“Bad & Crazy” drama အတွက် Lee Dong Wook နဲ့အတူ “Best Couple” ဆုကို ရချင်တယ်ဆိုတဲ့ Wi Ha Jun

Posted on

ဒီဇင်ဘာလ ၁၃ ရက်​နေ့မှာ tvN ရဲ့ drama အသစ် ‘Bad and Crazy’ အတွက် စာနယ်ဇင်းရှင်းလင်းပွဲကို အွန်လိုင်းက​နေ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစာနယ်ရှင်းလင်းပွဲမှာ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့ ​အ​မေးအ​ဖြေ​တွေ ပြုလုပ်ခဲ့ကြပြီး အဓိကသရုပ်​ဆောင် ၂ ဦးဖြစ်တဲ့ Wi Ha Jun နဲ့ Lee Dong Wook တို့ဟာလည်း ဇာတ်လမ်းရိုက်ကူး​နေစဉ်အချိန်အတွင်း သူတို့ရဲ့ chemistry က ဘယ်လိုအ​ခြေအ​နေရှိလဲဆိုတာကို ​မေးမြန်းခံခဲ့ရပါတယ်။

ဒါ​ကြောင့် အရင်ဆုံး မင်းသား Lee Dong Wook က “အရမ်း​ကောင်းခဲ့ပါတယ်။ ကျွန်​တော်တို့ဟာ ခန္ဓါကိုယ် ၂ ခုရှိ​နေတဲ့ လူတစ်​ယောက်လိုပါပဲ။ Ha Jun ကိုလည်း ​ကျေးဇူးအရမ်းတင်ပါတယ်” လို့ ​ပြန်လည်​ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး Lee Dong Wook က “သူက ရိုက်ကူး​​ရေး လုပ်​နေတဲ့တစ်​လျှောက်လုံး အမြင်ကျယ်ကျယ်ရှိခဲ့တယ်။

ကျွန်​တော့်ရဲ့ အကြံဉာဏ်​​တွေကိုလည်း လက်ခံပြီး နည်းလမ်းသစ်မျိုးစုံနဲ့ ရိုက်ကူးကြည့်ဖို့ အမြဲအဆင်သင့်ဖြစ်​နေခဲ့တယ်။ Drama ထဲမှာ ကျွန်​တော်တို့ရဲ့ bromance ကို ​စောင့်​မျှော်ကြည့်ရှုလို့ရပါတယ်” ဆိုပြီး​​တော့လည်း ရှင်းပြခဲ့ပါတယ်။ ထိုအခါ မင်းသား Wi Ha Jun ကလည်း ရယ်​မောရင်း “ကျွန်​တော် အကို Dong Wook နဲ့ Baeksang Arts Awards မှာ ‘Best Couple Award’ ကို ရချင်တယ်။ ဒါက ကျွန်​တော် တကယ်ဖြစ်ချင်တဲ့အရာပါ။ ကျွန်​တော်တို့ရဲ့ chemistry က အဲ့​လောက်ထိ​ကောင်းပါတယ်” လို့ ​ပြောကြားခဲ့ပြန်ပါတယ်။

အဲ့ဒီ​နောက် သူက “ကျွန်​​တော်က ဒီသရုပ်​ဆောင်နယ်ပယ်ထဲမှာ အကို Dong Wook ​လောက် အ​တွေ့အကြုံမရှိဘူး​လေ။ အဲ့​တော့ သူ့​လောက် အကြံဉာဏ်​တွေလည်း မများဘူး။ ကျွန်​တော်လုပ်ခဲ့တဲ့ တစ်ခုတည်း​သောအရာက သူ့ရဲ့ ​ခြေလှမ်းအတိုင်းလိုက်တာပါပဲ။ ဒါ​ပေမဲ့ ဒါကပဲ ကျွန်​​တော်တို့ကြားမှာ chemistry ​​ကောင်း​စေခဲ့တဲ့ အချက်တစ်ချက်ဖြစ်မယ်လို့ထင်တယ်” ဆိုပြီး ဆက်​ပြောပြခဲ့ပါတယ်။

ဒါ့အပြင် Wi Ha Jun က “အကို Dong Wook က တကယ်ကို အ​သေးစိတ်ကျတဲ့သူတစ်​ယောက်ပါ။ ကျွန်​တော် ​ပြောတဲ့​​မေးတဲ့ အရာမှန်သမျှ တစ်ချက်​လေး​တောင် သူက မလွတ်​စေခဲ့ဘူး။ သူနဲ့ အလုပ်အတူတွဲလုပ်ရတာ မယုံနိုင်​လောက်​အောင် ​ကောင်းပါတယ်” ဆိုပြီး Lee Dong Wook ကို ချီးကျူးခဲ့ပါ​သေးတယ်။

‘Bad and Crazy’ ဇာတ်လမ်းတွဲဟာ ​ဖြောင့်မတ်မှန်ကန်စွာ​​နေထိုင်တတ်​ပေမဲ့ ​ရှေ့​နောက်မဆင်မခြင်ပဲ တဇွတ်ထိုးလုပ်တတ်တာ​ကြောင့် အရူးလို့ ​အများက ​ခေါ်ဆိုကြတဲ့ K (Wi Ha Jun) နဲ့ K ကို ​တွေ့ပြီး​နောက် လူသားဆန်မှုကို ပြန်လည်ရရှိလာတဲ့ ပြိုင်ဘက်ကင်း​လောက်​အောင် ဆိုးသွမ်းတဲ့ Soo Yeol (Lee Dong Wook) ​ဆိုတဲ့ လူ ၂ ​ယောက်အ​ကြောင်းကို ရိုက်ကူးပုံ​ဖော်ထားတဲ့ ဟီးရိုးအက်ရှင် drama ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံးအပိုင်းကို ဒီဇင်ဘာလ ၁၇ ရက်​နေ့မှာ ပြသသွားမှာဖြစ်ပါတယ်။ ကာယကံရှင်​တွေကိုယ်တိုင်က​တောင် သူတို့ရဲ့ chemistry က ဒီ​​လောက်ကောင်းတယ်လို့ ညွှန်း​နေမှ​တော့ ပရိသတ်​တွေလည်း အရမ်းကို သ​ဘောကျနှစ်ခြိုက်မှာ အ​သေအချာပါပဲ။

Source : SBS Star
Photo : tvn_drama (Instagram)
Written : ZL