ကျန်းမာပြီး သွယ်လျတဲ့ ခန္ဓါကိုယ်​လေးကို တသမတ်တည်း ထိန်းထားနိုင်ဖို့ Jennie လုံးဝမစားတဲ့ အစားအစာတစ်ခု

Posted on

BLACKPINK အဖွဲ့ဝင် Jennie ဟာ မျက်နှာ​သေး​သေး​၊ ​​သွယ်လျတဲ့ ပုရွက်ဆိတ်ခါး​လေးနဲ့ အရပ် ၁၆၃ စင်တီမီတာကို ပိုင်ဆိုင်ထားပြီး ပွဲဦးထွက်စဉ်ကစလို့ သူမရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓါကိုယ်အချိုးအစား​ကြောင့် သတင်း​တွေမှာ မကြာခဏ​ဖော်ပြခံရပါတယ်။ သူမဟာ သူမရဲ့ ကိုယ်အ​​လေးချိန်ကို အမြဲတမ်း တသမတ်တည်း ထိန်းသိမ်းထားနိုင်တဲ့သူလည်းဖြစ်ပါတယ်။

ပွဲဦးထွက်ချိန်ကစလို့ ဝိတ်တအားတက်တာ၊ တအားကျတာမျိုးမရှိသလို မပိန်လွန်း၊ မဝလွန်းပဲ ကျစ်လျစ်ပြီး ကျန်းမာတဲ့ ခန္ဓါကိုယ်အချိုးအစားအတိုင်းပဲ ရှိ​နေခဲ့ပါတယ်။ ဒါ​ကြောင့်ပဲ Jennie ဟာ ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်ပြီး အလှအပဖန်တီးသူ၊ ဒီဇိုင်နာ​တွေရဲ့ muse ဖြစ်လာသလို Chanel နဲ့ Calvin Klein တို့လို ကမ္ဘာ​​ကျော်ဖက်ရှင် brand ​တွေရဲ့ global ambassador အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ဒါ့အပြင် သူမရဲ့ ခန္ဓါကိုယ်အချိုးအစားဟာ အမြဲလိုလို ပရိသတ်​တွေရဲ့ ပါးစပ်ဖျားမှာ ချီးမွမ်းခံခဲ့ရပြီး မိန်းက​လေးတိုင်းက စံထားရတဲ့ ခန္ဓါကိုယ်အချိုးအစားဖြစ်လာခဲ့ပါတယ်။ Jennie ဟာ ဒီလိုခန္ဓါကိုယ်အချိုးအစားကို တသမတ်တည်း ထိန်းထားနိုင်တဲ့ လျှို့ဝှက်ချက်အချို့ကို ယခင်က interview တစ်ခုမှာ ထုတ်​ဖော်​ပြောပြခဲ့ဖူးပါတယ်။

အဲ့လို ​ပြောပြခဲ့တဲ့ အထဲမှာ သူမ ​လုံးဝမစားတဲ့ အစားအစာလည်း ပါဝင်ပါတယ်။ အဲ့ဒါက​တော့ ငံတဲ့ အစားအစာ​တွေပါ။ Jennie ရဲ့ အဓိက diet plan က​တော့ ​ခန္ဓါကိုယ် ယောင်ယမ်းခြင်း ​နည်းပါး​စေဖို့အတွက် ဆိုဒီယမ်​ကို လျော့ချတာဖြစ်ပါတယ်။

ဆားပါတဲ့ အစားအစာ​တွေအစား diet လုပ်​နေစဉ်အတွင်း Jennie စားတာက​တော့ ဆားမပါတဲ့ ဆန်ပြုတ်၊ ​ထောပတ်သီး salad နဲ့ detox juice တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Yoga နဲ့ Pilates လုပ်ရတာကိုလည်း အလွန်နှစ်သက်တဲ့အတွက် ​နေ့တိုင်း လုပ်​ဆောင်​လေ့ရှိပါတယ်။

သွယ်လျလှပတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ဖို့အတွက် အစာ​လျှော့စားရုံနဲ့ မလုံ​လောက်ပဲ ​လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ပါ လိုအပ်ပါတယ်။ ဒါ​ပေမဲ့ လေ့ကျင့်ခန်းလုပ်ရတာ ပင်ပန်းတာ​ကြောင့် လူတော်​တော်များများဟာ မလုပ်ချင်ကြပါဘူး။ ဒါ​ကြောင့် Jennie က “လေ့ကျင့်ခန်းလုပ်ရတာ တကယ်ပင်ပန်းပါတယ်။

ဒါ​ပေမဲ့ ခန္ဓါကိုယ်အတွက် အရမ်း​ကောင်းပါတယ်။ ကျွန်မ အိပ်ရာထတာနဲ့ ​လေ့ကျင့်ခန်းလုပ်​လေ့ရှိတယ်။ ပြီးတာနဲ့ ကျန်းမာ​ရေးအတွက်​ကောင်း​စေမယ့် အစားအစာ​တွေစားတယ်။ ဒီလိုလုပ်ရတာက ကျွန်မအတွက် စိတ်ချမ်းသာ​စေပါတယ်” လို့လည်း ရှင်းပြခဲ့ဖူးပါတယ်။

အဓိကအားဖြင့် Jennie လို ကျစ်လျစ်လှပပြီး ပြီးပြည့်စုံတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်​တော့ မိမိရဲ့ ခန္ဓါကိုယ်အ​ကြောင်းကို အရင်ဆုံး သိဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိနဲ့ ကိုက်ညီတဲ့ အစားအ​သောက်ပုံစံနဲ့ ​diet plan ကို ရှာ​ဖွေပြီး ကျင့်သုံးနိုင်မှာပါ။ Idol ​တွေလို ပိန်ချင်တယ်ဆိုပြီး ဘာမှမစားပဲ​နေရင်​တော့ အချိန်ကြာလာတဲ့အခါ ကျန်းမာ​ရေးကို ထိခိုက်လာမှာ အ​သေအချာပါပဲ။

ဒါ​ပေမဲ့ Jennie လို ဆား​လျော့စားခြင်းဟာ ဝိတ်ကျ​စေရုံမက ​အခြား​ရောဂါ​တွေက​နေပါ ကာကွယ်​ပေးနိုင်တဲ့အတွက် ဒီအချက်ကို​​တော့ ကျင့်သုံးသင့်ပါတယ်။ ​ပြီးရင်​​တော့ မိမိနဲ့ ကိုက်ညီတဲ့ အစားအ​သောက်ပုံစံနဲ့ ​လေ့ကျင့်ခန်းကို မှန်မှန်ကျင့်သုံးခြင်းအားဖြင့် Jennie လို သွယ်လျပြီး ကျန်းမာတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Source : Kbizoom
Photo : Kpopping
Written : ZL