ပိုက်ဆံမျက်နှာထက် ပရိတ်သတ်တွေ စိတ်ချမ်းသာဖို့ ဦးစားပေးပြီးကျင်းပခဲ့တဲ့ Kai ရဲ့ Solo Concert

Posted on

EXO အဖွဲ့ဝင် Kai ဟာ သူ့ရဲ့ပထမဆုံး solo concert ကြီးကို December 12 ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ Korea မှာ ခုဆို တခြား idol တွေဟာ offline concert တောင် ကျင်းပနေကြပါပြီ။ ဒါပေမဲ့ Kai ကတော့ Korea က ပရိတ်သတ်တွေသာမက တကမ္ဘာလုံးက ပရိတ်သတ်တွေကြည့်ရှုလို့ရအောင် online concert စီစဉ်စေခဲ့ပါတယ်။

Concert နေ့ရောက်တော့လည်း သူ့ရဲ့အမျိုးစုံသော၊ ဂန္တဝင်မြောက်သော Performance တွေအများကြီးနဲ့ တသက်မမေ့နိုင်စရာ အမှတ်တရတွေကို ပရိတ်သတ်တွေအတွက် ဖန်တီးပေးခဲ့ပါတယ်။ Kai ရဲ့ concert ဟာ online ကနေကြည့်ရှုရတာဖြစ်တဲ့အတွက် ticket တော့ ဝယ်ရပါတယ်။ ticket တစ်စောင်ဟာ မြန်မာငွေနဲ့ဆို ၈သောင်းကျော်ရှိပါတယ်။

concert ဟာ live ဖြစ်တဲ့အပြင် တဆင့်ခံ application တွေနဲ့ ကြည့်ရှုလို့မရအောင် SM က privacy တင်းကျပ်ထားပါသေးတယ်။ ပိုက်ဆံချမ်းသာတဲ့ fan တွေအတွက် ကိစ္စမရှိပေမဲ့ မတတ်နိုင်တဲ့ fan တွေအတွက်ကတော့ အိပ်မက်လေးတစ်ခုပါ။ ဒါကိုသိတဲ့ Kai ဟာ concert ကျင်းပနေတဲ့ တလျှောက်လုံး အလျှင်းသင့်ရင်သင့်သလို Instagram ကနေ ခဏခဏ Live လွှင့်ပေးခဲ့ပါတယ်။

သူ့ရဲ့ concert ဟာ ဘယ်လိုဘယ်ပုံဆိုတာ သိစေချင်တဲ့ စိတ်ဆန္ဒနဲ့ ခုလို လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ခုလောက်ဆို SM ကတော့ သွေးတက်နေလောက်ပါပြီ။ Kai ကတော့ ဂရုမစိုက်ဘဲ ပရိတ်သတ်စိတ်ချမ်းသာဖို့သာ အဓိကလို့ တွေးထားတဲ့ပုံပါဘဲ။ ဒါကြောင့်လည်း Kai လေးကို EXO L လေးတွေ သည်းသည်းလှုပ်ချစ်နေကြရတာ ဖြစ်ပါတယ်။

Source: Twitter
Photo Credit: @zkdlin IG acc
Written: Violet