အားလပ်ရက်မှာ ​မုန့်အတူလုပ်စားရင်း သူတို့ကြားက ခင်မင်ရင်းနှီးမှုကို ပြသခဲ့တဲ့ Kim Go Eun နဲ့ Rosé

Posted on

“Goblin”, “The King : Eternal Monarch”, “Yumi’s Cells” ဇာတ်လမ်းတွဲ​တွေ ပရိသတ်​တွေရဲ့ အား​ပေးမှုကို အစဉ်တစိုက်ရရှိလာတဲ့ မင်းသမီး Kim Go Eun နဲ့ ကမ္ဘာ​ကျော် K-Pop Idol တစ်ဦးဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Rosé တို့ဟာ မကြာ​​သေးခင်က အားလပ်ရက်မှာ ​တွေ့ဆုံခဲ့ကြပြီး ​ပျော်ရွှင်စွာ အချိန်ကုန်ဆုံးခဲ့ကြပါတယ်။

Rosé နဲ့ Kim Go Eun တို့ဟာ ဒီဇင်ဘာလ ၁၃ ရက်​နေ့က သူတို့နှစ်ဦး stawberry tart အတူစား​နေတဲ့ ချစ်စရာပုံ​လေး​တွေကို သူတို့ရဲ့ Instagram account ​တွေမှာ ပြမျှ​ဝေခဲ့တာပါ။ အဲ့ဒီဓါတ်ပုံ​တွေထဲမှာ သူတို့ဟာ ​အေပရွန်​လေး​တွေကို ဝတ်ဆင်ထားတာကို ကြည့်ခြင်းအားဖြင့် သူတို့​ရှေ့မှာရှိတဲ့ stawberry tart ​လေး​တွေဟာ သူတို့ကိုယ်တိုင် ပြုလုပ်ထားတာဖြစ်နိုင်ပါတယ်။

ဒီစူပါစတား ၂ ဦးရဲ့ကြားက ခင်မင်ရင်းနှီးမှုနဲ့ ချစ်ခြင်း​မေတ္တာကိုလည်း သူတို့တင်ထားတဲ့ပုံ​တွေ၊ ​ရေးထားတဲ့ caption ​တွေက​နေတစ်ဆင့် ခံစားသိရှိနိုင်ပါတယ်။ အရင်ဆုံး Rosé က သူမရဲ့ post မှာ “မျှော်လင့်​နေခဲ့တဲ့ tart ​လေး” လို့​ရေးထားပြီး Kim Go Eun က​​တော့ “Chaeyoung နဲ့အတူ” ဆိုပြီး Rosé ရဲ့ ကိုရီးယားနာမည်အရင်းကို ချစ်စနိုး​​ခေါ်ကာ caption ​ရေးသားထားတာကို ​တွေ့ရပါတယ်။ Kim Go Eun ရဲ့ post ​အောက်မှာ​တော့ Rosé က အသည်းပုံ emoji ​တွေနဲ့ သူမရဲ့ အချစ်ကို ပြန်လည်​ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် “Hospital Playlist” မင်းသမီး Ahn Eun Jin နဲ့ “Happiness” မင်းသမီး Han Hyo Joo တို့ကလည်း Kim Go Eun ရဲ့ post မှာ မှတ်ချက်ဝင်​ရေးခဲ့ကြပါ​သေးတယ်။ အဲ့ဒီ​နောက် Kim Go Eun ဟာ သူမရဲ့ Instagram Story မှာ Rosé ကို tag လုပ်ကာ “​ကျေးဇူးတင်ပါတယ်” ဆိုနဲ့ စာနဲ့အတူ ဆွဲကြိုးပုံ​လေးတစ်ပုံကိုလည်း တင်ခဲ့ပါတယ်။ အဲ့ဒီပုံကို​​တော့ Rosé က သူမရဲ့ Instagram Story မှာ ပြန်တင်ခဲ့ပါတယ်။

မင်းသမီး Kim Go Eun နဲ့ Rosé တို့ဟာ JTBC ရုပ်သံလိုင်းရဲ့ variety show “Sea of Hope” မှာ စတင်​တွေ့ဆုံသျကျွမ်းခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်မှာ Kim Go Eun က အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပြီး Rosé က ဧည့်သည်အ​နေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အစီအစဉ်က​တော့ ပြီးဆုံးသွား​ပြီဆိုပေမဲ့ သူတို့ရဲ့ ခင်မင်မှု​လေး ဆက်လက်တည်တံ့​နေတာကို မြင်ရတာ တကယ်ကို ဝမ်းသာစရာပါပဲ။

Source : Soompi, Pinkvilla
Photo : Instagram
Written : ZL