2021 ခုနှစ်အတွင်း Twitter ​ပေါ်မှာ လူ​ပြောအများဆုံး K-Drama (10) ခု

Posted on

ကမ္ဘာ​ပေါ်မှာ လူသုံးအများဆုံး social media platform ​​တွေထဲက တစ်ခုဖြစ်တဲ့ Twitter ဟာဆိုရင် ဒီဇင်ဘာလ ၁၀ ရက်​နေ့မှာ သူတို့​လေ့လာဆန်းစစ်ထားတဲ့ နှစ်ကုန်အချက်အလက်​တွေကိုထုတ်ပြန်​ကြေငြာခဲ့ပါတယ်။ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ်အတွင်း like အများဆုံး tweet, retweet အများဆုံး tweet, လူသုံးအများဆုံး hashtag နဲ့ keyword စတဲ့ အချက်အလက်​တွေဖြစ်ပါတယ်။

အဲ့လို Twitter က​နေ ထုတ်ပြန်လိုက်တဲ့ အချက်အလက်​တွေထဲမှာ ၂၀၂၁ ခုနှစ်အတွင်း Twitter မှာ လူ​​ပြောအများဆုံး K-drama ​စာရင်းလည်း ပါဝင်ပါတယ်။ ဒီအချက်အလက်​တွေကို Twitter က ယခုနှစ် ၁ လပိုင်း ၁ ရက်​နေ့က​နေ ၁၁ လပိုင်း ၁၅ ရက်​နေ့အထိ စစ်တမ်း​​ကောက်ယူထားတာလည်းဖြစ်ပါတယ်။ အဲ့ဒီ K-drama (၁၀) ခုက​တော့…

(1) The Penthouse : War in Life

နံပါတ် ၁ ​​နေရာမှာ ရပ်တည်​နေတာက​တော့ ၂၀၂၁ ခုနှစ်မှာ SBS ရုပ်သံလိုင်းရဲ့ ကြည့်ရှုနှုန်းအမြင့်ဆုံးနဲ့ အ​အောင်မြင်ဆုံး ဇာတ်လမ်းတွဲတစ်တွဲဖြစ်ခဲ့တဲ့ “The Penthouse” ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ၂၀၂၀ ခုနှစ် ​အောက်တိုဘာလ ၂၆ ရက်​နေ့က​နေ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်​နေ့အထိ Season 3 ခုနဲ့ပြသခဲ့တာဖြစ်ပြီး ဇာတ်ညွှန်းအလှည့်အ​ပြောင်း​တွေ​ကြောင့် Twitter မှာသာမက တခြား social media ​တွေ​ပေါ်မှာလည်း လူ​ပြောအများဆုံး K-drama တစ်ခုဖြစ်ခဲ့ပါတယ်။

(2) Happiness

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်​နေ့ကမှ tvN က​နေ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ “Happiness” ဇာတ်လမ်းတွဲက​တော့ ဒီစာရင်းရဲ့ ဒုတိယ​နေရာက​နေ ပါဝင်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်တာ​ကြောင့် ​တောင်ကိုရီးယားနိုင်ငံမှာ ကြည့်ရှုနှုန်း အရမ်းကြီး မများ​ပေမဲ့လည်း နိုင်ငံတကာမှာ​တော့ လက်ရှိ လူကြိုက်များ​နေတာဖြစ်ပါတယ်။ စိတ်မ​ကောင်းစွာပဲ ဒီ drama ဟာ အပိုင်း ၁၂ ပိုင်းသာပါဝင်တာ​ကြောင့် လာမယ့် ဒီဇင်ဘာလ ၁၁ ရက်​နေ့မှာ ဇာတ်သိမ်း​တော့မှာလည်းဖြစ်ပါတယ်။

(3) Sisyphus : The Myth

တတိယ​နေရာမှာ ရှိ​နေတာက​တော့ JTBC ရုပ်သံလိုင်းရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အ​နေနဲ့ အထူးထုတ်လွှင့်ခဲ့တဲ့ “Sisyphus : The Myth” ပဲဖြစ်ပါတယ်။ မင်းသား Cho Seung Woo နဲ့ မင်းသမီး Park Shin Hye တို့ပါဝင်သရုပ်​ဆောင်ထားတဲ့ ဒီစိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲကို ယခုနှစ် ​ဖေ​ဖော်ဝါရီလ ၁၇ ရက်​နေ့က​နေ ဧပြီလ ၈ ရက်​နေ့အထိ အပိုင်း ၁၆ ပိုင်းနဲ့ ထုတ်လွှင့်ပြသခဲ့ပြီး ထုတ်လုပ်​ရေးစရိတ် စုစု​ပေါင်း ၂၀ ဘီလီယံက​နေ ၂၅ ဘီလီယံဝမ် ကြားကုန်ကျခဲ့ပါတယ်။

(4) Sweet Home

“Sweet Home” ဇာတ်လမ်းတွဲက​တော့ ဒီစာရင်းရဲ့ နံပါတ် ၄ ​နေရာမှာ ရှိ​နေပါတယ်။ ဒီဇာတ်လမ်းတွဲဟာ နာမည်တူ webtoon ​ပေါ်မှာ အ​ခြေခံရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်​နေ့မှာ Netflix က​နေ စတင်ပြသခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ ​အ​အောင်မြင်ဆုံး Netflix Original K-drama တစ်ခုဖြစ်သလို အသားတင်ကြည့်ရှုမှု ၂.၁ ဘီလီယံ​ကျော် ရရှိခဲ့ရပါတယ်။

(5) Sell Your Haunted House

နံပါတ် ၅ ​နေရာမှာ ရပ်တည်​နေတာက​တော့ KBS2 ရုပ်သံလိုင်းရဲ့ “Sell Your Haunted House” ဇာတ်လမ်းတွဲဖြစ်ပါတယ်။ အဆိုပါဇာတ်လမ်းတွဲကို ယခုနှစ် ၄ လပိုင်း ၁၄ ရက်​နေ့က​နေ ၆ လပိုင်း ၉ ရက်​နေ့အထိ အပိုင်း ၁၆ ပိုင်းနဲ့ ထုတ်လွှင့်ပြသခဲ့ပါတယ်။ CN BLUE အဖွဲ့ဝင် Jung Yong Hwa နဲ့ မင်းသမီး Jang Na Ra တို့ ပါဝင်ထားတဲ့ ဒီသဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ​လေးဟာဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမြင့်ဆုံးကြည့်ရှုနှုန်း ၆.၉% ထိ ရရှိခဲ့တာဖြစ်ပါတယ်။

(6) The Uncanny Counter

ဒီစာရင်းထဲမှာ ပါဝင်လာတဲ့ တစ်ခုတည်း​သော OCN ရုပ်သံလိုင်းရဲ့ drama ဖြစ်တဲ့ “The Uncanny Counter” က​တော့ နံပါတ် ၆ ​နေရာမှာ ရှိ​နေပါတယ်။ ဒီဇာတ်ကားဟာ webtoon ​ကို ပြန်လည်အသက်သွင်းထားတဲ့ သဘာဝလွန်အက်ရှင်ဇာတ်လမ်းတွဲဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်​နေ့က​နေ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်​နေ့အထိ အပိုင်း ၁၆ ပိုင်းနဲ့ OCN, Netflix တို့က​နေ ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒီ drama ရဲ့ ဇာတ်သိမ်းပိုင်းဟာဆိုရင် ကြည့်ရှုနှုန်း ၁၀.၉၉% ထိရရှိခဲ့ပြီး OCN သမိုင်းမှာ ကြည့်ရှုနှုန်းအမြင့်ဆုံး ဇာတ်လမ်းတွဲဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာလည်း လူကြိုက်များတာကြောင့် Season 2 ကို ဆက်ပြီးရိုက်ကူးသွားဖို့ အတည်ပြုထားပါတယ်။

(7) Police University

နံပါတ် ၇ ​နေရာမှာရှိ​နေတာက​တော့ ​နောက်ထပ် KBS2 drama ဖြစ်တဲ့ “Police University” ပါ။ ဒီဇာတ်ကား​လေးဟာ မှုခင်း၊ ဟာသ၊ အချစ်ဇာတ်လမ်းအမျိုးအစား​လေးဖြစ်ပြီး ယခုနှစ် ၈ လပိုင်း ၉ ရက်​နေ့က​နေ ၁၀ လပိုင်း ၅ ရက်​နေ့အထိ ထုတ်လွှင့်ပြသခဲ့ပါတယ်။ မင်းသား Cha Tae Hyun, B1A4 အဖွဲ့ဝင် Jung Jinyoung နဲ့ f(x) အဖွဲ့ဝင် Krystal Jung တို့ အဓိကသရုပ်​ဆောင်ထားတဲ့ ဒီ drama က​တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျမ်းမျှကြည့်ရှုနှုန်း ၆.၅% အထိ ရရှိခဲ့ပါတယ်။

(8) Squid Game

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်​နေ့မှာ Netflix က​နေ စတင်ပြသခဲ့တဲ့ “Squid Game” ဇာတ်လမ်းတွဲက​တော့ နံပါတ် ၈ ​နေရာမှာ ရှိနေခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ယခုနှစ်အတွင်း Netflix မှာ လူကြည့်အများဆုံး စီးရီးအဖြစ် ရက်သတ္တပတ် အ​တော်ကြာရပ်တည်​နေခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ လူ​ပြောအများဆုံး၊ ​ပေါ်ပြူလာအဖြစ်ဆုံး K-drama တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် Gotham Awards, People’s Choice Awards တို့မှာလည်း ဆုရရှိခဲ့ကာ နိုင်ငံတကာရုပ်ရှင်ဆု​ပေးပွဲ​တွေမှာလည်း ဆက်ပြီး ဇကာတင်စာရင်းဝင်လျက်ရှိပါတယ်။

(9) Hometown Cha Cha Cha

နံပါတ် ၉ ​နေရာမှာရှိ​နေတဲ့ “Hometown Cha Cha Cha” ဇာတ်လမ်းတွဲက​တော့ စတင်ထုတ်လွှင့်ပြစဉ်တည်းက လူ​ပြောအများဆုံး drama စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်​​ခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Netflix ရဲ့ လူကြည့်အများဆုံးစီးရီးစာရင်းမှာ ဆက်တိုက် Top 10 ဝင်ခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ဇာတ်သိမ်းပိုင်းမှာ ကြည့်ရှုနှုန်း ၁၂.၆၆% အထိရရှိခဲ့ပြီး tvN သမိုင်းတစ်​လျှောက် ကြည့်ရှုနှုန်းအမြင့်ဆုံး drama တစ်ခုဖြစ်လာခဲ့သလို ကိုရီးယားပြည်တွင်းမှာ​ရော နိုင်ငံတကာမှာပါ ​​အောင်မြင်​ကျော်ကြားခဲ့တဲ့ drama တစ်ခုဖြစ်ပါတယ်။

(10) Jirisan

ယခုအပတ်မှာ ဇာတ်သိမ်း​တော့မယ့် tvN ဇာတိလမ်းတွဲ “Jirisan” က​တော့ နံပါတ် ၁၀ ချိတ်ပြီး ဒီစာရင်းထဲကို ပါဝင်လာခဲ့ပါတယ်။ အပိုင်း ၁၆ ပိုင်း ပါဝင်ပြီး ​ယခုနှစ် အောက်တိုဘာလ ၂၃ ရက်​နေ့မှာ စတင်ပြသခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ လျှို့ဝှက်ဆန်းကြယ်သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။

Netflix ရဲ့ “Kingdom” ဇာတ်လမ်းတွဲတည်းက လုပ်​ဖော်ကိုင်ဖက်​တွေဖြစ်ခဲ့တဲ့ မင်းသား Ju Ji Hoon နဲ့ မင်းသမီး Jun Ji Hyun တို့ဟာ ဒီဇာတ်ကားမှာလည်း အတွဲညီမှုကို ထပ်မံပြသခဲ့ပါတယ်။ ဒါ့အပြင်ဇာတ်လမ်းစတင်ပြသစဉ်တည်းကစလို့ ကိုရီးယားပြည်တွင်းမှာ ကြည့်ရှုနှုန်းအ​တော်​လေး​ကောင်းခဲ့သလို နိုင်ငံတကာ ပရိသတ်​တွေရဲ့ အား​ပေးမှုကိုလည်း ရရှိ​နေတာဖြစ်ပါတယ်။

Source : Twitter,
Photo : Asianwiki
Written : ZL