လက်ထပ်ဖို့နဲ့ “Running Man” မှ ထွက်ခွာနိုင်ချေအား တွေးတောပြောဆိုခဲ့တဲ့ Song JiHyo

Posted on

အားလုံးရဲ့ အချစ်တော်မင်းသမီးလေး Song Ji Hyo ဟာဆိုရင် ပရိသတ်ရဲ့ ရှေ့မှောက်မှာပဲ အသက် (၄၀) ပြည့်ခဲ့ပြီးဖြစ်ပါတယ်။ အသက်ရလာတဲ့အမျှ တကိုယ်တော်အပျိုကြီးအဖြစ် ဖြတ်သန်းနေရတဲ့အပေါ် သူမရဲ့ခံယူချက်နဲ့ Running Man မှ ထွက်ခွာနိုင်ချေတွေအား အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါသေးတယ်။

အသက် (၄၀) ပြည့်သွားတဲ့ Song Ji Hyo က သူမရဲ့ ခံစားချက်တွေအား ရိုးရှင်းစွာနဲ့ ပြောပြခဲ့တာပါ။ “ကျွန်မက အသက်အရွယ်ကို သိပ်ပြီး အာရုံမထားတတ်ပါဘူး။ အသက်အရွယ်အတွက် စာဖွဲ့ပြီး ဘာလုပ်မယ်ရယ်လို့လည်း အစီအစဉ်မရှိပါဘူး။ တခုရှိတာက (၄၀) ကျော်ပြီဆိုတော့ တစ်ခုခုဖြစ်ရင် ပြန်လည်ကောင်းမွန်နိုင်တဲ့ နှုန်းက တော်တော်နှေးသွားပြီ။ ဒါလေးပဲ အခက်အခဲရှိတာပါ။

ကျွန်မကတော့ အလုပ်တွေအများကြီးပိုလုပ်နိုင်တယ်လို့ ခံစားရလို့ လက်ရှိအချိန်မှာပျော်ပါတယ်။ အရင်ကမတွေးမိ၊ မခံစားမိတာ‌တွေကိုတောင် အခုချိန်မှာ တွေးတောခံစားပေးနိုင်စွမ်းရှိလာတယ်လို့ ထင်ပါတယ်။ ဘယ်အရာမဆို လုပ်ကိုင်ကြည့်ဖြို စိန်ခေါ်နိုင်လာတယ်။ ဒါကြောင့် ခုအသက်အရွယ်က ဆုန်းဂျီဟို, ကို အကြိုက်ဆုံးပဲ။ ကျွန်မအသက်အရွယ်က အိမ်ထောင်ပြုသင့်ပြီဆိုပေမဲ့ အစီအစဉ်မရှိတာက ခက်ပါတယ်။

ကျွန်မက တကိုယ်တော်အပျိုကြီးဘဝမှာ ပျော်ရွှင်အဆင်ပြေနေတာပဲ။ ပြောရရင် ကိုယ့်ကိုကိုယ် ဂရုစိုက်စောင့်ရှောက်ဖို့ ကြိုးစားနေရတုန်းမို့လို့ တခြားသူတစ်ယောက်ကိုပါ ဂရုစိုက်ပေးဖို့ မဖြစ်နိုင်သေးပါဘူး။ လက်ရှိပုံစံနဲ့ အဆင်ပြေပါတယ်။ အခုက အသက် ၄၀ ကျော်လာပြီဆိုတော့ Running Man ရဲ့ နှစ်ရှည်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ စဉ်းစားထားတာမျိုးတွေရှိပါတယ်။

ပုံမှန်ဆိုရင် အနာဂတ်အတွက် တွေးလေ့မရှိပေမဲ့ အသက်ရလာပြီဆိုတော့ ရှေ့ဆက်ဘာလုပ်ရမလဲ? ဆိုတာမျိုး သိချင်လာခဲ့တယ်။ တကယ်လို့များ Running Man မှာ ဆက်လက်မပါဝင်တော့ဘဲ နှုတ်ထွက်ဖြစ်ရင်တောင် သေချာတာကတော့ ကျွန်မက တခြားတစ်ခုခုကို ကြိုးစားပမ်းစားလုပ်နေဦးမှာပါ” ဆိုပြီး Song Ji Hyo က ပြောသွားခဲ့ပါတယ်။

အသက် ၂၀ ကျော်အရွယ်ကစပြီး အလုပ်နဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးရွေးချယ်က ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းရှိခဲ့တဲ့ Song Ji Hyo ကတော့ ရှေ့ဆက်ပြီးလည်း ပရိသတ်တွေနဲ့ အကြာကြီးရှိနေဦးမှာ သေချာပါတယ်။ လက်ထပ်ဖို့ကိစ္စကတော့ ပရိသတ်တွေ သဘောတူနေတဲ့သူလည်းရှိတာကြောင့် သတင်းကောင်းလေးလည်း ကြားချင်လှပါတယ်နော်။

Source: Koreaboo
Photos: Koreaboo
Translated by Ivy