၂၃ ကြိမ်​မြောက် MAMA ဆု​ပေးပွဲမှာ Daesang All Kill အပါအဝင် ဆု ၉ ဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ BTS

Posted on

၂၀၂၁ ခုနှစ် Mnet Asian Music Awards (MAMA) ဆု​ပေးပွဲကို CJ E&M က​နေ ဦးစီးပြီး ဒီဇင်ဘာလ ၁၁ ရက်​နေ့က Paju မှာရှိတဲ့ CJ ENM Contents World မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆု​ပေးပွဲဟာ တစ်နှစ်တာအတွင်း အာရှတစ်လွှားက ထူးချွန်တဲ့ ဂီတပညာရှင်​တွေကို ဆုချီးမြှင့်ဂုဏ်ပြုတဲ့ ပွဲဖြစ်ပြီး နှစ်စဉ်ကျင်းပလာတာဟာ ယခုနှစ်နဲ့ဆို ၂၃ ကြိမ်​မြောက်ရှိပြီဖြစ်လည်းဖြစ်ပါတယ်။

အခုနှစ်မှာ​တော့ “Make Some Noise” ဆိုတဲ့ ​​ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပြီး IU, TWICE, aespa, Lisa, Rosé, Baekhyun, NCT127, NCT DREAM နဲ့ အခြား K-Pop အဆို​တော်များစွာက ဆု​တွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ BTS အဖွဲ့က​တော့ မ​နေ့က ပြုလုပ်ခဲ့တဲ့ Mnet Asian Music Awards (MAMA) ပွဲမှာ Daesang ဆုကြီး ၄ ဆုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ BTS အ​နေနဲ့ ဒီလို Daesang All Kill ရတာဟာ ယခုနှစ်နဲ့ဆိုရင် ၃ နှစ်ဆက်တိုက်ရှိပြီလည်းဖြစ်ပါတယ်။

TikTok Worldwide Icon of The Year: BTS
TikTok Song of The Year: BTS (Butter)

သူတို့ဟာ အ​မေရိကန်နိုင်ငံက ပြန်လာပြီး​နောက် qurantine ဝင်​နေရတဲ့အတွက် MAMA ပွဲကို မတက်​ရောက်နိုင်ခဲ့​ပေမဲ့ အခုလို Song of the Year, Album of the Year, Worldwide Icon of the Year နဲ့ Artist of the Year စတဲ့ Daesang ဆုအားလုံးကို ရရှိခဲ့တာဖြစ်ပါတယ်။ BTS ရဲ့ “Butter” သီချင်းဟာ digital ပိုင်းမှာ အား​ကောင်းခဲ့တဲ့ aespa ရဲ့ “Next Level”, IU ရဲ့ “Celebrity”, Rosé ရဲ့ “On The Ground” နဲ့ Lisa ရဲ့ “LALISA” သီချင်း​တွေကို ​ကျော်ဖြတ်ပြီး Song of the Year ဆုကို ရရှိခဲ့တာပါ။

TikTok Album of The Year: BTS (BE Album)

Artist of the Year ဆုကို​တော့ Lisa, Rosé, Kai, D.O, Baekhyun, SEVENTEEN, NCT 127, NCT DREAM, TWICE တို့ကို ​ကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် BTS ရဲ့ “BE” album က IU ရဲ့ “LILAC”, SEVENTEEN ရဲ့ “Your Choice”, TWICE ရဲ့ “Taste of Love”, NCT 127 ရဲ့ “Sticker”, Stray Kids ရဲ့ “No Easy” အပြင် အခြား​သော​ ​​​ရောင်းအား​ကောင်းတဲ့ album ​တွေထဲမှာမှ “Album of the Year” ဆုကို ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။

TikTok Artist of The Year: BTS

ဒီလို Daesang ဆုကြီး ၄ ဆုအပြင် BTS ဟာ Best Group (Male), Best Dance Performance (Male Group), Best Music Video, TikTok Favorite Moment နဲ့ Worldwide Fans’ Choice Top 10 ဆု​တွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး စုစု​ပေါင်း ဆု ၉ ဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ Congratulations ပါ BTS နဲ့ ARMY တို့​ရေ။

Source : Soompi
Photo : Twitter
Written : ZL