Korean Celebrity

SBS ရဲ့ variety show အသစ်တစ်ခုအတွက် MC အဖြစ် ကမ်းလှမ်းခံထားရတဲ့ Lee Seung Gi နဲ့ Han Ga In

မင်းသား Lee Seung Gi နဲ့ မင်းသမီး Han Ga In တို့ဟာ SBS ရဲ့ ​ဖျော်​ဖြေ​​ရေးအစီအစဉ်တစ်ခုမှာ ပါဝင်သွားမှာဖြစ်တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်​နေ့မှာ YTN သတင်းဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်​။ YTN ရဲ့ ​ပြောကြားချက်အရ ဒီအစီအစဉ်ဟာ ​တောင်ကိုရီးယားနိုင်ငံက လူငယ်​တွေ ကြုံ​တွေ့​နေရတဲ့ ပညာ​ရေး၊ လူမှု​ရေး၊ အချစ်​ရေး၊ မိသားစု​ရေးစတဲ့ ပြဿနာ​တွေကို ​​ဆွေး​နွေးတိုင်ပင်အ​ဖြေရှာ​ပေးသွားမယ့် အစီအစဉ်တစ်ခုဖြစ်ပြီး Lee Seung Gi, Han Ga In တို့နဲ့အတူ နာမည်ကြီး စိတ်​ရောဂါအထူးကုဆရာဝန် Oh Eun Young ကလည်း host အဖြစ် ပါဝင်​ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မင်းသမီး Han Ga In ဟာ လှပပြီး အပြစ်ကင်းစင်တဲ့ ရုပ်ရည်​နဲ့ ထူးချွန်တဲ့ သရုပ်​ဆောင်စွမ်းရည်တို့ကြောင့် ​တောင်ကိုရီးယားမှာ နာမည်ကြီးလူကြိုက်များတဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ်က OCN ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “Mistress” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်​ဆောင်ပြီးတည်းက ပရိသတ်​ရှေ့က​နေ ​ပျောက်ကွယ်​နေခဲ့တာဖြစ်ပါတယ်။

ဒါ​ပေမဲ့ မကြာ​သေးခင်က သူမရဲ့ makeup artist ရဲ့ SNS က ပုံ​တွေ​ကြောင့် Han Ga In ဟာ ပရိသတ်​တွေရဲ့ အာရုံစိုက်မှုကို ပြန်လည်ရရှိလာခဲ့ပါတယ်။ ပွဲဦးထွက်စဉ်က​နေ အခုအချိန်ထိ နှစ်အများကြီး ကုန်လွန်သွားခဲ့ပြီဆို​ပေမဲ့ သူမရဲ့ အလှက​တော့ အရင်အတိုင်း မ​ပြောင်းလဲပဲ နုပျို​နေဆဲဖြစ်တာ​ကြောင့် လတ်တ​လောမှာ လူ​ပြောများ​နေခဲ့တာပါ။

သူမသာ ဒီအစီအစဉ်ကို လက်ခံခဲ့မယ်ဆိုရင် သူမရဲ့ ဘဝမှာ ပထမဆုံးအကြိမ် MC အဖြစ်​ဆောင်ရွက်ခြင်းဖြစ်ပြီး သူမကို ၃ နှစ်ကြာမှ ဖန်သားပြင်မှာ ပြန်လည်မြင်​တွေ့ရမှာဖြစ်ပါတယ်။ မင်းသား Lee Seung Gi က​တော့ ဂီတ၊ သရုပ်​ဆောင်၊ ​ဖျော်​​ဖြေ​ရေးစတဲ့ နယ်ပယ်​ပေါင်းစုံမှာ ဆု​တွေရရှိထားတဲ့ ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ​ကောင်းမွန်တဲ့ အကျင့်စရိုက်​ကြောင့် လူချစ်လူခင်​ပေါများသူပါ။

သူဟာ music show ​တွေ၊ variety show ​တွေ၊ ဆု​ပေးပွဲ​တွေမှာလည်း MC အဖြစ် ​ဆောင်ရွက်ဖူးပြီး ​ဖျော်​ဖြေ​ရေး​လောကမှာ အ​တွေ့အကြုံအများကြီးရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူဟာ “Master in the House”, “Sing Again”, “Team Up 072” စတဲ့ အစီအစဉ်​တွေမှာ ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။ ဒီ SBS ရဲ့ အစီအစဉ်အသစ်ရဲ့ နာမည်ကို​တော့ မသိရ​​သေး​ပေမဲ့ လာမယ့် ၂၀၂၂ ခုနှစ်ထဲမှာ ထုတ်လွှင့်သွားမယ်လို့ ခန့်မှန်းရပါတယ်။

Source : Kbizoom
Photo : Instagram
Written : ZL