အနုပညာ​သက်တမ်းတစ်​လျှောက် Daesang ဆု​တွေကို ဆွတ်ခူးရရှိခဲ့ကြဖူးတဲ့ ကိုရီးယားမင်းသား​များ

Posted on

K-Pop နဲ့ ကိုရီးယားရုပ်ရှင်​​ကား​တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်​တွေဟာ Daesang ဆိုတဲ့ ကိုရီးယားစကားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ Daesang ဆိုတာက​တော့ ဆု​ပေးပွဲတစ်ပွဲရဲ့ အကြီးကျယ်ဆုံး၊ အမြင့်ဆုံးဆုကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို Daesang ဆုရဖို့ဆိုတာ အနုပညာရှင်တိုင်းရဲ့ အိပ်မက်လည်းဖြစ်ပါတယ်။ ယခုအချိိန်ဟာ နှစ်ကုန် ဆု​ပေးပွဲရာသီဖြစ်တာ​ကြောင့် ဒီတစ်ခါမှာ​တော့ Daesang ဆု​တွေကို ရရှိခဲ့ဖူးတဲ့ ကိုရီးယားမင်းသား​တွေကို ​ဖော်ပြ​ပေးချင်ပါတယ်။ အဲ့ဒီမင်းသား​တွေက​တော့

(1) Kim Soo Hyun

Kim Soo Hyun ဟာ ကိုရီးယားသရုပ်​ဆောင်​လောကမှာ အနုပညာ​ကြေးအမြင့်ဆုံးဖြစ်တဲ့အပြင် Daesang ၅ ဆုအထိရရှိထားတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ သူဟာ ပထမဆုံး Daesang ဆုကို ၂၀၁၄ ခုနှစ်က Korea Drama Awards မှာ “My Love From The Star” ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့ ၁ နှစ်ကြာပြီး​နောက် Korea Drama Awards, APAN Star Awards နဲ့ KBS Drama Awards တို့မှာ “The Producers” ဇာတ်လမ်းတွဲနဲ့ ၁ နှစ်တည်းနဲ့မှာ Daesang ဆုကြီး ၃ ဆုကို ရရှိခဲ့ပြန်ပါတယ်။ ​နောက်ဆုံးတစ်ဆုက​တော့ “It’s Okay to Not Be Okay” ဇာတ်လမ်းတွဲနဲ့ 2020 Asia Artist Awards မှာ ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး Kim Soo Hyun ဟာ ကိုရီးယား သရုပ်​ဆောင်​လောကမှာ Daesang ဆုအများဆုံးရရှိထားတဲ့ ကိုရီးယားမင်းသားဖြစ်လာခဲ့ပါတယ်။

(2) Lee Jong Suk

Lee Jong Suk က​တော့ ကြည့်ရှုသူ​တွေသာမက အနုပညာ​လောကက ကျွမ်းကျင်ပညာရှင်​တွေပါ အသိအမှတ်ပြုရ​လောက်​​အောင် သရုပ်​ဆောင်ထူးချွန်တဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ သူဟာ အသက် ၂၇ နှစ်မှာတင် Daesang ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ Daesang ဆုကို ၂၀၁၆ ခုနှစ်က နာမည်ကြီး လူကြိုက်များခဲ့တဲ့ “W-Two Worlds” ဇာတ်လမ်းတွဲနဲ့ MBC Drama Awards မှာ ရရှိခဲ့တာပါ။ ဒီဆုဟာ Lee Song Suk ရဲ့ အနုပညာသက်တမ်းတစ်​လျှောက် အ​တောက်ပဆုံး ​အောင်မြင်မှုတစ်ခုအဖြစ် ယခုအချိန်အထိ ထင်ကျန်​နေဆဲဖြစ်ပါတယ်။

(3) Song Joong Ki

“Descendants of the Sun” ဇာတ်လမ်းတွဲဟာ Song Joong Ki ကို ​​ကမ္ဘာ​ကျော်တဲ့အထိ ​အောင်မြင်​စေခဲ့ရုံသာမက ၂၀၁၆ ခုနှစ် APAN Star Awards နဲ့ ၂၀၁၆ ခုနှစ် KBS Drama Awards တို့မှာ Daesang ဆုကြီး ၂ ဆုကို ပိုင်ဆိုင်​စေခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနှစ်က KBS Drama Awards မှာ သူ့ရဲ့ ဇနီး​ဟောင်းဖြစ်သူ Song Hye Kyo နဲ့အတူ Best Couple Award ကိုလည်း ရရှိခဲ့ပါတယ်။ ဒါ​ကြောင့် “Descendants of the Sun” drama ဟာ Song Joong Ki ရဲ့ ဘဝနဲ့ အနုပညာခရီးမှာ အဖိုးမဖြတ်နိုင်တဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။

(4) Hyun Bin

Daesang ဆုရတယ်ဆိုတာနဲ့တင် အ​တော်​လေးကို ကြီးကျယ်ပြီး ဂုဏ်ယူစရာ​ကောင်း​နေပါပြီ။ ဒါ​ပေမဲ့ ​တောင်ကိုရီးယားရဲ့ အဓိကရုပ်ရှင်ဆု​ပေးပွဲကြီးတစ်ခုဖြစ်တဲ့ Baeksang Arts Awards မှာသာ Daesang ဆုရမယ်ဆိုရင်​တော့ ပိုပြီး ​အထင်ကြီးလေးစားဂုဏ်ယူစရာဖြစ်တဲ့အပြင် အဲ့ဒီ ဆု​ပေးပွဲမှာ ဆုရဖို့က ​တောင်ကိုရီးယားသရုပ်​ဆောင်တိုင်းလိုလိုရဲ့ အိပ်မက်ဖြစ်ပါတယ်။

Hyun Bin ဟာ အဲ့ဒီအရာကို လက်​တွေ့လုပ်​ဆောင်နိုင်ခဲ့ပါတယ်။ သူဟာ “Secret Garden” ဇာတ်လမ်းတွဲနဲ့ Baeksang Arts Awards မှာ ပထမဆုံး Daesang ဆုကြီးကို ရရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာပြီး​နောက် ဒုတိယ​မြောက် Daesang ကို “Crash Landing On You” ဇာတ်လမ်းတွဲနဲ့ 2020 APAN Stars Awards မှာ ရရှိခဲ့ပြန်ပါတယ်။

(5) Nam Goong Min

အက်ရှင်ဇာတ်ကြမ်း​တွေမှာ ဗီလိန်ဇာတ်ရုပ်​ကို ပိုင်နိုင်စွာ သရုပ်​ဆောင်နိုင်သူအဖြစ် လူသိများတဲ့ Nam Goong Min က​တော့ ၂၀၂၀ ခုနှစ်က SBS Drama Awards မှာ “The Penthouse” ဇာတ်လမ်းတွဲက သရုပ်​ဆောင်​​တွေကို ​ကျော်တက်ပြီး “Hot Stove League” ဇာတ်လမ်းတွဲနဲ့ Daesang ဆုကြီးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပရိသတ်​တွေဟာလည်း Nam Goong Min ဟာ ထို​ဘေ့စ်​​​ဘောအားကစားအ​ကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲထဲမှာ ထူးချွန်တဲ့ သရုပ်​ဆောင်စွမ်းရည်ကို ပြသနိုင်ခဲ့တာ​ကြောင့် ဒီဆုကြီးနဲ့ ထိုက်တန်တယ်လို့ အသိအမှတ်ပြုခဲ့ကြပါတယ်။

(6) Park Hae Jin

၂၀၀၆ ခုနှစ်က “Famous Chil Princesses” drama နဲ့ စတင်လူသိများလာခဲ့တဲ့ Park Hae Jin ဟာ သူ့ရဲ့ ဘဝမှာ Daesang ဆုရရှိဖို့ ၁၄ နှစ်ကြာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ​တော့ သူဟာ At “Kkondae Intern” ဇာတ်လမ်းတွဲ​ကြောင့် MBC Drama Awards မှာ ပထမဆုံး Daesang ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

“Kkondae Intern” ဟာ ၂၀၂၀ ခုနှစ်အတွင်း MBC က ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲ​​တွေထဲမှာ စွမ်း​ဆောင်ရည်အ​ကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတာ​ကြောင့် သူ့အ​နေနဲ့ ဒီဆုကို ရရှိခဲ့တာ ဆန်း​တော့မဆန်းပါဘူး။

(7) Joo Won

သူ့ရဲ့ အနုပညာသက်တမ်းတစ်​လျှောက်မှာ Joo Won ဟာ Daesang ဆုအတွက် ၃ ကြိမ် ဇကာတင်ဝင်ခဲ့​ပေမဲ့ ၁ ကြိမ်သာ ဆုရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်က SBS Drama Awards ဆု​ပေးပွဲမှာ “Good Doctor” ဇာတ်လမ်းတွဲနဲ့ Yoo Ah In, Kim Hee Ae, Kim Hyun Joo နဲ့ Ha Ji Won တို့လို ထိပ်တန်းသရုပ်​ဆောင်​တွေကို ​ကျော်​ဖြေတ်ပြီး Daesang ဆုကြီးကို ရရှိခဲ့တာဖြစ်ပါတယ်။

(8) Ji Sung

သူ့ရဲ့ ဇနီးဖြစ်သူ Lee Bo Young လိုပဲ မင်းသား Ji Sung ဟာ သူ့ရဲ့ ဘဝမှာ Daesang ဆုကို ၂ ခါ ရရှိခဲ့ဖူးပါတယ်။ ပထမတစ်ကြိမ်က​တော့ ၂၀၁၅ ခုနှစ်က MBC Drama Awards မှာ“Kill Me, Heal Me“ ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီနှစ်က MBC ဟာ Daesang ဆုအတွက် ပရိသတ်​တွေကို မဲ​ပေး​ရွေးချယ်​စေခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြိမ်က​တော့ ၂၀၁၇ ခုနှစ်က SBS Drama Awards မှာ “Innocent Defendant” ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ Ji Sung နဲ့ Lee Bo Young လို Daesang ဆုရ သရုပ်​ဆောင်စုံတွဲဟာ ကိုရီးယား​အနုပညာလောကမှာ ရှားပါးပါတယ်။

Source : Kbizoom
Photo : Twitter, Naver
Written : ZL