Thyroid Cancer ​ကြောင့် ခွဲစိတ်မှုခံယူထားရတဲ့ “Parasite” မင်းသမီး Park So Dam

Posted on

“Cinderella and Four Knights”, “Parasite”, “Record of Youth” ဇာတ်ကား​တွေနဲ့ ပရိသတ်​တွေရဲ့ အချစ်ကို တစ်ခဲနက်ရရှိလာတဲ့ မင်းသမီး Park So Dam ဟာ မကြာ​သေးခင်က thyroid cancer အတွက် ခွဲစိတ်မှုခံယူခဲ့ရပြီး လက်ရှိမှာ​တော့ အနားယူလျက်ရှိတယ်လို့ ဒီဇင်ဘာလ ၁၃ ရက်​နေ့မှာ သူမရဲ့ ​အေဂျင်စီဖြစ်တဲ့ Artist Company က ထုတ်​​ပြန်​ကြေငြာလိုက်ပါတယ်။

အဲ့ဒီ စာအရဆိုရင် Park So Dam ဟာ မကြာခင်ထွက်ရှိလာ​တော့မယ် သူမရဲ့ ရုပ်ရှင်ကားအသစ် “Special Delivery” အတွက် လှုပ်ရှားမှု​တွေမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ Artist Company က ထုတ်ပြန်လိုက်တဲ့ စာအပြည့်အစုံက​တော့ ​အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ “မင်းသမီး Park So Dam ဟာ ပုံမှန်ကျန်းမာ​ရေးစစ်​ဆေးမှု ခံယူရင်းနဲ့ thyroid cancer ​​ရောဂါရှိ​နေ​ကြောင်း စစ်​ဆေး​တွေ့ရှိခဲ့ရပြီး ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ခွဲစိတ်ကုသမှုကို ခံယူပြီးပြီဖြစ်ပါတယ်။

အချိန်အကြာကြီး ​စောင့်ခဲ့ရတဲ့ “Special Delivery” ဇာတ်ကားကလည်း မကြာခင်ထွက်ရှိလာ​တော့မှာဖြစ်တာ​ကြောင့် မင်းသမီး Park So Dam ဟာ သူမကို ​စောင့်​မျှော်အား​ပေး​နေကြတဲ့ ပရိသတ်​တွေနဲ့ အတူမရှိနိုင်တဲ့အတွက် စိတ်ပျက်ဝမ်းနည်း​နေပါတယ်။ မင်းသမီး Park So Dam ဟာ “Special Delivery” ပရိုမိုးရှင်း​တွေမှာ မပါဝင်နိုင်​​ပေမဲ့ ဇာတ်ကားအတွက် အား​ပေး​နေပါတယ်။

ကျွန်​တော်တို့အ​နေနဲ့ “Special Delivery” ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်​ဆောင်​​တွေ၊ ရိုက်ကူး​ရေးဝန်ထမ်း​တွေနဲ့ “Special Delivery” ဇာတ်ကားနဲ့ မင်းသမီး Park So Dam ကို အား​ပေး​နေကြတဲ့သူ အားလုံးကို ​​ကျေးဇူးတင်​ကြောင်း ထပ်မံ​ပြောကြားချင်ပါတယ်။ မင်းသမီး Park So Dam ဟာ အနာဂတ်မှာ ကျန်းကျန်းမာမာနဲ့ အားလုံးကို ပြန်လည်​တွေ့ဆုံနှုတ်ဆက်နိုင်​အောင်လို့ သူမရဲ့ ကျန်းမာ​ရေးအတွက် ဂရုစိုက်သွားမှာဖြစ်ပြီး သူမရဲ့ ​အေဂျင်စီဖြစ်တဲ့ Artist Company ကလည်း မင်းသမီးအမြန်ဆုံး ပြန်လည်ကျန်းမာလာ​အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။

​ကျေးဇူးတင်ပါတယ်”။ “Special Delivery” ဟာ မှုခင်းအက်ရှင်ဇာတ်လမ်းသစ်ဖြစ်ပြီး မင်းသမီး Park So Dam က ထိုဇာတ်ကားမှာ ဘယ်ပစ္စည်းမဆို တန်ရာတန်​ကြေးယူပြီး အချိန်တိုအတွင်း ​မည့်သည့်နေရာကိုမဆို အောင်မြင်စွာပို့​ဆောင်​ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ delivery သမား Eun Ha အဖြစ် သရုပ်​ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးကို လာမယ့် ဇန်နဝါရီလ ၁၂ ရက်​နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Source : Soompi, Koreaboo
Photo : celebmafia
Written : ZL