သီချင်း‌စာသားတွေအတိုင်း စံချိန်သစ်တင်ရင်း အားလုံးကို တောက်ချလိုက်တဲ့ “MIC Drop”

Posted on

BTS ရဲ့ သီချင်းတွေထဲမှာ “MIC Drop” ဟာဆိုရင် ဝေဖန်ရေးသမားတွေ၊ ယှဉ်ပြိုင်တိုက်ခိုက်သူတွေကို တောက်ချတဲ့ အပေါ်စီးက အသာရနေတဲ့သီချင်းပါပဲ။ စာသားတွေကအစ BTS တဖွဲ့လုံးကို ကိုယ်စားပြု‌နေတာဖြစ်လို့ ဂုဏ်ဆာရတဲ့အချိန်တိုင်း ARMY တွေ အကြိမ်ကြိမ်အသုံးပြုတဲ့ သီချင်းဆိုရင်လည်း မမှားပါဘူး။

နောက်ဆုံးတင်ခဲ့တဲ့စံချိန်အရ “MIC Drop” ဟာ BTS အဖွဲ့အတွက် စံချိန်တင် သီချင်းများစာရင်းထဲမှာ ပါဝင်လာခဲ့ပါပြီ။ BTS’s “MIC Drop” remix ဟာ ဆိုရင် Kpop သီချင်းများထဲမှာ မြင့်မားတဲ့မှတ်တမ်းကို ဒီဇင်ဘာလ (၁၁) ရက်နေ့ မနက်အစောပိုင်းမှာပဲ ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

December 11 ရက်နေ့မှာပဲ “MIC Drop (Steve Aoki Remix)” သီချင်းဟာ YouTube မှ ဝင်ရောက်ကြည့်ရှုနားဆင်သူပေါင်း 1.1 billion ကို ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ BTS အဖွဲ့အတွက် ၄ ပုဒ်မြောက် စံချိန်တင်သီချင်းဖြစ်လာပြီး “DNA,” “Boy With Luv,” “Dynamite” တို့နဲ့တန်းတူ ရပ်တည်နိုင်ခဲ့ပါပြီ။

“MIC Drop” remix သီချင်းဟာ ၂၀၁၇ November 24 ရက်နေ့မှာ စတင်ထွက်ရှိခဲ့တာဖြစ်လို့ မှတ်တမ်းဝင်သီချင်းဖြစ်လာဖို့အတွက် ၄ နှစ်နဲ့ ၂၇ ရက်နီးပါး အချိန်ကြာမြင့်ခဲ့ပါတယ်။ ဒီဇင်ဘာလ (၁၁) ရက်နေ့အထိ မှတ်တမ်းအရ ကြည့်ရှုသူပေါင်း 1.1 Billion နဲ့ 17 M Like ကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

BTS အဖွဲ့ရဲ့ အလန်းစားသီချင်းဖြစ်သလို ARMY တို့အတွက် ဂုဏ်ယူထိုက်တန်စွာနဲ့ အသုံးပြုတဲ့ “MIC Drop” remix ကတော့ ပြိုင်ဖက်နဲ့ ဝေဖန်သူတွေကို ထိရှစပ်ဖျဉ်းသွားစေမဲ့ ခပ်မိုက်မိုက်စာသားတွေပါဝင်‌ပါတယ်။ အခုလိုစံချိန်သစ်ကိုရရှိခဲ့တဲ့အတွက် “MIC Drop” သီချင်းကို နားဆင်ပြီး ထပ်မံဂုဏ်ဆာလိုက်ရအောင်နော်။

Source: Soompi
Photos: Soompi
Translated by Ivy