ဂရမ်မီဆုများရှင် Taylor Swift ကို ကျော်တက်ကာ စံချိန်သစ်နဲ့အတူ သမိုင်းသစ်ရေးထိုးခဲ့တဲ့ BTS

Posted on

BTS က ကမ္ဘာ့ဂီတနယ်ပယ်ရဲ့ စံချိန်ပေါင်းများစွာကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ချိုးဖျက်ကာ မှတ်တမ်းသစ်တွေကို တစ်ခုပြီးတစ်ခု ရေးထိုးနေခဲ့ပါတယ်။ Kpop အဖွဲ့တဖွဲ့ဆိုပေမဲ့လည်း အနောက်တိုင်းဂီတအနုပညာရှင်တွေနဲ့ကို ရင်ဘောင်တန်းပြီး ထိပ်ဆုံးနေရာတွေကို အနိုင်ရသိမ်းပိုက်နေခဲ့တာ အကြိမ်ကြိမ်ပဲဖြစ်ပါတယ်။

ဒီတခါမှာလည်း မူလစံချိန်တင် ဂရမ်မီဆုများရှင် Taylor Swift ကို ကျော်တက်ပြီး Billboard သမိုင်းရဲ့ မှတ်တမ်းသစ်ရေးထိုးခဲ့တဲ့ ပထမဆုံးသော အနုပညာရှင်တွေဖြစ်လာခဲ့ပါတယ်။ ရရှိခဲ့တဲ့စံချိန်အရ BTS ဟာ Billboard သမိုင်းမှာ မှတ်တမ်းသစ်ရေးထိုးခဲ့တဲ့ ပထမဆုံးသော Kpop အဖွဲ့ဖြစ်သလို အမြင့်ဆုံးစံချိန်တင် ဂီတပညာရှင်အဖွဲ့ဖြစ်လာပါတယ်။

December ရက်နေ့မှာပဲ BTS ရဲ့ ‌ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ “Butter” ဟာ Digital Song Sales chart ထဲကို No. 1 အဖြစ် တဖန်ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၁၈ ပတ်တိုင်တိုင် အဆင့် (၁) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ သီချင်းတပုဒ်ဖြစ်လာကြောင်း Billboard က ကြေညာခဲ့ပါတယ်။

ဒီအောင်မြင်မှုကြောင့်ပဲ BTS အဖွဲ့ဟာ စုစုပေါင်း ၄၆ ပတ်တိတိ Billboard’s Digital Song Sales chart ရဲ့ နံပါတ် (၁) နေရာမှာ အခိုင်အမာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီစံချိန်ကြောင့်ပဲ မူလစံချိန်တင် ကမ္ဘာကျော်အနောက်တိုင်းအဆိုရှင် Taylor Swift ကို ကျော်တက်သွားခဲ့ပြီး Billboard သမိုင်းတလျှောက် ထိပ်ဆုံးမှာ ရက်သတ္တပတ်အကြာဆုံးရပ်တည်နိုင်တဲ့ အဖွဲ့တဖွဲ့အဖြစ် ဂုဏ်တင်နိုင်ခဲ့ပါပြီ။

အခုဆိုရင် BTS အဖွဲ့ဟာ “Butter” နဲ့ “Dynamite” သီချင်းတွေနဲ့အတူ Record ပေါင်းများစွာကို အကြိမ်ကြိမ်ချိုးဖျက်နိုင်ခဲ့တဲ့ ပထမဆုံးသော Kpop အနုပညာရှင်လည်းဖြစ်လာပါတယ်။ Kpop ကို ကမ္ဘာကသိအောင်ချပြရင်း လမ်းသစ်ဖောက်ပေးနေတဲ့ BTS အဖွဲ့ကို ဂုဏ်ပြုလိုက်ပါတယ်နော်။

Source: Soompi
Photos: TeenVogue, BigHit
Translated by Ivy