Xiaoting နဲ့ Mashiro တို့ရဲ့ အခြေအနေကြောင့် debut ဖို့ အချိန်နောက်ဆုတ်လိုက်ရတဲ့ Kep1er အဖွဲ့

Posted on

“Girls Planet 999” ပြိုင်ပွဲဟာ ရေပန်းစားဆုံး survival program တစ်ခုဖြစ်ခဲ့ပြီး နောက်ဆုံး final round မှာ အနိုင်ရရှိခဲ့တဲ့ ၉ ယောက်ကို Kpop female group တစ်ခုအဖြစ် debut ပေးဖို့ Mnet က စီစဉ်ခဲ့ပါတယ်။ Kep1er လို့ နာမည်ပေးထားပြီး ဒီလ လယ်လောက်မှာ ပွဲဦးထွက်ဖို့ လျာထားတာပါ။

ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် plan ကို ခဏခဏ နောက်ရွေ့ခဲ့ရာမှ 2022 ခုနှစ်ထိ ရွေ့ခဲ့ပါတယ်။ ဒီနေ့ December 14 ရက်နေ့မှာတော့ Kep1er အဖွဲ့ရဲ့ အေဂျင်စီ “Wakeone Entertainment” က ပိုမိုတိကျတဲ့ statement တစ်ခုကို ခုလို ထုတ်ပြန်ပေးခဲ့ပါတယ်။

“လွန်ခဲ့တဲ့ December 5 ရက်နေ့မှာ Kep1er အဖွဲ့နဲ့ တွဲလုပ်နေတဲ့ staff တစ်ယောက်ဟာ Covid-19 positive ဖြစ်နေတာကြောင့် Kep1er အဖွဲ့ဝင်တွေအကုန်လုံးနဲ့ ကျန် staff တွေကို test စစ်ခိုင်းခဲ့ပါတယ်။ ထိုအချိန်တုန်းကတော့ အားလုံးက negative အဖြေသာ ထွက်ရှိခဲ့ပါတယ်။

သို့သော်လည်း ရောဂါပိုး ပျံ့နှံ့မှုကိုထိန်းချုပ်ဖို့အတွက် PCR test ကို မဖြစ်မနေ ခဏခဏ စစ်စေခဲ့ပါတယ်။ မကြာသေးခင်က ထပ်စစ်ခဲ့တဲ့ ရလဒ်အရ Xiaoting နဲ့ Mashiro ဟာ positive ဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ negative ရလဒ် ထွက်ခဲ့ပါတယ်။

လောလောဆယ်တော့ Xiaoting ရော mashiro ရော အသက်ရှုလမ်းကြောင်းဆိုင်ရာ ခက်ခဲတာမျိုးတွေ၊ အအေးမိလက္ခဏာရှိတာမျိုးတွေ မတွေ့ရသေးပါဘူး။ staff တွေအကုန်လုံးလည်း negative ပါ။ ခုလို ဖြစ်ရပ်တွေကြောင့် member တွေရဲ့ အနုပညာလှုပ်ရှားမှုကို ခဏနားခိုင်းထားပြီး ကျန်းမာရေးဌာနက လမ်းညွှန်ချက်တွေနဲ့ အညီ ကာကွယ်စောင့်ရှောက်ထားပါတယ်။

ကျွန်ုပ်တို့ရဲ့ အနုပညာရှင်တွေနဲ့ staff တွေရဲ့ ကျန်းမာရေးနဲ့ safety ကိုသာ ပထမဦးစားပေးလုပ်နေတယ်ဆိုတာ ကျွန်တော်တို့ ကတိခံပါတယ်။ဒါ့အပြင် Xiaoting နဲ့ Mashiro အမြန်ဆုံးပြန်လည်သက်သာဖို့ အဖက်ဖက်က ထောက်ပံ့ပေးနေကြောင်း ကျွန်တော်တို့ ထပ်လောင်းပြောကြားလိုပါတယ်။ ခုလိုဖြစ်ရတဲ့ ဖြစ်ရပ်တွေနဲ့ ပက်သက်ပြီး fan တွေကို အနူးအညွတ်တောင်းပန်ပါတယ်ဗျာ”

Source: Allkpop
Photo credit: Kep1er official page
Written: Violet