ကမ္ဘာကျော် Dior Brand ရဲ့ ပထမဆုံး Global Ambassador ဖြစ်လာတဲ့ EXO အဖွဲ့ဝင် Sehun

Posted on

ကမ္ဘာကျော် ပြင်သစ် Brand ဖြစ်တဲ့ Dior ကို လွန်ခဲ့တဲ့ နှစ်ပေါင်း 74 ကနေစပြီး Fashion designer “Christian Dior” က စတင်တည်ထောင်ခဲ့တာပါ။ Dior brand ဟာ ယနေ့အချိန်ထိ ဒိတ်ဒိတ်ကြဲ တန်ဖိုးမြင့် Luxury brand အဖြစ် သူ့ ဂုဏ်ကိုထိန်းထားနိုင်ပါတယ်။Trend နောက်မလိုက်ဘဲ ကိုယ်ပိုင် Style နဲ့ design တွေကို ထပ်ဆင့် ထပ်ဆင့် ဖန်တီးတာဟာ သူ့ရဲ့ စံနှုန်းဖြစ်ပါတယ်။

ဒါ့အပြင် Fashion model တွေ Brand Ambassador တွေ ကို Dior ရဲ့ စံနှုန်းနဲ့ကိုက်ညီသူကိုသာ ရွေးချယ်လေ့ရှိပါတယ်။ သို့သော်လည်း နှစ်ပေါင်း ၇၄နှစ် ကြာသွားသည့်တိုင် “Global Ambassador for Dior Men” အဖြစ် မည်သည့်တစ်ဦးတစ်ယောက်ကိုမှ ရွေးချယ်ဖူးခြင်း မရှိခဲ့ပါဘူး။

ယနေ့မနက်ခင်းမှာတော့ EXO အဖွဲ့ဝင် Sehun ကို Global Brand Ambassador အဖြစ် ခန့်အပ်ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း Dior က သူတို့ရဲ့ official page ကနေ ကြေငြာခဲ့ပါတယ်။ Sehun ဟာ 2020 ခုနှစ် 10 လပိုင်းမှာ “New Face of Dior Men” အဖြစ် စတင်မိတ်ဆက်ခံရပြီး ထိုအချိန်ကစ၍ Dior ဟာ sehun ကို ပွဲဦးထုတ်ခဲ့ပါတယ်။

2020 ခုနှစ် 12 လပိုင်းမှာတော့ Sehun ကို “Dior Men Korea Ambassador” အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ထပ်ဆင့်ကြေငြာခဲ့ပါတယ်။ ထိုကတည်းက စပြီး Sehun ဟာ Dior ရဲ့ collection မျိုးစုံတိုင်းအတွက် အမျိုးမျိုးရိုက်ကူး ကြော်ငြာပေးခဲ့ရပါတယ်။ Sehun ဟာ ဘယ် fashion နဲ့ မဆို လိုက်ဖက်နေပြီး ခန့်ညားလွန်းတဲ့အတွက် နောက်ဆုံးမှာ “Global Brand Ambassador” အဖြစ် ရွေးဖို့ Dior က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့်လာမဲ့ #DiorMenFall 2022 collection မှာ Sehun ဟာ အထူးတလည် ပွဲဦးထုတ်ခြင်း ခံရမှာပါ။ နောက်ပိုင်းလည်း Sehun အကြိုက် design တွေနဲ့ ဖန်တီးထားတဲ့ Sehun x Dior collection လိုမျိုး ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ Sehun fan တွေအတွက်တော့ တကယ့်ကို ဂုဏ်ယူဖွယ်ရာအတိပါဘဲနော်။ Congratulations ပါ Sehun လေးရေ ….

Source: Dior official website
Photo Credit: Dior Official website
Written: Violet