Korean Celebrity

မ​မျှော်လင့်ပဲ ကိုဗစ်​ရောဂါပိုး ကူးစက်ခံလိုက်ရတာ​ကြောင့် အချိန်ဇယား​အားလုံးကို ဖျက်သိမ်းလိုက်ရတဲ့ Yoo Jae Suk

ဒီဇင်ဘာလ ၁၃ ရက်​နေ့မှာ တောင်ကိုရီးယား​ဖျော်​ဖြေ​ရေး​လောကရဲ့ အ​​ကျော်​ဇေယျဖြစ်သလို ကမ္ဘာတစ်ဝှမ်းက ပရိသတ်​တွေရဲ့ အချစ်နဲ့ ​လေးစားမှုကို လက်ခံရရှိထားတဲ့ Yoo Jae Suk နဲ့ ပတ်သက်လို့ စိတ်မ​ကောင်းစရာ သတင်းတစ်ခုကို သူ့ရဲ့ ​အေဂျင်စီဖြစ်တဲ့ Antenna Entertainment က ထုတ်ပြန်​ကြေငြာလိုက်ပါတယ်။

အဲ့ဒီသတင်းက​တော့ Yoo Jae Suk ဟာ ကိုဗစ်​ရောဂါကူးစက်ခံလိုက်ရပြီဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းဟာ လက်ရှိမှာ ပရိသတ်​တွေကို အ​တော်​လေး အံ့သြထိတ်လန့်​စေပြီး လူ​ပြောများတဲ့ အ​ကြောင်းအရာတစ်ခုဖြစ်လို့​​နေပါတယ်။ Antenna Entertainment က “Antenna ရဲ့ အနုပညာရှင်ဖြစ်တဲ့ Yoo Jae Suk ဟာ ဒီ​နေ့ (ဒီဇင်ဘာလ ၁၃ ရက်​နေ့) မနက်က ကိုဗစ်စစ်​ဆေးမှုခံယူခဲ့ပြီး ​ရောဂါပိုးရှိ​နေ​ကြောင်း အ​ဖြေထွက်ခဲ့ပါတယ်။

Yoo Jae Suk ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကာကွယ်​ဆေး ဒုတိယအကြိမ်ထိုးပြီးပြီလည်းဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်​နေ့မှာ​​တော့ သူဟာ ကိုဗစ်​​ရောဂါပိုးရှိသူနဲ့ အနီးကပ်ဆက်ဆံခဲ့​ကြောင်း သိရှိပြီးတာနဲ့ ချက်ချင်းပဲ ပထမအကြိမ် PCR စစ်​ဆေးမှုကို ခံယူခဲ့ပါတယ်။ အဲ့တုန်းက​တော့ ​ရောဂါပိုးမ​တွေ့ရှိရပဲ ​စောင့်ကြည့်မှုခံယူဖို့လိုတဲ့သူအဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။

အဲ့ဒီ​နောက် ​ရောဂါကာကွယ်ထိန်းချုပ်​ရေး စည်းမျဉ်း​တွေအရ ဒီ​နေ့မနက်မှာ ဒုတိယအကြိမ် PCR စစ်​ဆေးမှုကို ခံယူခဲ့ပြီး ​ရောဂါပိုးရှိ​ကြောင်းအ​ဖြေထွက်ခဲ့တာပါ။ လက်ရှိမှာ Yoo Jae Suk ဟာ သူ့ရဲ့ အချိန်ဇယား​တွေ၊ လှုပ်ရှားမှု​တွေ အားလုံးကို ဖျက်သိမ်းပြီး ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် တာဝန်ရှိသူ​တွေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း​​တွေကို လိုက်နာကျင့်သုံးလျက်ရှိပါတယ်။

ကျွန်​​တော်တို့အ​နေနဲ့ ကျွန်​တော်တို့ရဲ့ အနုပညာရှင်​​တွေ၊ ဝန်ထမ်း​တွေရဲ့ ကျန်းမာ​ရေးနဲ့ လုံခြုံ​ရေးအတွက် ​ရောဂါကာကွယ်ထိန်းချုပ်​ရေး တာဝန်ရှိသူ​တွေက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း​​တွေကို အစွမ်းကုန် လိုက်နာကျင့်သုံးသွားပါမယ်လို့ ကတိ​ပေးပါတယ်။ ​​ကျေးဇူးတင်ပါတယ်” လို့ အ​သေးစိတ်​ရေးသားပြီး ရှင်းပြထားပါတယ်။

ပြီးခဲ့တဲ့ ၁၁ ရက်​နေ့တုန်းကပဲ Antenna ရဲ့ CEO ဖြစ်သလို အဆို​တော်၊ သီချင်း​ရေးဆရာနဲ့ TV စတားဖြစ်တဲ့ Yoo Hee Yeol မှာ ကိုဗစ်​ရောဂါရှိ​​နေ​ကြောင်း ရှာ​ဖွေ​တွေ့ရှိခဲ့ပါတယ်။ Yoo Jae Suk ဟာ Yoo Hee Yeol နဲ့ အလွန်ရင်းနှီးတဲ့သူတစ်ဦးဖြစ်တာ​ကြောင့် သူ့ဆီက​နေ ရောဂါပိုး ကူးစက်သွားပုံရပါတယ်။ မ​မျှော်လင့်ပဲ ဒီလိုဖြစ်သွားရတာ စိတ်မ​ကောင်းစရာဆို​ပေမဲ့ အမြန်ဆုံး ​ရောဂါ​ပျောက်ကင်းပြီး ကျန်းကျန်းမာမာနဲ့ ပရိသတ်​တွေ​ရှေ့ကို ပြန်လာနိုင်ဖို့ ဆု​တောင်းပါတယ်။

Source : Soompi
Photo : Instagram
Written : ZL