ကမ္ဘာ့ Guinness Record (၂) ခုတိတိကို အလွယ်လေး စံချိန်ချိုးကာ မှတ်တမ်းသစ်တင်ခဲ့သူ V

Posted on

BTS ကတော့ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ စံချိန်ဟောင်းတွေကိုချိုးဖျက်ပြီး မှတ်တမ်းသစ်တင်နိုင်တဲ့သူတွေပါ။ အခုဆိုရင် ဂီတနယ်ပယ်ထဲက စံချိန်တွေသာမက လူမှုရေးရာနယ်ပယ်ဖက်မှာလည်း BTS အဖွဲ့ဝင် V ဟာ မူလစံချိန်ကို ချိုးဖျက်ကာ အမြင့်ဆုံးအဖြစ် ထိပ်ဆုံးကနေရပ်တည်နေခဲ့ပါပြီ။

ဒီဇင်ဘာလ (၆) ရက်နေ့တုန်းက BTS အဖွဲ့ဝင် (၇) ဦးစလုံး ကိုင်ပိုင် Instagram အကောင့်တွေကို အသီးသီးဖွင့်ခဲ့ကြတာကြောင့် Following လုပ်ထားဖို့ အားပေးသူပရိသတ်တွေ ယောက်ယက်ခတ်ကုန်ကြပါတယ်။ ဒီလို Instagram အကောင့်ဖွင့်ရင်း BTS’s V ဟာ ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတော့တယ်။

တပတ်ကျော်ကြာပြီး December 13 ရက်နေ့မှာတော့ Guinness World Records ဖက်ကနေ BTS’s V ရဲ့ စံချိန်သစ်နဲ့ပတ်သက်လို့ ဂုဏ်ပြုကြေညာခဲ့ပါတယ်။ V ဟာ စံချိန် (၂) ခု တိတိကို အလွယ်တကူပဲ ချိုးဖျက်နိုင်ခဲ့တာပါ။ Follower ပေါင်း ၁ သန်းကို အမြန်ဆုံးရရှိခဲ့တဲ့ စံချိန်နဲ့ Followers ပေါင်း ၁၀ သန်းကို အမြန်ဆုံးရရှိခဲ့တဲ့ စံချိန် ဆိုပြီး မှတ်တမ်းသစ် (၂) ခု ထွက်လာခဲ့ပါတယ်။

Instagram စဖွင့်ဖွင့်ချင်း ၄၃ မိနစ်အတွင်းမှာပဲ 1 M followers ရရှိခဲ့ပြီး ၄ နာရီနဲ့ ၅၂ မိနစ်အတွင်း 10 M ရရှိခဲ့တဲ့အထိ V ရဲ့ အောင်မြင်မှုက မြန်ဆန်လှပါတယ်။ ဒီလိုမျိုး အောင်မြင်မှုကြောင့်ပဲ Guinness World Records (၂) ခုတိတိကို စံချိန်သစ် တင်ခဲ့တာဖြစ်ပါတော့တယ်။

လက်ရှိ BTS အဖွဲ့ဝင်အားလုံးရဲ့ အကောင့်တွေဟာ 20 M followers ကျော်နေပါပြီ။ တစ်ယောက်ချင်းစီအပြင် BTS အဖွဲ့လိုက်အနေနဲ့လည်း ဂီတနယ်ပယ်ရဲ့ စံချိန်သစ် (၅) ခုတိတိကို “Butter” သီချင်းနဲ့ ချိုးဖျက်အောင်မြင်ထားပါသေးတယ်။

ဒီအတွက်ကြောင့်လည်း “2022 Guinness World Records Hall of Fame” မှာ ဂုဏ်ပြုချီးမြှင့်သွားဦးတော့မှာပါ။ ဒီလိုမျိုး စံချိန်တွေချိုးကာ အောင်မြင်မှုပေါင်း သရဖူဆောင်းထားတဲ့ BTS အဖွဲ့လိုက်အနေနဲ့ကော V အတွက်ပါ ဂုဏ်ယူလို့မဆုံးတော့ပါဘူး။

Source: Soompi
Photos: BTS Official
Translated by Ivy