EXO, NCT, Superjunior, SNSD, Aespa, BoA, TVXQ, SHINee, Red Velvet fan တွေအတွက် surprise အကြီးကြီးတိုက်လိုက်တဲ့ SM

Posted on

နာမည်ကြီး Kpop Group တွေကို မွေးထုတ်ပေးထားတဲ့ SM Entertainment ဟာ December 10 ရက်နေ့မှာ fan တွေအတွက် သတင်းကောင်းတစ်ခု မျှဝေခဲ့ပါတယ်။ “SMTOWN 2022 : SMCU EXPRESS” ကို နောက်လမှာ လုပ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ “SMCU” ဆိုတာ SM Culture Universe လို့ အဓိပ္ပါယ်ရပါတယ်။

ဒီ project ကြီးမှာ SM ရဲ့ ကြီးကျယ်ထူးဆန်းတဲ့ metaverse ထဲက အကြောင်းအရာမျိုးစုံပါ..ပါတယ်။ အရင်ဆုံး SM က “2021 Winter SMTOWN : SMCU EXPRESS” ဆိုပြီး December 27 ရက်နေ့မှာ Winter album တွေ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ထို album ထဲမှာ SM က Group တွေရဲ့ တခါမှ မထုတ်ဖူးသေးတဲ့ သီချင်းတွေပါမှာ ဖြစ်ပြီး ဒါ့အပြင် Group မတူတဲ့ အနုပညာရှင် အချင်းချင်း collab လုပ်ထားတဲ့ သီချင်းတွေပါ ပါမယ်လို့ သိရပါတယ်။ ထို album ကို ဒီနေ့ December 10 ရက်နေ့ကစပြီး preorder တင်နိုင်ပါပြီတဲ့။

December 30 ရက်နေ့မှာတော့ “SMTOWN EXPERIENCE : PLAY @KWANGYA” ဆိုတဲ့ ပြပွဲကို ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။ Seoul ရဲ့ Seongsu မှာ ရှိတဲ့ အဆောက်အအုံရဲ့ ပထမထပ်မှာ LED screen အကြီးကြီးနဲ့ ပြသထားမှာပါ။ January 1 ရက်နေ့မှာတော့ “SMTOWN LIVE 2022 : SMCU EXPRESS @KWANGYA,” ဆိုတဲ့ online concert ကို ကျင်းပပေးမှာ ဖြစ်ပါတယ်။

ပွဲရဲ့ သဘောတရားကတော့ “SM က စိတ်ကူးပုံဖော်ထားတဲ့ KWANGYA ကြီးမှာ အေဂျင်စီက အနုပညာရှင်တွေ အတူတကွဖျော်ဖြေမယ်” ဆိုပြီး ဖြစ်ပါတယ်။ Covid-19 အခြေအနေတွေကြောင့် ခုလို online concert ကျင်းပပေးရတာဖြစ်ပြီး အရင်နှစ်လိုဘဲ YouTube, Beyond LIVE, LG’s U+ IDOL LIVE ကနေ တဆင့် အခမဲ့ live ထုတ်လွှင့်ပေးသွားမယ်လို့ ကြေငြာထားပါတယ်။

ခုလို Project ကြီးမှာ ပါမဲ့ အဖွဲ့တွေဟာ H.O.T.’s Kangta, BoA, TVXQ, Super Junior, Girls’ Generation – Oh!GG, SHINee, EXO, Red Velvet, NCT, aespa အစရှိတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ SM က အဖွဲ့တွေကို စုံလင်စွာနဲ့ တစ်နေရာထဲမှာ ကြည့်ရှူနိုင်မဲ့ ပွဲကြီးဖြစ်တာမို့ SM family stan တွေအဖို့ အရမ်းတန်ပါတယ်နော်။

Source: Soompi
Photo Credit: SM Town
Written: Violet