှတ်ခံထားရတဲ့ Stray Kids’ Hyunjin, ATEEZ’s Wooyoung, TXT’s Yeonjun, ITZY’s Yeji, aespa’s Karina နဲ့ ENHYPEN’s Heeseung တို့ပဲ ဖြစ်ကြပါတယ်။ ဒီလို Special Performance ကိုတော့ “BlooM the Sound” လို့ နာမည်တပ်ပေးထားပြီး ဆန်းသစ်တဲ့ သမိုင်းတွင်ဖျော်ဖြေမှုဖြစ်လာမှာကတော့ သေချာပါတယ်။

2021 MAMA ကတော့ December 11 ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ (၆) နာရီ (မြန်မာစံတော်ချိန် နေ့လည် ၃:၃၀) မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။ တောင်ကိုရီးယား ဆုအခမ်းအနားတွေထဲက အကြီးကျယ်ဆုံးဆုပေးပွဲတစ်ခုဖြစ်တာကြောင့် ဆုရရှိသွားမယ့် အနုပညာရှင်တွေကို ဂုဏ်ပြုရင်း အမိုက်စားဖျော်ဖြေမှုတွေကို စောင့်ကြည့်နိုင်ပါတော့မယ်။

Source: Soompi
Photos: Soompi
Translated by Ivy